ပရိသတ်အကြိုက်အနုပညာရှင်တွေချည်းပဲ မြင်တွေ့ရမယ့် “Arthdal Chronicles”

 အခုလက်ရှိပြသနေဆဲ "Arthdal Chronicles" ဇာတ်လမ်းတွဲမှာအနုပညာရှင် နှစ်ယောက်ထပ်မံပါဝင်လာဦးမယ်လို့သိရပါတယ်။ဘယ်သူတွေလဲဆိုတော့တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တွေဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ 2PM အဖွဲ့ဝင် Nichkhun တို့ပဲဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့တုန်းက "Arthdal Chronicles" ဇာတ်လမ်းတွဲမှတာဝန်ရှိသူတစ်ယောက်က "Jisoo ဒီဇာတ်လမ်းတွဲမှာပါဝင်လာမယ်ဆိုတဲ့သတင်းက အမှန်ပါပဲ"လို့အတည်ပြုခဲ့ပါတယ်။Jisoo ဟာ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက "The Producers" ဇာတ်လမ်းတွဲမှာပါဝင်ဖူးပြီးသရုပ်ဆောင်လောကနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

JYP Entertainment ကလည်း "Nichkhun တစ်ယောက် "Arthal Chronicles" ဇာတ်လမ်းတွဲမှာပါဝင်လာမယ်ဆိုတာ မှန်ပါတယ်။သူ့ရဲ့ဇာတ်ရုပ်နဲ့ပတ်သက်ပြီး မပြောပြနိုင်တာတော့ နားလည်ပေးစေချင်ပါတယ်"လို့ပြောပြခဲ့ပါတယ်။Nichkhun ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ "Arthdal Chronicles"ပါတီပွဲကိုလည်းတက်ရောက်ခဲ့သေးကြောင်းသိရပါတယ်။

သူတို့ပါဝင်လာမယ့်ဇာတ်ရုပ်နဲ့ပတ်သက်ပြီး အတည်ပြုထားခြင်းမရှိပါဘူး။ပရိသတ်ကြီးအတွက် Surprise ဖြစ်စေမယ်ထင်ပါတယ်နော်။"Arthdal Chronicles" ဇာတ်လမ်းတွဲကို ဇွန်လ ၁ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Jang Dong Gun ၊ Song Joong Ki ၊ Kim Ji Won ၊ Kim Ok Bin ၊ Jo Byung Gyu  တို့ပါဝင်ထားတဲ့အပြင် အခု ပရိသတ်အချစ်တော်နှစ်ယောက်ပါ ထပ်မံပါဝင်လာတော့မယ်ဆိုတော့ စောင့်မျှော်အားပေးဖို့ မမေ့နဲ့နော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations