ဘယ်လိုတွေဖြစ်ကြပါလိမ့်

အသက် ၂၅ နှစ်အရွယ် နာမည်ကျော်ကနေဒီယန်အဆိုတော်လေး Justin Bieber ကတော့ သူ့ရဲ့တွစ်တာကနေတစ်ဆင့် အသက် ၅၆ နှစ်အရွယ်နာမည်ကျော်မင်းသားကြီး Tom Cruise ကို လက်ဝှေ့ချင်းယှဉ်ထိုးချင်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။

Justin Bieber ဟာ "I wanna challenge Tom Cruise to fight in the octagon. Tom if you dont take this fight your scared and you will never live it down. Who is willing to put on the fight? @danawhite ?" ဆိုတဲ့စိန်ခေါ်စာကို တနင်္ဂနွေနေ့က တင်ခဲ့တာဖြစ်ပါတယ်။Dana White ဟာ Ultimate Fighting Championship (UFC) ရဲ့  ဥက္ကဌဖြစ်တယ်ဆိုတာတော့ MMA ပရိသတ်တိုင်းသိကြမှာပါ။ 

Justin တစ်ယောက် ဘယ်လိုအကြောင်းကြောင်းကြောင့် Tom Cruise ကို စိန်ခေါ်လဲ ဘယ်သူမှ သေချာမသိကြသလို ဒီစိန်ခေါ်စာနဲ့ပတ်သက်ပြီး Tom Cruise ဘက်က အကြောင်းပြန်တာမျိုးလည်း မရှိသေးပါဘူး။ဒီသတင်းဟာ တက်တက်လာချင်းမှာပဲ အင်တာနက်တစ်ခွင်မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ဒီစိန်ခေါ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့ပရိသတ်တွေကတော့ စနောက်နေတာပဲလို့ယူဆကြပြီး တစ်ချို့ကတော့ ဘာဆက်ဖြစ်မလဲသိချင်နေကြပါတယ်။တစ်ချို့ကလည်း Justin အတွက်စိတ်ပူရင်း ဘာလို့ဒီစိန်ခေါ်စာကိုတင်ရလဲဝေခွဲရခက်နေကြပါတယ်။တော်တော်များများပြောကြတာကတော့ ဒီစာဟာ Justin တစ်ယောက် စနောက်ပြီးတင်ခဲ့တာဖြစ်တယ်ဆိုတာပါပဲ။

ဒီစာနဲ့ပတ်သက်ပြီး ဂယက်ကမသေးပါဘူး။Tom Cruise သာ လက်ခံမယ်ဆိုရင်  McGregor Sports and Entertainment ကနေ သူတို့ရဲ့ပွဲကိုတင်ဆက်ပြသမယ့်အကြောင်းနဲ့ဆက်လက်စောင့်ကြည့်ဖို့ UFC champion ဟောင်း Conor McGregor က တွစ်တာမှာတင်ခဲ့တယ်လို့လည်းသိရပါတယ်။

Source:CNN

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations