သူငယ်ချင်းတွေနဲ့ဆုံတုန်း တစ်ခုခုလုပ်စားချင်တယ်ဆိုရင်တော့ ပန်ကိတ်လုပ်စားကြည့်ပါ။အရသာလည်းရှိပြီး အကြာကြီးလည်းမလုပ်ရပဲ လုပ်ရတဲ့နည်းလမ်းလေးကလည်း လွယ်လွယ်လေးပါ။

ပါဝင်တဲ့ပစ္စည်းတွေကတော့

၁။ဂျုံ ၂၈၀ ဂရမ်

၂။ ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၃။သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်း

၎။ဆား ၁ ဇွန်း

၅။ကြက်ဥ ၂ လုံး ( မွှေပြီးသား)

၆။ထောပတ်နွားနို့ဘူး ( စီးတီးမတ်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်)

၇။ ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၈။ထောပတ်ပျော် ၅၀ ဂရမ်

၉။အသီးအရွက်ဆီ အနည်းငယ်

၁၀။ဘိတ်ကင်ပေါင်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပထမဆုံး ပန်းကန်လုံးထဲကိုအမှုန့်တွေအကုန်လုံးထည့်ပြီးရောမွှေပါ။(ဂျုံမှုန့်၊ဆား၊သကြား၊ဆိုဒါ၊ဘိတ်ကင်ပေါင်ဒါ)ပြီးရင် ထောပတ်နွားနို့၊ဗနီလာ၊ကြက်ဥမွှေရည်နဲ့ထောပတ်ပျော်ကိုထည့်ပြီး သေချာမွှေပေးပါ။ဒယ်ပိုင်းအသေးလေးထဲကို ဟင်းရွက်ဆီအနည်းငယ်ထည့်ပြီးအပူပေးထားပါ။ဆီကျက်သွားရင်မွှေထားတဲ့အရည်တွေကို ဇွန်းအကြီးတစ်ဇွန်းနဲ့ဆယ်ပြီး ဆီအိုးထဲထည့်ပါ။၃မိနစ်လောက်ထည့်ပြီးရင် တဖြည်းဖြည်းနဲ့ဘိန်းမုန့်လိုပုံစံဖြစ်လာတာတွေ့ပါလိမ့်မယ်။ခဏနေရင် တစ်ဖက်ကိုလှည့်ပြီးပြန်ကြော်ပေးပါ။ရွှေရောင်သမ်းလာပြီဆိုရင်တော့ချလို့ရပါပြီ။ပြီးရင်အပေါ်ကနေစတော်ဘယ်ရီယိုဖြစ်ဖြစ်၊အသီးဖြစ်ဖြစ်တင်ပြီး အရသာရှိတဲ့ ပန်ကိတ်ကိုစားလို့ရပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations