ဘာလိုလိုနဲ့သူတို့တွဲလာတာတောင် တစ်နှစ်ပြည့်တော့မှာပါ

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်သလို မိန်းကလေးပရိသတ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ မင်းသား Robert Pattinson ဟာ မေလ ၁၃ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်လေးကို ချစ်ရတဲ့ချစ်သူလေးနဲ့အတူဖြတ်သန်းခဲ့တယ်လို့သိရပါတယ်။

မေလ ၁၃ရက်နေ့က Robert Pattinson ရဲ့ အသက် ၃၃နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့ညလေးကို ချစ်သူဖြစ်တဲ့ Suki Waterhouse နဲ့အတူ Chateau Marmont  မှာ ညစာစားရင်း အတူလျှောက်လည်ရင်းအချိန်ကုန်ဆုံးခဲ့တာပဲဖြစ်ပါတယ်။နှစ်ယောက်အတူအချိန်ကုန်ဆုံးပြီးတဲ့နောက် သူငယ်ချင်းဖြစ်တဲ့ Tom Sturridge နဲ့လည်းတွေ့ဆုံခဲ့သေးတယ်လို့သိရပါတယ်။

Robert နဲ့ Suki တို့ဟာ ၂၀၁၈ ဇူလိုင်လလောက်ကစပြီး လက်တွဲလာခဲ့ကြတာပါ။အခုဆိုရင် တစ်နှစ်နီးပါးလောက်ရှိနေပါပြီ။ဒီချစ်သူလေးနဲ့ပဲ Robert တစ်ယောက်မြဲမြံသွားလိမ့်မယ်လို့ပရိသတ်တွေကလည်း ထင်ကြေးပေးထားကြပါတယ်။ပရိသတ်ကြီးအတွက် Robert တို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations