ကိုယ်တွေကသာ အိပ်နေတာ သူတို့တွေကမအိပ်ကြဘူး
1. သင့်ရဲ့ လိင်စိတ်တွေက အလိုအလျောက်ထကြွနေကြပါတယ်။
သင့်ရဲ့ လိင်စိတ်တွေက အလိုအလျောက်ထကြွနေကြပါတယ်။
ယောက်ကျားတိုင်းကော မိန်းမတိုင်းကော အိပ်ပျော်နေစဉ်အချိန်မှာ လိင်စိတ်ဟာ အလိုအလျောက်နိုးကြွားထကြွနေကြပါတယ်။ဒီလိုဖြစ်ရတာဟာ သင့်ဦးနှောဏ်ရဲ့ လုပ်ဆောင်ချက်ဟာ အမြင့်ဆုံးကိုရောက်ရှိသွားတဲ့အခိုက်အတန့်ကြောင့်ဖြစ်ပြီး အဲ့ဒီအချိန်မှာ သင့်ရဲ့ဦးနှောဏ်ဟာ အောက်ဆီဂျင်လိုအပ်လာပါတယ်။ အောက်ဆီဂျင်လိုအပ်လာတာကြောင့် သွေးလည်ပတ်မှု့မြန်ဆန်လာပါတယ်။သွေးလည်ပတ်မှု့မြန်ဆန်လာတာကြောင့် ခန္ဓာကိုယ်အတွင်းကလုပ်ဆောင်ချက်တွေကိုပိုပြီး စွမ်းဆောင်နိုင်အောင် ပြုလုပ်ပေးလိုက်နိုင်ပါတယ်။အထူးသဖြင့် လိင်ဟော်မုန်းတွေကိုပိုပြီး နိုးကြွအောင်ပြုလုပ်ပေးနိုင်တာကြောင့် အခုလို ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
2. လည်ချောင်းဟာ ကျဉ်းမြောင်းသွားပါတယ်။
လည်ချောင်းဟာ ကျဉ်းမြောင်းသွားပါတယ်။
သင်အိပ်ပျော်နေတဲ့အခါမှာ သင့်ရဲ့လည်ချောင်းကို ထိန်းကိုင်ထားတဲ့ ကြွက်သားဟာ မထိန်းတော့တာကြောင့် သင့်ရဲ့ လည်ချောင်းဟာ ကျဉ်းမြောင်းသွားတာဖြစ်ပါတယ်။ဒါဟာ လည်း နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ အချိန်မှာ ဘဲဖြစ်တာဖြစ်ပါတယ်။ အဲ့ဒီလို လည်ချောင်းကျဉ်းမြောင်းလာတာကြောင့် လုပ်စရာများလာပြီးတော့ အချို့လူတွေမှာဆိုရင် စိတ်ပျက်စရာဆူညံသံတွေထွက်လာတဲ့အထိပါ ပြုလုပ်မိကြတာဖြစ်ပါတယ်။အဲ့တာကိုတော့ ကျွန်တော်တို့တွေက ဟောက်တယ် လို့ခေါ်ကြပါတယ်။
3. သင့်ရဲ့ မျက်လုံးဟာ အမြန်ဆုံးသော အရှိန်နဲ့ရွှေ့လျားနေပါတယ်။
သင့်ရဲ့ မျက်လုံးဟာ အမြန်ဆုံးသော အရှိန်နဲ့ရွှေ့လျားနေပါတယ်။
အိပ်ပျော်နေစဉ်အတောအတွင်းမှာ ပြောင်းလဲမှု့ဖြစ်စဉ်တွေဟာ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောဏ်ကို ကျန်းမာအောင်နဲ့ အနားရအောင် ထိန်းသိမ်းပေးထားပါတယ်။စုစုပေါင်း အဆင့်(၅)ဆင့်ရှိပါတယ်။ တစ်ခုပြီးတစ်ခု လည်ပတ်နေပြီးတော့ ငါးဆင့်စလုံး ကို ကျွန်တော်တို့ဖြတ်ကျော်ပြီးပြီဆိုရင်တော့ အဲ့ဒီလည်ပတ်တဲ့စက်ဝိုင်းဟာနောက်တစ်ကြိမ်ထပ်မံလည်ပတ်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့ (REM) အဆင့်ကတော့ အရမ်းကို လှုပ်ရှားမှု့များတဲ့အဆင့်ဖြစ်ပြီးတော့ ၄င်းအဆင့် စတင်တဲ့အချိန်ကတော့သင်အိပ်ပျော်ပြီး မိနစ် ၆၀ အကြာ (သို့) မိနစ် ၉၀ အကြာမှာ စတင်ဖြစ်ပေါ်ပါတယ်။အဲ့ဒီအဆင့်မှာဆိုရင် သင့်ရဲ့မျက်လုံးဟာအရှေ့နဲ့အနောက်ကို အရှိန်အမြန်ဆုံးနဲ့သွားလာနေပါတယ်။ သင်က ဘာလို့ အဲ့ဒီဟာကို သတိမထားမိတာလည်းဆိုတော့ သင့်ရဲ့စိတ်တွေဟာ အိမ်မက်အပေါ်မှာဘဲ အာရုံစိုက်ထားလို့ဖြစ်ပါတယ်။
4. ကြွက်သားတွေအလုပ်မလုပ်ကြတော့ပါဘူး။
ကြွက်သားတွေအလုပ်မလုပ်ကြတော့ပါဘူး။
စောနက ပြောခဲ့တဲ့ REM အဆင့်ကိုသင်ရောက်နေပြီဆိုရင်တော့ အဆင့်အားလုံးထဲမှာမှ အနက်ရှိုင်းဆုံးအဆင့်ကိုသင်ရောက်ရှိနေပြီး တော့ သင့်ရဲ့ ခြေလက်အဂါင်္ကြွက်သားတွေဟာ လုံးဝအလုပ်မလုပ်တော့ဘဲ ခဏတဖြုတ်ရွေ့လျားဖို့ကိုတောင်မဖြစ်နိုင်တော့ပါဘူး။၄င်းဖြစ်စဉ်ဟာ အိပ်ယာက နိုးထလာလာချင်း စက္ကန့်အနည်းငယ် (သို့) မိနစ်အနည်းငယ်အထိကိုတောင် ဖြစ်နေတက်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ ရုတ်တရက် ထလာလို့ရှိရင် တခါတလေ လှုပ်ရှားလို့မရတာမျိုးတွေဖြစ်တာပါ။ ပြီးတော့ ဒီဖြစ်ရပ်မျိုးနဲ့ အတွေ့အကြုံရှိတဲ့သူတွေကတော့ အိပ်ပျော်နေရင်းနဲ့ မျက်လုံးဖွင့်ပြီး အိပ်တက်တဲ့သူတွေမျိုးမှာရှိပါတယ်တဲ့။
5. ကြီးထွားအောင်ပြုလုပ်ပေးတဲ့ဟော်မုန်းတွေကိုထုတ်လွှတ်ပေးတယ်။
ကြီးထွားအောင်ပြုလုပ်ပေးတဲ့ဟော်မုန်းတွေကိုထုတ်လွှတ်ပေးတယ်။
HGH လို့ခေါ်ပါတယ်။သင့်ရဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ တစ်ရှုးတွေကိုလည်ပတ်တာကိုကြီးထွားအောင်ပြုလုပ်ပေးရတဲ့ ဟော်မုန်းဖြစ်ပါတယ်။သင်အိပ်ပျော်နေတဲ့အချိန်မှာ ဒီဟော်မုန်းကနေပြီးတော့ ထုတ််လွှတ်တဲ့အရာတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်စေပါတယ်။ အနာတရတွေ၊ဒဏ်ရာတွေကို ပြန်လည်ကုသပေးနိုင်တဲ့အရာတွေနဲ့ ဆဲလ်အသစ်တွေကိုလည်း ပါ၀င်အောင်ထုတ်လုပ်ပေးပါတယ်။ငယ်စဉ်ဘဝတုန်းကတော့ အဲ့ဒီဟော်မုန်း ထုတ်လုပ်မှု့ဟာ ကြီးထွားမှု့တွေနဲ့ များပြားလှစွာသော ကောင်းကျိုးတွေကို ခန္ဓာကိုယ်အနှံ့ပိုမိုထုတ်လွှင့်ပေးပါတယ်။ဒါကြောင့်လည်း များများအိပ်ရင် အရပ်ပိုရှည်တယ်ဆိုပြီး ပြောနေကြတာပါ။
6. သွားကြိတ်ပါတယ်။
သွားကြိတ်ပါတယ်။
ဒီဖြစ်စဉ်ကို Bruxism လို့ခေါ်ပါတယ်။ လူတိုင်းမှာတော့မဖြစ်ကြပါဘူး။ ဒါပေမယ့် တချို့လူတွေကတော့ နိုးလာတဲ့အချိန်ကျရင် မေးရိုးတွေ၊သွားတွေအရမ်းနာကျင်ပြီးနိုးလာတက်ကြပါတယ်။အကြောင်းရင်းကတော့ တစ်ညလုံး သွားတွေကြိတ်လာခဲ့လို့ဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအတွေးတွေကြောင့်ဖြစ်တက်ပြီး တစ်နေကုန်လုံး စိတ်ထဲမှာရှိနေတဲ့ တင်းထားတဲ့အရာတွေ စိတ်ဖိစီးမှု့တွေ ကြောင့်ဖြစ်တက်ပါတယ်။ဒါပေမယ့်လည်း လေ့လာသူတွေကတော့ တချို့လူတွေသွားကျိုးလုမတက်ကိုက်နေတဲ့အချိန်မှာတောင် တချို့တွေကျတော့လုံးဝမကြိတ်တာဘာလို့လည်းဆိုတာကိုတော့ မသိနိုင်ကြသေးပါဘူး။
7. ဦးနှောဏ်ကသူ့ဘာသာသူသိမ်းဆည်းတယ်။ဖျက်ဆီးပစ်တယ်။
 ဦးနှောဏ်ကသူ့ဘာသာသူသိမ်းဆည်းတယ်။ဖျက်ဆီးပစ်တယ်။
Rochester ရဲ့သုတေသနပညာရှင်တွေတွေ့ရှိခဲ့တာကတော့ သင်အိပ်ပျော်နေစဉ်မှာ သင်နေ့ဘက်မှာ မှတ်ထားခဲ့တဲ့ မလိုအပ်တဲ့အရာတွေကိုဖယ်ရှားပစ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ Glymphatic စနစ်လို့ခေါ်တဲ့ အရာတွေကို ဖြစ်ပေါ်စေပြီးတော့ မလိုအပ်တာတွေကိုဖယ်ထုတ်၊လိုတာတွေကိုသိမ်းဆည်းပါတယ်။
8. ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အသံတွေကိုကြားနိုင်တယ်။
ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အသံတွေကိုကြားနိုင်တယ်။
ရုတ်တရက်ဖြစ်ပေါ်လာတဲ့အသံတွေကြောင့်ခဏခဏနိုးထလာတက်ပြီဆိုရင်တော့သင့်မှာ အကြောက်တရားကြီးမားမှု့နဲ့ စိတ်ဖိစီးမှု့ အဆင့်တွေဟာ မြင့်မားတဲ့နေရာကိုရောက်နေပြီဆိုတာ သေချာနေပါပြီ။အသံအကျယ်ကြီးသာကြားလိုက်လို့နိုးလာရတယ်။ဒါပေမယ့် အပြင်မှာကျတော့ အဲ့လောက်ကြီးဘာမှဖြစ်မသွားဘူး။ဆိုတာမျိုးပေါ့။ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှု့တွေကြောင့် ဖြစ်လာတာဖြစ်ပါတယ်။
9. သင့်ရဲ့ဦးနှောဏ်က အကြောင်းအရာတွေကို စုစည်းပြီးတော့ အိမ်မက်တွေကိုစတင်ဖန်တီးပါတယ်။
သင့်ရဲ့ဦးနှောဏ်က အကြောင်းအရာတွေကို စုစည်းပြီးတော့ အိမ်မက်တွေကိုစတင်ဖန်တီးပါတယ်။
ကျွန်ုပ်တို့ အိမ်မက်မက်ကြတဲ့အကြောင်းတွေဟာ သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ပုစ္ဆာတွေဖြစ်နေကြတုန်းပါဘဲ။လက်ရှိနားလည်ထားကြတာကတော့ နေ့လည်ခင်းဘက်မှာ မှတ်ဉာဏ်ထဲရောက်လာကြတဲ့ အတွေးပေါင်းများစွာနဲ့ရှေးယခင်က မှတ်ထားခဲ့တဲ့ အရာတွေကိုပေါင်းစပ်ပြီးတော့ အဖြေရှာမရနိုင်တဲ့ အိမ်မက်တွေ ထူးထူးဆန်းဆန်းအိမ်မက်တွေကို မက်စေပါတယ်ဆိုပြီးဖြစ်ပါတယ်။သို့သော်လည်း ကျွန်ုပ်တို့ရဲ့ စိတ်တွေဟာ အိပ်နေစဉ်အတွင်းမှာဘဲ တိကျလှတဲ့နေရာတစ်ခုကို ခရီးသွားနိုင်တာတွေကိုဘာလို့မက်နိုင်ကြတာလည်း? ထူးခြားလှတဲ့ မှတ်ဉာဏ်တွေ ၊ အရောင်တွေ၊ အသံတွေ၊လူတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကို သာမာန်နဲ့ မတူအောင် ဘယ်လိုမက်ကြသလည်းဆိုတာကိုတော့ ဘယ်လောက်ဘဲကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပညာရပ်ကြီးဘဲဖြစ်နေပါစေအုံး၊ အဖြေမရှိတဲ့ ပဟေဠိကိုရှာဖို့ကြိုးစားနေသလိုသာဖြစ်နေပါတော့တယ်။
ref : brightside
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations