ပူတင်းလေးတွေကတော့ ခွေးရုပ်လေးတွေနဲ့ အတော်တူအောင်ပြုလုပ်ထားပါတယ်

Zawgyi Version



Unicode Version

မုန့်အချိုပွဲတွေဆိုတာဟာ လူများကကြိုက်နှစ်သက်ကြပြီးတော့ ပျော်ရွှင်မှု့အတွက် တခါတရံမှာ စားသောက်တက် ကြတာကို လူမှု့ကွန်ရက်တွေပေါ်မှာ မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။တကယ်ကို ခွေးအစစ်လေးတွေအလား ချစ်ဖို့ကောင်း တဲ့ ပုံလေးတွေနဲ့ စားစရာပူတင်းလေးတွေကိုတော့ ထိုင်းနိုင်ငံ Pathum Thani ကဆိုင်တစ်ဆိုင်မှာ ရောင်းချနေပေးနေပါ တယ်။

ဒီလို ရောင်းချနေမှု့အပေါ်ကိုတော့ လူအများက စိတ်ဝင်စားခဲ့ကြပြီးတော့ ၂၄နာရီအတွင်းမှာပင် အွန်လိုင်းမှာ ရှဲလ် လုပ်သူပေါင်း နှစ်သောင်းကျော်ခဲ့တယ်လို့ သိရပါတယ်။ခွေးရုပ်လေးတွေပုံစံလုပ်ပြီးရောင်းချတဲ့ ဆိုင်နာမည်ကတော့ Wilaiwan လို့သိရပြီး ပလတ်စတစ်ဘူးလေးထဲမှာ ဂျယ်ရီကိုအောက်မှာထည့်လို့ အပေါ်မှာတော့ ၎င်းပူတင်းခွေးရုပ်လေး က လဲလျောင်းနေတာဘဲဖြစ်ပါတယ်။

Zawgyi Version



Unicode Version

တချို့စားသုံးသူတွေကတော့ ချစ်စဖွယ်ကောင်းလို့ ၀ယ်စားကြသော်လည်း တချို့တွေကတော့ ခွေးလေးနှင့် တကယ်တူနေတာကြောင့် မစားရဲတဲ့ လူတွေလည်း ရှိတယ်လို့သိရပါတယ်။ "ကျွန်တော်ကတော့ လုံးဝစားမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော့် အိမ်က ခွေးလေးနှင့် တော်တော်တူနေလို့ပါ " လို့ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း စားသုံးသူအချို့ကတော့ အရသာရှိမယ့်ပုံဖြစ်တာကြောင့် မြည်းစမ်းကြည့်ကြဖို့ ကြိုးစားနေခဲ့ကြပါတယ်။

ကဲ စာဖတ်သူတွေကော စားချင်သွားလား?

source : wb

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations