ဒီကမ္ဘာကြီးမှာ သုံးတက်ရင် အကုန် အသုံးတည့်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါပြီ.
Zawgyi Version
Unicode Version
အသုံးတည့်တာကို မသိတဲ့အရာဝတ္ထုအတော်များများကတော့ အမှိုက်သရိုက်တစ်ခုလိုစွန့်ပစ်ခံရတာတွေအများကြီးပါဘဲ။မကြိုးစား မစမ်းသပ်ဘဲနဲ့တော့ ဘယ်လိုမှသိလာနိုင်မှာမဟုတ်ပါဘူး။လူအတော်များများကလည်း တစ်စုံတစ်ခုကို အသုံးတည့်လာအောင် ခွဲခြမ်းစိပ်ဖြာလို့ ပြုလုပ်ကြည့်ကြရင်း နောက်ဆုံးမှာ အောင်မြင်ခဲ့ကြတယ်ဆိုတာလည်းရှားပါတယ်။ဒါပေမယ့်  Tamil Nadu လို့ခေါ်တဲ့ နေရာက စီးပွားရေးအမြင်ရှိတဲ့ လူတွေကတော့ အများသူငါအသုံးမဝင်ဘူးလို့ထင်ထားတဲ့ အရာတစ်ခုကို တန်ဖိုးတစ်ခုသတ်မှတ်လို့ရအောင် တီထွင်ကြံဆနိုင်ခဲ့ပါပြီ။
အဲ့တာကတော့ ဌက်ပျောပင်စည်နှင့် ကွမ်းသီးပင်က အရွက်တို့ကို တစုံတရာဖြစ်လာအောင်ပြုလုပ်နိုင်ခဲ့တာပါဘဲ။ တစုံတရာဆိုတာ ဘာလည်း? ရှင်းပြပါ့မယ်။ ၄င်းသဘာဝထွက်ကုန်နှစ်ခုကနေပြီးတော့ လူသုံးကုန်ပစ္စည်းတွေကို လိုလျင်ကြံဆနည်းလမ်းရဆိုသလိုဘဲ တီထွင်နိုင်ခဲ့တာပါ။ထုတ်လုပ်နိုင်ခဲ့တဲ့ ပစ္စည်းတွေကတော့ ပန်းကန်လုံးတွေ၊ လွယ်အိတ်တွေ၊စားပွဲခင်းတွေအပြင် ပေါ့ပေါ့ပါးပါး ၀တ်လို့ရတဲ့ အကျီတွေကိုပါထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Zawgyi Version
Unicode Version
ပြုလုပ်တဲ့ ပုံကတော့ ဌက်ပျောပင်စည်ကို အထူးတည်ဆောက်ထားတဲ့ စက်ထဲကိုထည့်လို့ အမျှင်တွေကို ထုတ်ယူပါတယ်။ရရှိလာတဲ့ အမျှင်တွေကို ကျောက်ပျဉ်ပေါ်မှာ ထုရိုက်ပြီးတော့ ညှစ်ရပါတယ်။ အဲ့ဒီနောက် ခြောက်သွေ့အောင် အခြောက်ခံကြပါတယ်။ခြောက်သွေ့သွားတဲ့ အမျှင်တွေကို လက်မှု့ပညာနှင့် ရက်လုပ်ခြင်းဖြင့် ဖျာကဲ့သို့သောအရာတွေကိုရရှိလာပါတယ်။အဲ့ဒီအမျှင်တွေနဲ့ဘဲ ပန်းကန်လုံးတွေ၊လွယ်အိတ်တွေ၊ စားပွဲခင်းတွေအပြင် ပေါ့ပေါ့ပါပါး အကျီင်္တွေကိုပါထုတ်လုပ်နေကြပါတယ်။
အရင်က ကွမ်းသီးပင်က အရွက်တွေကို အာဂွန်ဓာတ်ငွေ့ထွက်တဲ့ စွန့်ပစ်ပစ္စည်းတစ်ခုလိုသာသဘောထားခဲ့ကြပေမယ့် အခုမှာတော့ ချမ်းသာကြွယ်ဝခြင်းအတွက် အဆောင်လက်ဆောင်တစ်ခုလိုသဘောထားနေကြပါပြီ။
၄င်းကွမ်းသီးပင်က အရွက်တွေကို အခြောက်ခံပြီးတော့ ပန်းကန်ပြားတွေ၊ခွက်တွေ၊ဇွန်းတွေဖြစ်အောင်ပြုလုပ်ကြပါတယ်။စွန့်ပစ်ပစ္စည်းတွေကနေ ရွှေလိုတန်ဖိုးထားစရာဖြစ်လာအောင် ဘယ်လိုပြုလုပ်သလဲဆိုတာကိုသိချင်ရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ။
source : witty
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations