ဒီလိုသူေဌးမ်ိဳးရွားတယ္ xP

Zawgyi Version

တရုတ္ျပည္က စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကေတာ႔ သူ႕ရဲ႕ ၀န္ထမ္းေတြ ၀ိတ္ေလွ်ာ႔ခ်င္လာေအာင္ တကယ္ကုိ အက်ိဳးအျမတ္ေကာင္းတဲ႔ နည္းလမ္းကုိရွာေဖြေတြ႕ရိွခဲ႔ပါေတာ႔တယ္။ရွန္စီး ျပည္နယ္မွာတည္ေဆာက္ထားျပီး Xian Jingtian လို႔ေခၚတဲ႔ ေခ်းေငြလုပ္ငန္းဆိုင္ရာ ကုမၸဏီကေတာ႔ ၀ိတ္က်ေအာင္စြမ္းေဆာင္ႏိုင္တဲ႔ ၀န္ထမ္းေတြကုိ ေငြသားလက္ေဆာင္ေပးတဲ႔ စနစ္အသစ္တစ္ခုကုိ အသက္သြင္းလုပ္ေဆာင္သြားတာဘဲျဖစ္ပါတယ္။

ကုမၸဏီရဲ႕ သူေဌး Wang Xuebao ေျပာၾကားခ်က္အရ ဒီအစီအစဥ္ရဲ႕ အဓိကရည္ရြယ္ခ်က္ကေတာ႔ ဓေလ႔ထံုးတမ္း တစ္ခုျဖစ္လာဖို႕ႏွင္႔ က်န္းမာေရးအေျခအေနေတြေကာင္းမြန္လာေစဖို႔အတြက္ ျဖစ္ပါတယ္လို႔ သိရပါတယ္။ကုမၸဏီက ၀န္ထမ္းေတာ္ေတာ္မ်ားမ်ားဟာ တစ္ေနရာထဲမွာအၾကာၾကီး ထိုင္ေနျပီးေတာ႔ အလုပ္လုပ္ေနရတာေၾကာင္႔ မ်ားမ်ား စားစား လႈပ္ရွားမႈ႕ဆိုတာ သူတုိ႕မွာ မရွိတဲ႔ အတြက္ေၾကာင္႔ ကုိယ္အေလးခ်ိန္ေတြ သူတို႔တိုးလာၾကပါတယ္။

Unicode Version

တရုတ်ပြည်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ သူ့ရဲ့ ၀န်ထမ်းတွေ ၀ိတ်လျှော့ချင်လာအောင် တကယ်ကို အကျိုးအမြတ်ကောင်းတဲ့ နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ရှန်စီး ပြည်နယ်မှာတည်ဆောက်ထားပြီး Xian Jingtian လို့ခေါ်တဲ့ ချေးငွေလုပ်ငန်းဆိုင်ရာ ကုမ္ပဏီကတော့ ၀ိတ်ကျအောင်စွမ်းဆောင်နိုင်တဲ့ ၀န်ထမ်းတွေကို ငွေသားလက်ဆောင်ပေးတဲ့ စနစ်အသစ်တစ်ခုကို အသက်သွင်းလုပ်ဆောင်သွားတာဘဲဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ သူဌေး Wang Xuebao ပြောကြားချက်အရ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်လာဖို့နှင့် ကျန်းမာရေးအခြေအနေတွေကောင်းမွန်လာစေဖို့အတွက် ဖြစ်ပါတယ်လို့ သိရပါတယ်။ကုမ္ပဏီက ၀န်ထမ်းတော်တော်များများဟာ တစ်နေရာထဲမှာအကြာကြီး ထိုင်နေပြီးတော့ အလုပ်လုပ်နေရတာကြောင့် များများ စားစား လှုပ်ရှားမှု့ဆိုတာ သူတို့မှာ မရှိတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန်တွေ သူတို့တိုးလာကြပါတယ်။

Zawgyi Version

ဒါေၾကာင္႔ ကြ်န္ေတာ္အေနနဲ႔ စိတ္မ်ားစြာမေကာင္းျဖစ္ရတာေၾကာင္႔ က်န္းမာဖို႔ ၀ိတ္ခ်စို႕ ဆိုတဲ႔ ဒီစနစ္ေလးကုိ ျပဳလုပ္ေပးရတာပါလို႔ သူေဌးကေျပာျပခဲ႔ပါတယ္။ျပီးခဲ႔တဲ႔ မတ္လ ကထဲက စတင္ခဲ႔တာျဖစ္ျပီးေတာ႔ က်ဆင္းသြားတဲ႔ ကီလိုဂရမ္တိုင္းအတြက္ ေဒၚလာ ၁၄ေဒၚလာစီ ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ္႔ အနည္းဆံုးေသာ ၃ကီလိုဂရမ္ကေန စက်ရမွာဘဲျဖစ္ပါတယ္။ ၃ကီလိုဂရမ္ဆိုတာဟာ ေပါင္အေနနဲ႔ တြက္ရမယ္ဆိုရင္ေတာ႔ ၆.၆ေပါင္ဘဲျဖစ္ပါတယ္။သူေဌးရဲ႕ ေျပာျပပံုအရေတာ႔ ဒီစနစ္ကုိ အေကာင္အထည္ေဖာ္ျပီးတဲ႔ အခ်ိန္ကထဲက သူ ကုိယ္တိုင္၀ိတ္က်ခ်င္ေပမယ္႔လည္း အခုခ်ိန္ထိ မက်ေသးေၾကာင္း၊ ဒါေပမယ္႔ သူ၀ိတ္မက်ေသာ္လည္း သူ႕ရဲ႕ ၀န္ထမ္းအခ်ိဳ႕မွာေတာ႔  ၄၄ေပါင္အထိက်သြားတဲ႔အတြက္ေၾကာင္႔ ေဒၚလာ ၂၉၀ အထိေတာင္ရရွိေနသူေတြ ရွိေနျပီျဖစ္တာေၾကာင္႔ ၀မ္းသာမိေၾကာင္းေျပာျပခဲ႔ပါတယ္.

တကယ္ကုိ ေကာင္းမြန္တဲ႔ အေတြးအေခၚပါဘဲ။

Unicode Version

ဒါကြောင့် ကျွန်တော်အနေနဲ့ စိတ်များစွာမကောင်းဖြစ်ရတာကြောင့် ကျန်းမာဖို့ ၀ိတ်ချစို့ ဆိုတဲ့ ဒီစနစ်လေးကို ပြုလုပ်ပေးရတာပါလို့ သူဌေးကပြောပြခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ်လ ကထဲက စတင်ခဲ့တာဖြစ်ပြီးတော့ ကျဆင်းသွားတဲ့ ကီလိုဂရမ်တိုင်းအတွက် ဒေါ်လာ ၁၄ဒေါ်လာစီ ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် အနည်းဆုံးသော ၃ကီလိုဂရမ်ကနေ စကျရမှာဘဲဖြစ်ပါတယ်။ ၃ကီလိုဂရမ်ဆိုတာဟာ ပေါင်အနေနဲ့ တွက်ရမယ်ဆိုရင်တော့ ၆.၆ပေါင်ဘဲဖြစ်ပါတယ်။သူဌေးရဲ့ ပြောပြပုံအရတော့ ဒီစနစ်ကို အကောင်အထည်ဖော်ပြီးတဲ့ အချိန်ကထဲက သူ ကိုယ်တိုင်ဝိတ်ကျချင်ပေမယ့်လည်း အခုချိန်ထိ မကျသေးကြောင်း၊ ဒါပေမယ့် သူဝိတ်မကျသော်လည်း သူ့ရဲ့ ၀န်ထမ်းအချို့မှာတော့  ၄၄ပေါင်အထိကျသွားတဲ့အတွက်ကြောင့် ဒေါ်လာ ၂၉၀ အထိတောင်ရရှိနေသူတွေ ရှိနေပြီဖြစ်တာကြောင့် ၀မ်းသာမိကြောင်းပြောပြခဲ့ပါတယ်.

တကယ်ကို ကောင်းမွန်တဲ့ အတွေးအခေါ်ပါဘဲ။

source : ns

Pyae Phyoe(Buzzy.com.mm)

Buzzy Team မွ စီစဥ္တင္ဆက္ေသာ buzzy.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Facebook Conversations