Taylor Swift ရဲ့ "You Need to Calm Down"မှာ ပါဝင်လာတဲ့ Katy Perry

နာမည်ကျော်အဆိုတော်နှစ်ယောက်ဖြစ်တဲ့ Taylor Swift နဲ့ Katy Perry တို့နှစ်ယောက် ပြန်လည်ငြိမ်းချမ်းရေးရသွားပြီဆိုတဲ့သတင်းကိုပိုပြီးသေချာစေခဲ့တာကတော့ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Taylor Swift ရဲ့ "You Need to Calm Down" သီချင်းဗီဒီယိုလေးကြောင့်ပဲဖြစ်ပါတယ်။

တနင်္လာနေ့ကထွက်ရှိခဲ့တဲ့ "You Need to Calm Down" MTV မှာ နာမည်ကျော်အနုပညာရှင်တွေပါဝင်ခဲ့သလို နောက်ဆုံးပိုင်းလေးမှာ Katy Perry က ပါဝင်ခဲ့ပါတယ်။Katy က ဟမ်ဘာဂါဝတ်စုံနဲ့ ဖြစ်သလို Swift ကလည်း လိုက်ဖက်ညီစွာ အာလူးချောင်းကြော်ဝတ်စုံလေးနဲ့ သရုပ်ဆောင်ရင်းသူတို့ရဲ့ခင်မင်မှုကိုပြန်လည်အစပျိုးခဲ့တယ်ဆိုရမှာပါပဲ။

အင်္ဂါနေ့မှာတော့ Taylor Swift ဟာ U.K radio Channel တစ်ခုဖြစ်တဲ့ Capital Breakfast နဲ့ အင်တာဗျူးလုပ်ခဲ့ပါတယ်။အဲ့ဒီမှာ Katy Perry နဲ့ပတ်သက်ပြီး "Perry က ကျွန်မ Reputation Stadium Tour စတင်ဖျော်ဖြေချိန်မှာ ချစ်စရာစာလေးတစ်စောင်နဲ့သံလွင်ခက်လေးတစ်ခက် ပို့ပေးခဲ့ပါတယ်။အဲ့ဒီနောက် ကျွန်မတို့ ပါတီပွဲတွေမှာဆုံကြတယ်။စကားတွေလည်းပြောဖြစ်ကြတယ်။ပြီးတော့ နောက်ထပ်ပါတီပွဲမှာထပ်တွေ့ပြီး အတူစားသောက်ကြတယ်။ကျွန်မတို့နှစ်ယောက် ဒီလိုပြန်အဆင်ပြေနေတော့ ဘ၀မှာပိုပြီးနေရထိုင်ရကောင်းသွားတယ်၊စိတ်လည်းပေါ့ပါးသွားတယ်လို့ခံစားရပါတယ်"လို့ပြောပြခဲ့ပါတယ်။

Katy Perry ကလည်း Taylor Swift ရဲ့ သီချင်းဗီဒီယိုလေးကိုရှယ်ကာ သူမရဲ့တွစ်တာမှာတင်ထားခဲ့တာမြင်တွေ့ရပါတယ်။ပရိသတ်တွေက သူတို့နှစ်ယောက်ပြန်အဆင်ပြေသွားတဲ့အချိန် နှစ်ယောက်ပေါင်းသီချင်းလေးထွက်ရှိလာဖို့မျှော်လင့်ထားကြပါတယ်။

"You Need to Calm Down" သီချင်းဟာမကြာခင်ထွက်ရှိလာမယ့် Taylor Swift ရဲ့ အယ်လ်ဘမ်အသစ် "Lover" ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်နာမည်ကျော်အနုပညာရှင်များစွာပါဝင်ထားတဲ့ "You Need to Calm Down" ဗီဒီယိုလေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations