ပိန်ချင်ပေမယ့်လည်း အစားမလျှော့ချင်တဲ့ သူတွေအတွက် သတင်းကောင်း

အသက်ရှုခြင်း

အသက်ရှုခြင်း


အသက်ရှုခြင်းလေ့ကျင့်ခန်းရဲ့ အဓိကကျတဲ့ စည်းမျဉ်းကတော့ လေကို ရှုသွင်းရှုထုတ်တဲ့ အခါ သင့်ရဲ့ ရင်ဘတ်နှင့် ပြုလုပ်ရတာမဟုတ်ဘဲ အစာအိမ်နှင့်ပြုလုပ်ရတာဘဲဖြစ်ပါတယ်။ ခါးသွယ်သွယ်လေးတွေ၊ ကျစ်လျစ်တဲ့ ဗိုက်သားတွေနှင့် သန်မာတဲ့ ကြွက်သားတွေ အစရှိတဲ့ အရာအားလုံးကို အသက်ရှုခြင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုလုံးကဖြစ်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

မတူညီတဲ့ရေချိုးနည်း

 မတူညီတဲ့ရေချိုးနည်း


ဒီနည်းလမ်းကတော့ တကယ်ကိုရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး မကြာခဏလည်း ပြောပြောဖြစ်နေတဲ့ နည်းလမ်းလေး ပါဘဲ။ရေချိုးပြီးတဲ့ အခါမှာ ရေကို အပူအအေး ပြောင်းလဲပေးရတာဘဲဖြစ်ပါတယ်။တစ်နည်းပြောရရင် ရေပူရေအေး အလဲအလှယ်နဲ့ချိုးရတာပါဘဲ။ ဒီလိုမျိုး မတူညီအောင် ရေချိုးရတဲ့ နည်းဟာ ၀ိတ်ကျစေနိုင်ယုံတစ်ခုထဲတင်မကဘဲ နှလုံးခုန်မမှန်ခြင်း၊ အဝလွန်ခြင်း၊ သာမာန်သွေးတိုးခြင်း၊ ကိုယ်ခန္ဓာအစိတ်ပိုင်းတစ်ခုခုအလုပ်မလုပ်တော့ခြင်းနှင့် တင်သား ပေါင်သားတို့မှာ ရှိနေတဲ့ အဆီတွေကိုပယ်ဖျက်ပေးခြင်းစတဲ့ရောဂါတွေကိုပါပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ဓာတ်မတည့်တာတွေလည်း ဖြစ်နိုင်ပါတယ်။

နှိပ်နယ်ပေးခြင်း

နှိပ်နယ်ပေးခြင်း


အဆီတွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးသောနှိပ်နယ်နည်းကတော့ ခွက်ရယ်၊ ရေရယ်၊ ပျားရည်ရယ်နှင့် စုပ်ခွက် (သို့) ညစ်တဲ့အရာတစ်ခုရယ်ဘဲဖြစ်ပါတယ်။ သူတို့တွေက အဆီတွေကို အစိတ်အပိုင်းတွေဖြစ် သွားအောင်ပြု လုပ်နိုင် ပါတယ်။ သင့်ရဲ့ ၀မ်းဗိုက်ကသွေးလည်ပတ်မှု့ကိုပိုမိုအားကောင်းလာနိုင်အောင် ဖို့အတွက် အထောက် အကူပြု ပါတယ်။ ဒီနည်းလမ်းကို သင်ကိုယ်တိုင်အိမ်မှာဘဲဖြစ်ဖြစ် အလှပြင်ဆိုင်မှာဘဲဖြစ်ဖြစ် သွားရောက်ပြုလုပ်နိုင်ပါတယ်။ သို့သော်  နည်းစနစ်ကျကျပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။

source : brightside

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations