မခက်ခဲဘဲနဲ့အသက်ရှင်သန်စေနိုင်တဲ့နည်းလမ်းမို့လို့ လေ့လာထားသင့်ပါတယ်
Zawgyi Version
Unicode Version
ဒီကမ္ဘာပေါ်ကဘယ်သူမဆို အသက်ဘေးကနေ လွတ်လွတ်ကင်းကင်းမလွတ်နိုင်ကြပါဘူး။သို့သော်လည်း ကြောက်စရာအကောင်းဆုံး အခက်အခဲတွေကြားကနေ လွတ်မြောက်နိုင်ဖို့အတွက်ကိုယ်ရဲ့ အတွေးအခေါ်နဲ့ အသိဉာဏ်ကလည်း တကယ်ကိုလိုအပ်ပါတယ်။ ချိန်သားကိုက်စွာ လုပ်ဆောင်နိုင်မှု့ဟာ သင်ကိုကယ်တင်နိုင်မယ့်အပြင် သင့်ပတ်ဝန်းကျင်ကလူတွေကိုပါ ကယ်တင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဓာတ်လှေကားစီးနေရင်းနဲ့ တစုံတရာကြောင့် ဓာတ်လှေကားပျက်ကျသွားခဲ့မယ်သာဆိုရင် အသက်ဘေးကနေကင်းလွတ်စွာနဲ့ ပြန်ထွက်လာနိုင်ဖို့အတွက် ချိန်သားကိုက်လုပ်ဆောင်ရမယ့်အပြုအမူလေးတွေကိုဝေမျှပေးလိုက်ရပါတယ်။
Zawgyi Version
Unicode Version
ဘယ်လိုအခြေအနေမျိုးမှာမှ ခုန်ဖို့မကြိုးစားပါနဲ့။
ပထမဦးဆုံးအချက်ကတော့ လုံးဝအလွတ်ပြုတ်ကျနေတဲ့အချိန်မှာ ခုန်ဖို့ဆိုတာကအရမ်းကိုခက်ခဲပါတယ်။အခုပြောမယ့်ဟာကတော့သတင်းဆိုးပါ။ခုန်လိုက်တဲ့အခါမှာ ဘယ်အပိုင်းနဲ့ သင်ပြန်ကျလာမလည်းဆိုတာကမသိနိုင်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုထိခိုက်မိမလည်းဆိုတာကတော့ခန့်မှန်းရခက်နိုင်ပါတယ်။
Zawgyi Version
ပါတယ်။
Unicode Version
ဖြောင့်ဖြောင့်တန်းတန်းကြီး မတ်တပ်ရပ်မနေပါနဲ့။
လုံးဝမလုပ်သင့်တဲ့အချက်ပါဘဲ။ အရှိန်နဲ့ပြုတ်ချနေတဲ့အချိန်မှာ သင့်ရဲ့ခြေထောက်ပေါ်မှာသက်ရောက်နေတဲ့ အလေးချိန်က သင့်ခန္ဓာကိုယ်အလေးချိန်ရဲ့ဆယ်ဆတောင်ရှိတာမို့လို့အရမ်းကိုကြောက်ဖို့ကောင်းတဲ့ ဒဏ်ရာတွေရသွားနိုင်ပါတယ်။
Zawgyi Version
Unicode Version
ဓာတ်လှေကားကြမ်းပြင်ပေါ်မှာ ပက်လက်လှန်အိပ်နေတဲ့အနေအထားအတိုင်းနေပါ။
အသက်သာရာအရဆုံး ကိုယ်နေဟန်ထားပါဘဲ။ ဓာတ်လှေကားပြုတ်ကျနေတယ် ခံစားမိလိုက်ပြီဆိုတာနဲ့တပြိုင်နက် ဓာတ်လှေကားကြမ်းပြင်ပေါ်ကိုပက်လက်လှန်အိပ်လိုက်ပါ။အဲ့ဒီကိုယ်နေဟန်ထားဟာ ပြုတ်ကျနေတဲ့ အရှိန်ကြောင့်ဖြစ်ပေါ်လာမယ့် ပေါက်ကွဲမှု့အင်အားကို ခန္ဓာကိုယ်အနှံ့ညီတူညီမျှဖြစ်အောက်ဖြန့်ချပေးနိုင်ပါတယ်။
လူတွေအများကြီးရှိနေလို့ လှဲအိပ်လို့မရဘူးဆိုရင်တော့ ဒူးကွေးပြီးထိုင်ချလိုက်ပါ။
ဒီအချိန်မျိုးမှာ သင်အလုပ်နိုင်ဆုံးထဲကအကောင်းဆုံးနည်းလမ်းကတော့ ဓာတ်လှေကား ကြမ်းပြင်မှာထိုင်ချလိုက်တာပါဘဲ။ ၄င်းကိုယ်နေဟန်ထားဟာ မတ်တပ်ရပ်နေတဲ့အချိန်ထက် အရိုးတွေကိုထိခိုက်မှု့ပိုနည်းပါးစေပါတယ်။
ref : brightside
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations