ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲလို့...။

ဝမ်းချုပ်တာ၊ဗိုက်အောင့်တာ၊ခေါင်းကိုက်တာမျိုးတွေ တစ်ပတ်ထက်ပိုပြီးခံစားရလာပြီဆိုရင်တော့ဆရာဝန်နဲ့ပြတာ အကောင်းဆုံးပါ။တရုတ်ပြည်က အမျိုးသားတစ်ယောက်ကတော့ နှစ်တွေအကြာကြီးဝမ်းချုပ်ရောဂါကိုခံစားနေရပေမဲ့ဆရာဝန်နဲ့ သေချာမပြခဲ့ပါဘူး။အခုတော့ မခံစားနိုင်လို့ သူ့ရဲ့ ကိုယ်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ခွဲစိတ်ဆရာဝန်က လက်မ ၃၀ လောက်ရှည်တဲ့ အူကိုတွေ့ခဲ့ပါတယ်။

ခွဲစိတ်ဆရာဝန်ဒေါက်တာယင်လုနဲ့ တခြားဆရာဝန်တွေက လူနာရဲ့ ဗိုက်ထဲက အူအရွယ်အစားကိုတွေ့တော့ အရမ်းကိုလန့်သွားခဲ့ပြီးဝမ်းဗိုက်က အချိန်မရွေး ပေါက်ထွက်သွားနိုင်တာကို သတိထားမိခဲ့ပါတယ်။အူမကြီးအထဲမှာရှိတဲ့ကြွက်သားတွေက မကောင်းတော့ပဲအနာဖြစ်နေလို့ ၃ နာရီကြာ ဂရုတစိုက် ခွဲစိတ်ဖြတ်ထုတ်ခဲ့ရတာပါ။အခုတော့လူနာက ကံကောင်းစွာနဲ့ပဲ ကျန်းမာနေပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations