လွယ်လွယ်လေးတွေချည်းဘဲစုစည်းထားတာမို့လို့ အကြိုက်တွေ့ကြမယ်ထင်ပါတယ်
၀ိတ်ချချင်တယ်၊၀ိတ်ချချင်တယ် ဆိုပြီး စိတ်ထဲမနိုင်တာနဲ့ဘဲ မချဖြစ်တဲ့အကြိမ်တွေများနေပီလား။ မပူပါနဲ့။ အဆင်ပြေအောင်ပြုလုပ်ပေးမယ့် နည်းလမ်းလေးတွေကို စုစည်းပေးထားပါတယ်။ အဆင်ပြေမယ့်နည်းလမ်းတွေကိုရွေးပြီးလုပ်ကြည့်ကြပါလို့ အကြံပေးလိုက်ရပါတယ်။
(၁) ဘယ်မှာဘဲ စားစား အသေးစားဖြစ်တဲ့အရာလေးတွေကိုဘဲရွေးစားပါ။
(၁) ဘယ်မှာဘဲ စားစား အသေးစားဖြစ်တဲ့အရာလေးတွေကိုဘဲရွေးစားပါ။
အိမ်မှာဆိုရင်တော့ ကိုယ့်ဘာသာကိုယ် အသေးစားလေးဖြစ်အောင်စားလိုက်လို့ရပေမယ့် ဆိုင်တဆိုင်ထိုင်မိတာမျိုးကျတော့ သူတို့ပြင်ဆင်ထားတဲ့အတိုင်းဘဲစားကြရတာများပါတယ်။ဒါကြောင့်မို့လို့ ဆိုင်တဆိုင်ထိုင်တော့မယ်ဆိုရင် မီနူးကိုအချိန်အတော်ကြာအောင်ယူပြီးဖတ်ပါ။အဲ့အထဲကမှ အသေးဆုံးဖြစ်တာလေးတွေကိုရွေးမှာပြီးစားပေးပါ။
(၂) အရာရာကိုအကောင်းတွေးပေးပါ။
 (၂) အရာရာကိုအကောင်းတွေးပေးပါ။
ပြောချင်တာကတော့ လိုရာပန်းတိုင်ကိုသွားနေတဲ့အချိန်တွင်းမှာ ဘယ်လိုအခက်အခဲတွေဘဲရှိရှိ အကောင်းဘက်နေဘဲတွေးပြီး အကောင်းဆုံးဖြတ်ကျော်သွားဖို့အတွက်ပြောချင်တာပါ။ဥပမာဆိုပါစို့။ "ငါတစ်ပေါင်ရဲ့တစ်ဝက်တောင်ကျသွားပီ" " ၀ိတ်ကျတာတော့နှေးတယ် ဒါပေမယ့် ၀ိတ်ကျမှာတော့သေချာတယ်" "ငါယူလိုက်တဲ့ အစားနဲနဲလေးကိုငါစားနိုင်တယ်"ဆိုတာမျိုးတွေ့ သင်သွားနေတဲ့ပန်းတိုင်ရောက်ဖို့အတွက်အကောင်းဆုံး အတွေးတွေကိုပေးစွမ်းနိုင်ပါလိမ့်မယ်။
(၃) အပေါင်းအဖွဲ့နဲ့စားတာထက်တစ်ယောက်ထဲစားတာပိုကောင်းတယ်။
(၃) အပေါင်းအဖွဲ့နဲ့စားတာထက်တစ်ယောက်ထဲစားတာပိုကောင်းတယ်။
၀ိတ်ချတော့မယ်ဆိုပြီးစဉ်းစားလိုက်တိုင်း သူငယ်ချင်းတွေ ၊မိသားစုတွေက ကူညီဖို့အတွက် သင့်အနားကိုရောက်လာကြပါလိမ့်မယ်။ပြီးရင်သင့်ကိုစောင့်ကြည့်ရင်းနဲ့ထမင်းတူတူစားကြပါလိမ့်မယ်။ အဲ့တာမကောင်းပါဘူး။ဘာလို့လည်းဆိုတော့ သင်ဟာ အပေါင်းအဖွဲ့နဲဆိုရင် ထမင်းဝိုင်းမှာ ပိုပြီးအချိန်ကြာနိုင်ပြီးတော့ ရယ်လိုက်မောလိုက်စာနေခြင်းဟာ သင်ကိုယ်သင်ဘယ်လောက်စားမိသွားပီလည်းဆိုတာကိုသတိထားမိတော့မှာမဟုတ်ပါဘူး။
(၄) ဗိုက်ဆာနေလား?ဌက်ပျောသီးနံ့ကိုရှုလိုက်ပါ။
(၄) ဗိုက်ဆာနေလား?ဌက်ပျောသီးနံ့ကိုရှုလိုက်ပါ။
ကြားရတာတော့ တမျိုးဖြစ်နေလိမ့်မယ်။ ဒါပေမယ့်အဲ့တာတကယ်ကို အကျိုးဖြစ်ထွန်းတဲ့နည်းလမ်းပါဘဲ။ဌက်ပျောသီး၊ ပန်းသီးလိုအသီးမျိုးတွေကို နမ်းလိုက်ခြင်းက သင့်ရဲ့ဦးနှောက်ကို အစားအသောက်စားလိုက်စေပြီဆိုပြီး လိမ်ညာလှည့်ဖြားနိုင်ပါတယ်။
(၅) အပြာရောင်ကို အကြိုက်ဆုံးအရောင်အဖြစ်ပြောင်းလိုက်ပါ။
(၅) အပြာရောင်ကို အကြိုက်ဆုံးအရောင်အဖြစ်ပြောင်းလိုက်ပါ။
လတ်တလောလေ့လာချက်တွေအရတော့ အပြာရောင်ဟာ ဆာလောင်မှု့ကိုကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့လို့ သင့်ပတ်ဝန်းကျင်ကအရာတွေကို အပြာရောင်အဖြစ်အကုန်လုံးပြောင်းလဲထားလိုက်ပါ။ဒီလိုနည်းလမ်းကို အရောင်တွေကို စိတ်ပိုင်းဆိုင်ရာလေ့လာခြင်းလို့ခေါ်ပါတယ်။
(၆)ဘာစားစား မှန်အရှေ့မှာထားပြီးစားပါ။
(၆)ဘာစားစား မှန်အရှေ့မှာထားပြီးစားပါ။
ပြောရင်ယုံမှာမဟုတ်ပါဘူး။ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေအရတော့ မှန်ကိုအရှေ့မှာထားပြီး အစားစားတဲ့နည်းလမ်းဟာ  ပုံမှန်စားနေကြပမာဏထက် သုံးပုံတစ်ပုံလျော့ကျစွာစားသောက်ကြတယ်လို့သက်သေပြထားခဲ့ကြပါတယ်။
ref : brightside
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations