ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်

လူတစ်ယောက်ဟာ တစ်နေ့ကို အတွေးပေါင်း ၁၂၀၀၀၀ ကနေ ၅၀၀၀၀ ထိတွေးနိုင်ပါတယ်တဲ့။မယုံနိုင်စရာပါပဲ။ဒီလိုအတွေးအခေါ်တွေ၊စိတ်ပိုင်းဆိုင်ရာအတွေးအမြင်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာအချက်လေးတွေကိုလည်း  တွေ့ရှိထားပါတယ်။ဘာတွေများဖြစ်မလဲ...

*ငြင်းပယ်ခံရတာဟာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ထပ်တူကျ

ပညာရှင်တွေရဲ့လေ့လာချက်အရ တစ်စုံတစ်ယောက်ဆီက အငြင်းခံရတဲ့ခံစားချက်ဟာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ အတူတူပဲလို့သိရပါတယ်။စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုက အမည်သာကွဲပေမဲ့ နာကျင်ရတဲ့ခံစားချက်ကတော့ အတူတူပါပဲ။

*သင်ဟာ တစ်ချိန်တည်းမှာ အချက် ၃ချက် ၄ ချက်သာမှတ်မိနိုင်

ဥာဏ်အရမ်းကောင်းတဲ့သူတွေဆိုရင်တော့ ဒီထက်ပိုချင်ပိုနိုင်ပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရတော့ လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာအချက် ၃၊၄ ချက်ကိုပဲ မှတ်မိနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

*သင်ကြိုတင်စိတ်ပူနေတဲ့ အဖြစ်အပျက် ၈၅ ရာခိုင်နှုန်းဟာ ဘယ်တော့မှမဖြစ်လာနိုင်

လူသားတွေဟာ ကိစ္စတစ်ခုခုဆိုရင် မကောင်းတဲ့အတွေးက အရင်ဆုံးဝင်ရောက်တတ်ပါတယ်။လူတစ်ချို့ကို သူတို့စိတ်ပူနေတဲ့အကြောင်းအရာ၊အဖြစ်အပျက်တွေကို ချရေးခိုင်းကြည့်ရာ အဲ့ဒီထဲက ၈၅ ရာခိုင်နှုန်းဟာ လက်တွေ့မှာ တကယ်မဖြစ်လာပါဘူး။၁၅ ရာခိုင်နှုန်းသာ တကယ်ဖြစ်ခဲ့ကြတာလို့တွေ့ရှိခဲ့ရပါတယ်။

*စိတ်ဆန္ဒပြင်းပြနေတဲ့အခါ မှားယွင်းတဲ့မှတ်ဥာဏ်တွေဖန်တီးမိနိုင်

မှတ်ဥာဏ်အမှားတွေကို တစ်ခါတစ်လေကိုယ်တိုင်သတိထားမိကြမှာပါ။တစ်ခုခုကိုပြင်းပြင်းထန်ထန်စိတ်ဆန္ဒရှိနေရင် တကယ်မဟုတ်တဲ့မှတ်ဥာဏ်တွေကို ကိုယ်လိုချင်သလို ဖန်တီးမိနိုင်ပါတယ်။အရင်တုန်းက ကိုယ်လမ်းမပျောက်ဖူးပေမဲ့ အကြောင်းအရာတိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ လမ်းပျောက်ဖူးသလို မှတ်ဥာဏ်အမှားတွေဖန်တီးမိတတ်တာမျိုးပေါ့။

*လူတွေက သူတို့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေချိန်ဆို အရိုးသားဆုံးဝန်ခံတတ်ကြတယ်

စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ပင်ပန်းနေတဲ့အချိန်မျိုးဆို လူတွေက သူတို့တစ်ခြားသူကိုပြောမပြချင်တဲ့အကြောင်းအရာတွေ၊သူတို့ရဲ့အဖြစ်အပျက်တွေကို ရိုးသားစွာဖွင့်ဟ၀န်ခံလေ့ရှိကြပါတယ်။အထူးသဖြင့် ပင်ပန်းနေတဲ့ ညအချိန်မှာ တစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ ပိုပြီးရိုးရိုးသားသားပြောဆိုတတ်ကြတယ်လို့သိရပါတယ်။

*တစ်ခြားသူအတွက်ပိုက်ဆံကုန်ကျခံတာဟာ သင့်ကိုပျော်ရွှင်စေနိုင် 

လေ့လာချက်တွေအရတော့ ကိုယ့်ကိုယ့်ကိုယ်ထက် တစ်ခြားသူရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာက သင့်ကိုပိုပြီးပျော်ရွှင်မှုရစေပါတယ်တဲ့။ဥပမာသူငယ်ချင်းစားချင်နေတဲ့မုန့်ကို ကိုယ်က တွေ့လို့ဝယ်လာလိုက်တာမျိုးပေါ့။ဒါက သင့်ကိုဗိုက်မပြည့်စေပေမဲ့ သင့်ကိုပျော်ရွှင်မှုရစေပါတယ်။ဒါပေမဲ့ ကိုယ့်ကိုယ့်ကိုယ်လည်း  မေ့မထားသင့်ပါဘူး။

*စိတ်ဖိစီးမှုအများဆုံးသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၃ နှစ်ကြားသူတွေဖြစ်

ပညာရှင်တွေရဲ့လေလ့ာချက်အရ  စိတ်ဖိစီးမှုအများဆုံးအသက်အရွယ်ဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၃ နှစ်ကြားဖြစ်တယ်လို့သိရပြီးအမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးစိတ်ဖိစီးမှုများများခံစားရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။အသက် ၃၃နှစ်ကျော်သွားရင်တော့ စိတ်ဖိစီးမှုတွေလျော့ကျသွားပြီလို့သိရပါတယ်။

*၉၀ ရာခိုင်နှုန်းသောသူတွေဟာ phantom vibration symptom ခံစားနေရ

လူအယောက် ၁၀ မှာ ၉ယောက်လောက်ဟာ phantom vibration syndrome ဆိုတဲ့ဝေဒနာတစ်ခုကိုခံစားနေရတယ်လို့သိရပါတယ်။အဲ့ဒါက ဘာလဲဆိုရင် ကိုယ့်အိတ်ကပ်ထဲက ဖုန်းဟာ တုန်ခါနေတယ်လို့ မှားယွင်းထင်မြင်တတ်တာမျိုးပါပဲ။တကယ်မတုန်ခါပဲ တုန်ခါနေတယ်လို့ထင်နေမိတာပါ။

*ချောကလက်က အချစ်ထက်တောင်သင့်ကိုပိုပြီးပျော်ရွှင်မှုယူဆောင်လာပေးနိုင်

သိပ္ပံပညာရှင်တွေက ချောကလက်တစ်တောင့်စားတာဟာ အကြိုက်ဆုံးသီချင်းနားထောင်တာ၊ထီပေါက်တာ၊တစ်စုံတစ်ယောက်ကိုချစ်မိတာစတဲ့ချိုမြိန်တဲ့အရာတွေထက်တောင် ပိုပြီးစိတ်ပျော်ရွှင်မှုယူဆောင်လာပေးနိုင်တယ်လို့ဆိုထားပါတယ်။ဒါက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ၊တုံ့ပြန်မှုတွေအပေါ် တွက်ချက်လေ့လာပြီးမှအဖြေထုတ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီအချက်လေးတွေနဲ့ပတ်သက်ပြီး သင်ရော ဘယ်လိုထင်ပါသလဲ။ထင်မြင်ယူဆချက်လေးတွေကို ပြန်ပြီးမျှဝေပေးကြည့်နော်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations