ဘယ်လိုထူးခြားချက်တွေလဲဆိုတော့...

သင်ကြောင်လေးတစ်ကောင်မွေးထားပါသလား? ဒါဆိုရင်တော့ ကိုယ်မွေးထားတဲ့ကြောင်လေးမှာ ဘယ်လိုထူးခြားချက်လေးတွေရှိနေလဲသိသင့်တယ်နော်။ကြောင်လေးတွေ၊ခွေးလေးတွေဆိုတာ လူတွေအများဆုံးချစ်ကြတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပြီးချစ်စရာကြောင်လေးတွေမှာတော့ ဒီလိုထူးခြားချက်လေးတွေရှိနေပါတယ်။ကျွန်တော်နဲ့အတူ သူတို့ရဲ့ ထူးခြားချက်လေးတွေကို လိုက်ပြီးလေ့လာကြည့်လိုက်ပါဦး

*ကြောင်လေးတွေဟာ မတူညီတဲ့အသံ ၁၀၀ ကျော်နီးပါးပြုလုပ်နိုင်ပါတယ်

*သူတို့သခင်ရဲ့ အသံကိုလည်းမှတ်မိနိုင်စွမ်းရှိပါတယ်။ဒါကြောင့် တစ်ခြားသူတွေက သူတို့ရဲ့သခင်အဖြစ်ဟန်ဆောင်လို့မရပါဘူး။

*အင်္ဂလန်မှာတော့ ကြောင်မည်းလေးတွေကို ထူးခြားတဲ့မင်္ဂလာလက်ဆောင်အဖြစ်ယူဆကြပြီး ပြင်သစ်မှာတော့ အရောင်ပါတဲ့ကြောင်လေးတစ်ကောင်ဟာကံကောင်းခြင်းတွေယူလာပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဂျပန်နဲ့တစ်ခြားအာရှနိုင်ငံတွေမှာလည်းကြောင်မည်းလေးတစ်ကောင်ပိုင်ဆိုင်ထားတာဟာ သခင်ကို ကံကောင်းမှုယူဆောင်လာပေးနိုင်တယ်လို့ယူဆကြပါတယ်။

*ကမ္ဘာတစ်ဝန်းလုံးမှာ ကြောင်အမျိုးအစား ၄၄ မျိုးရှိတယ်လို့သိရပြီး နာမည်အကျော်ကြားဆုံးမျိုးစိတ်ကတော့ Persian ၊ Maine Coon နဲ့Siamese အမျိုးအစားကြောင်တွေပဲဖြစ်ပါတယ်။

*လူသားတွေနဲ့ခွေးတွေထက် ကြောင်လေးတွေဟာ အကြားအာရုံပိုပြီးကောင်းပါတယ်။လူသားတွေက 20 Hz ကနေ 20 KHz အထိကြားနိုင်ပြီးခွေးလေးတွေကတော့ 40 Hz အထိ အသံကြားနိုင်ပါတယ်။ကြောင်လေးတွေကတော့ 64 KHz ထိ ကြားနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

*ကြောင်လေးတွေရဲ့နောက်ထပ်ထူးခြားချက်ကတော့ လျင်မြန်တာပါပဲ။ကြောင်လေးတွေဟာ ၅၀ ကီလိုမီတာအကွာအဝေးကိုအချိန်ခဏလေးအတွင်းလျင်မြန်စွာသွားနိုင်ပါတယ်။

*ကြောင်လေးတွေဟာ ဘယ်လောက်နေရာဝေးဝေးရောက်အောင် သခင်ဆီပြန်လာနိုင်ကြတယ်ဆိုတဲ့အကြောင်းတွေသင်ကြားဖူးမှာပါ။ကြောင်လေးတွေရဲ့ ဦးနှောက်မှာ အိမ်ပြန်လမ်းကိုမှတ်မိစေနိုင်တဲ့ ထူးခြားတဲ့ဆဲလ်အမျိုးအစားတွေရှိနေတယ်လို့တစ်ချို့ကယူဆကြပြီးတစ်ချို့ကတော့ ကြောင်လေးတွေဟာ သူတို့အိမ်အပြန်လမ်းကို နတ်သမီးလေးတွေကိုလမ်းပြစေပြီးရှာဖွေကြတယ်လို့လည်းယုံကြည်ကြပါတယ်။

*ကြောင်လေးတွေက အာရုံစူးစိုက်နိုင်စွမ်းလည်းအရမ်းကောင်းမွန်ပါတယ်။သူတို့ဟာ လူသားတွေထက် ၁၅မိနစ်စောပြီး ငလျင်လှုပ်ခြင်းကို အာရုံခံနိုင်စွမ်းရှိပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations