ဂါဝန်တိုလေးနဲ့...

နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Selena Gomez ဟာ သူမရဲ့ရုပ်ရှင်ကားသစ် အကြိုပြသပွဲကို ခပ်လန်းလန်း အနက်ရောင်သားမွှေးဖက်ရှင်လေးနဲ့ပွဲတက်ခဲ့ကြောင်းသိရပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်ကတော့ The Dead Don’t Die  ဖြစ်ပြီး  ဇွန်လ ၁၀ရက်နေ့တုန်းက နယူးယော့ခ်မှာ Red Carpet ကျင်းပခဲ့တာဖြစ်ပါတယ်။ဇွန်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်တဲ့ The Dead Don’t Die (Zombie/horror) ဇာတ်ကား မှာ အသက် ၂၆ နှစ်အရွယ် Selena Gomez ဟာ Zoe အဖြစ်သရုပ်ဆောင်ထားပါတယ်။

ကျန်းမာရေးအခြေအနေလည်းပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ Selena Gomez ဟာ အရင်ကထက်ပိုပြီး ယုံကြည်ချက်အပြည့်နဲ့ပိုလှလာတယ်ဆိုတာကိုတော့ ငြင်းနိုင်စရာမရှိပါဘူး။ပြီးခဲ့တဲ့လတုန်းက Cannes Film Festival ပွဲမှာလည်း Selena ဟာ Louis Vuitton က အဖြူရောင်ဝတ်စုံလေးနဲ့အလှကြီးလှနေခဲ့တာပါ။

အမြဲတမ်း IG Queen ဖြစ်ခဲ့တဲ့ သူမဟာ လအတော်များများ အင်စတာဂရမ်သုံးတာရပ်ခဲ့ပေမဲ့လည်း သူမပြန်သုံးတဲ့အချိန်မှာ Follower ၁၅၁.၈ သန်းကျော်နဲ့ ပိုစ့်တစ်ခုတင်လိုက်တိုင်း ပျမ်းမျှ Like ဟာ ၃.၈ သန်းနီးပါးရှိနေတယ်လို့သိရပါတယ်။သူမထက် Follower များတဲ့Cristiano Ronaldo တောင် သူမလောက် Like မရရှိပါဘူး။အဲ့ဒီလောက်တောင် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ Selena Gomez ပါ။

အခု Selena ကိုချစ်တဲ့ပရိသတ်ကြီးအတွက် Red Carpet ကပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source:Justjared

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations