2019 ကတော့ တကယ့်ရုပ်ရှင်ကောင်းတွေကြည့်ရတဲ့ နှစ်ပါပဲ...

နောက်ဆုံးတော့ Disney ပရိသတ်တွေစောင့်မျှော်နေတဲ့ နာမည်ကျော်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ Angelina Jolie နဲ့ Elle Fanning တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "Maleficent 2" Offical Teaser လေး ထွက်ရှိလာခဲ့ပါပြီ။

"Maleficent 2" မှာဆိုရင် Angelina Jolie Elle Fanning တို့အပြင် နာမည်ကျော်တွေဖြစ်တဲ့ Michelle Pfeiffer ၊ Chiwetel Ejiofor ၊ Sam Riley ၊ Harris Dickinson ၊ Ed Skrein ၊ Imelda Staunton ၊ Juno Temple နဲ့ Lesley Manville တို့လည်းပါဝင်ထားတာဖြစ်ပါတယ်။

ဒါရိုက်တာ Robert Stromberg ရိုက်ကူးတဲ့ Maleficent 1 ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Maleficent 2 ထွက်ရှိဖို့ ၅နှစ်နီးပါးကြာမြင့်ခဲ့တယ်ဆိုရမှာပါပဲ။ဒီ Maleficent 2 ကိုတော့ဒါရိုက်တာ Joachim Rønning ရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။

Maleficent 2 ဟာ အောက်တိုဘာ ၁၈ရက်နေ့မှာ စတင်ထွက်ရှိလာမှာဖြစ်ပါတယ်။1 တုန်းက အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သလို အခု 2 ဟာလည်းပရိသတ်တွေအကြိုက်တွေ့ဦးမယ်ဆိုတာသေချာပါတယ်။ပရိသတ်ကြီးအတွက် Offical teaser လေးလည်းပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations