အုန်းရေက ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့သဘာဝအရည်တစ်မျိုးပါ

အုန်းရေဟာနေရာတိုင်းမှာအလွယ်တကူရရှိနိုင်ပါတယ်။နာမည်ကြီးမော်ဒယ်တွေ၊အားကစားသမားတွေ၊ အနုပညာရှင်တွေဟာကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အုန်းရေကိုသောက်ကြပါတယ်။အုန်းရေကိုနှစ်ပတ်လုံး ပုံမှန်သောက်ပေးမယ်ဆိုရင်ခန္ဓာကိုယ်ထဲကပြောင်းလဲလာမယ့်အရာ ၈ချက်တောင်ရှိပါတယ်။ဘာတွေလဲဆိုတော့...

၁။ခန္ဓာကိုယ်ရေဓာတ်ရလာမယ်

၁။ခန္ဓာကိုယ်ရေဓာတ်ရလာမယ်

အုန်းရေဟာ စွမ်းအင်တွေကိုထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်ထဲကသွေးကိုကောင်းမွန်စွာလည်ပတ်စေဖို့ အကူအညီပေးပါတယ်။ အသားအရည်ခြောက်သွေ့တဲ့သူတွေလည်းသောက်ပေးသင့်ပါတယ်။ နာမည်ကျော်အားကစားသမားတွေက အုန်းရေကိုလေ့ကျင့်ခန်းမလုပ်ခင်လည်းသောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတုန်းနဲ့လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်မှာလည်းသောက်ပေးကြပါတယ်။

၂။ကိုယ်အလေးချိန်ကိုမြန်ဆန်လွယ်ကူစွာကျဆင်းစေတယ်

၂။ကိုယ်အလေးချိန်ကိုမြန်ဆန်လွယ်ကူစွာကျဆင်းစေတယ်

ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေအတွက်အုန်းရေက အကောင်းမွန်ဆုံးပါ။ သဘာဝအတိုင်းကယ်လိုရီကိုလျော့ကျစေပြီးအားလည်းပြည့်စေပါတယ်။ ထမင်းမစားခင်ပုံမှန်ဖန်ခွက်တစ်ခွက်စာသောက်ပေးမယ်ဆိုရင် အစားလည်းနည်းနည်းပဲစားဖြစ်ပြီးအားဖြစ်စေပါတယ်။

၃။အစာအိမ်ကိုသန့်ရှင်းကောင်းမွန်စေတယ်

၃။အစာအိမ်ကိုသန့်ရှင်းကောင်းမွန်စေတယ်

အုန်းရေမှာပါဝင်တဲ့အမျှင်ဓာတ်တွေက အစာခြေစနစ်ကိုကူညီပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်းအုန်းရေကိုပုံမှန်သောက်ပေးဖို့အကြံပြုထားပါတယ်။

၎။သွေးအားပုံမှန်ဖြစ်စေတယ်

၎။သွေးအားပုံမှန်ဖြစ်စေတယ်

လေ့လာချက်တွေအရအုန်းရေဟာ သွေးဖိအားအတွက်အရမ်းအကျိုးရှိတဲ့သဘာဝအရည်တစ်မျိုးဖြစ်တယ် လို့သိရပါတယ်။ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်သွေးအားနည်းခြင်း၊သွေးတိုးခြင်း ၊ခေါင်းမူးခြင်းစတဲ့ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။အသားအရည်ချောမွေ့ကြည်လင်စေတယ်

၅။အသားအရည်ချောမွေ့ကြည်လင်စေတယ်

အုန်းရေက သောက်ရင်လည်းအကျိုးရှိသလို မျက်နှာသစ်ပြီးနေ့တိုင်းပုံမှန်လိမ်းပေးမယ်ဆိုရင်မျက်နှာမှာရှိတဲ့ အစက်အပြောက်တွေကင်းစင်ပြီးအသားအရည်ကြည်လင်ဝင်းပလာစေပါတယ်။

၆။စိတ်ဖိစီးမှုလျော့နည်းစေတယ်

၆။စိတ်ဖိစီးမှုလျော့နည်းစေတယ်

အုန်းရေမှာဗီတာမင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီးစိတ်ကိုပေါ့ပါးစေပါတယ်။ အုန်းရေမှာပါဝင်တဲ့မဂ္ဂနီဆီယမ်ဓာတ်ဟာစိတ်ကျရောဂါဖြစ်နေတဲ့သူတွေကိုပြန်ပြီးကောင်းမွန်စေနိုင်ပါတယ်။

၇။အရေးအကြောင်းတွေလျော့ပါးစေတယ်

၇။အရေးအကြောင်းတွေလျော့ပါးစေတယ်

အသက်အရွယ်နည်းနည်းကြီးရင့်လာတာနဲ့မျက်နှာမှာအရေးအကြောင်းတွေပေါ်လာတတ်ပါတယ်။ အုန်းရေကအရေးအကြောင်းတွေမြန်မြန်ထွက်လာတာကိုကာကွယ်ပေးပါတယ်။ အရိုးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ကင်ဆာရောဂါတွေကိုကာကွယ်ပေးနိုင်လို့ နေ့တိုင်းမသောက်နိုင်ရင်တောင် တစ်ပတ်ကို လေးခါပုံမှန်သောက်ပေးသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations