Horror ကားကောင်းကောင်းလေးကြည့်ချင်သူတွေအတွက်...

၂၀၁၉ ဧပြီလကမှထွက်ရှိခဲ့တဲ့ The Curse of La Llorona ဇာတ်ကားဟာ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲကြိုက်တဲ့သူတွေ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Michael Chaves ရိုက်ကူးထားပြီး Linda Cardellini ၊Raymond Cruz ၊ Patricia Velasquez တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းပုံစံလေးက...

၁၆၇၃ ခုနှစ် မက္ကဆီကိုမှာ မိသားစုတစ်စုပျော်ရွှင်စွာနဲ့လယ်ကွင်းထဲမှာကစားနေကြတယ်။အငယ်ဆုံးသားလေးက အမေဖြစ်သူကို ဆွဲကြိုးလေးပေးပြီးမျက်လုံးမှိတ်ထားလိုက်တယ်။ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ သူ့အနားမှာဘယ်သူမှမရှိကြတော့ဘူး။အဲ့ဒါနဲ့လိုက်ရှာရင်း တစ်နေရာရောက်တော့ စမ်းချောင်းထဲမှာ အစ်ကိုဖြစ်သူကို ရေနှစ်သတ်နေတဲ့ အမေကိုတွေ့လိုက်ရတယ်။ထွက်ပြေးဖို့ကြိုးစားပေမဲ့ မလွတ်ပဲ သူကိုယ်တိုင်လည်းရေနှစ်သတ်ခံလိုက်ရတယ်။

ဒီလိုနဲ့ နှစ်ပေါင်း ၃၀၀ လောက်ကြာတဲ့အခါမှာတော့ မကျွတ်မလွတ်ပဲရှိနေသေးတဲ့ သူမရဲ့ဝိညာဉ်ဟာ သူမရဲ့ကလေးနှစ်ယောက်ကိုပြန်ရဖို့အတွက် တစ်ခြားကလေးတွေနဲ့အစားထိုးဖို့ကြိုးစားလာခဲ့ပါတယ်။ကလေးတွေကိုသတ်မိလို့ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်စိတ်ကတစ်ဝက်၊ကလေးတွေကိုပြန်ရဖို့တစ်ခြားကလေးတွေကိုလိုက်သတ်ဖို့ကြိုးစားတဲ့စိတ်ကတစ်ဝက်နဲ့ သူမ နောက်ဆုံးဘယ်လိုဇာတ်သိမ်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၉ မတ်လတုန်းက  South by Southwest မှာရုံတင်ပြသခဲ့ပြီး ဧပြီ ၁၉ ရက်မှာတော့ ယူအက်စ်တစ်ခွင်ပြသခဲ့ပါတယ်။ဘတ်ဂျက်ဝင်ငွေက ဒေါ်လာ ၉သန်းသာရှိခဲ့ပေမဲ့ ပြန်ရတဲ့ဝင်ငွေဟာဆိုရင် ဒေါ်လာ သန်း ၁၂၀ နီးပါးရှိခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားတိုင်းလိုလို ဝေဖန်မှုတွေရသလိုဒီဇာတ်ကားဟာလည်း အဆိုးမြင်ဝေဖန်မှုတွေအနည်းငယ်တော့ရှိခဲ့ပါတယ်။ပရိသတ်ကြီးကိုယ်တိုင်ဆုံးဖြတ်လို့ရအောင် ကြည့်လိုက်ဦးနော်။အစမ်းကြည့်ဖို့ Trailer လေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations