ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်...

၁) သင့်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်နှစ်မှာ ၃၅၀၀၀၀၀၀ကြိမ်နီးပါး ရှိပါတယ်။ ပျှမ်းမျှလူ့သက်တမ်းတစ်လျှောက်မှာ လူရဲ့နှလုံးဟာ ၂.၅ကုဋေထက်မက ခုန်တယ်ဆိုတဲ့သဘောပါပဲ။

၂) ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးကြော အကြီးအသေး အမျှင်အားလုံး ဆက်ထားမယ်ဆိုရင် စုစုပေါင်းအရှည်ဟာ မိုင်၆၀၀၀၀ (၁၀၀၀၀၀ ကီလိုမီတာ)ခန့်ရှိနိုင်ပါတယ်။ကမ္ဘာကြီးကို နှစ်ပတ်ခွဲ နီးပါးပတ်နိုင်တဲ့အရှည်ပဲဖြစ်ပါတယ်။

၃) ပျှမ်းမျှအားဖြင့် ၂မီလီမီတာလေးပဲထူတဲ့ သင့်အရေပြားကတောင်မှ သွေးရဲ့ထောက်ပံ့မှု ရှစ်ပုံတစ်ပုံတောင် ရယူထားပါတယ်။

၎) ဦးခေါင်းဟာ အရိုးလုံးတစ်ခုလို ထင်ရပေမယ့် တကယ်တော့ သီးခြားအရိုး ၂၂ခုပေါင်း စပ်ထားတာဖြစ်ပါတယ်။

၅) အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အစာခြေလမ်းကြောင်းတစ်ခုလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ၆မီတာမှ ၉မီတာ (ပေ၂၀ – ၃၀) ထိ ရှည်ပါတယ်။

၆) သင့်ခန္ဓာကိုယ်မှာ သွေး ၅.၆လီတာခန့် ရှိပါတယ်။မိနစ်တိုင်းမှာ သွေးတွေဟာ သင့်ခန္ဓာကိုယ်အတွင်း သုံးကြိမ် လည်ပတ်ပါတယ်။ဒါဆိုရင် တစ်ရက်မှာ သင့်သွေးဟာ စုစုပေါင်း ၁၉၀၀၀ ကီလိုမီတာ (၁၂၀၀၀မိုင်) ခန့် သွားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကွာအဝေးကတော့ အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပင်လယ်ကမ်းခြေတစ်ဖက်ကနေ တစ်ဖက်အကွားဝေးလေးဆနဲ့ ညီမျှပါတယ်။

၇) လူ့သက်တမ်းတလျှောက် ပျှမ်းမျှအားဖြင့် နှလုံးကနေ သွေးတွေ ဆီပိုင်း၁၀၀၀၀၀၀ ခန့် စုပ်ထုတ်ပေးပါတယ်။

၈) အနီရောင်သွေးဆဲလ်တွေဟာ အခြားသန်း ၆၀၀၀ ဆဲလ်တွေကို စားသုံးရင်း ခန္ဓာကိုယ်အနှံ့ ၄လခန့် အသက်ရှင်သန်လေ့ရှိပြီး သူတို့ပေါက်ဖွားရာ ရိုးတွင်းခြင်ဆီအတွင်းကိုပဲ ပြန်လှည့်လာကြပါတယ်။

၉) ဆံပင်ဟာ လစဉ် ၁.၄လက်မ (၆မီလီမီတာ) ခန့်ရှည်နိုင်ပါတယ်။ ပြီးတော့ ၆နှစ်ထိ ဆက်လက်ရှည်လျားဖွံ့ဖြိုးပါတယ်။ကျွတ်ကျသွားတဲ့ဆံပင်ရှိရင်လည်း အဲနေရာမှာပဲ အခြားဆံပင်တစ်ချောင်းပြန်ထွက်လာပါတယ်။

၁၀) ကျန်းမာနေတဲ့ခံတွင်းကနေ တံတွေးကို ပျှမ်းမျှအားဖြင့် ၆၀၀ မီလီလီတာခန့် နေ့တိုင်းထုတ်ပေးပါတယ်။ ၁၂အောင်စရှိတဲ့ ဆိုဒါပုလင်းအပြည့်နဲ့ညီမျှတယ်လို့သိရပါတယ်။

၁၁) အမြန်ဆုံးရွှေ့လျားနေတဲ့အာရုံကြောဆဲလ်တွေဟာ သတင်းပို့တဲ့အချိန်မှာ တစ်စက္ကန့်အတွင်း ၁၃၀ကိုက်အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ပါတယ်။

Source:Howstuffworks/Health

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations