တရုတ်နိုင်ငံက အိမ်သာကတော့ အဆိုးဆုံးလို့ထင်တာဘဲ
ကျူဘား နိုင်ငံမှာ ကိုယ်သုံးမယ့် အိမ်သာ စက္ကူကို ကိုယ့်ဘာသာယူလာဖို့လိုပါတယ်
ကျူဘား နိုင်ငံမှာ ကိုယ်သုံးမယ့် အိမ်သာ စက္ကူကို ကိုယ့်ဘာသာယူလာဖို့လိုပါတယ်
ကျူဘားနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားခရီးသွားတွေဟာ အိမ်သာသုံးမယ်ဆိုရင်တော့ ကိုယ်သုံးမယ် အိမ်သာ စက္ကူကို ကိုယ့်ဘာသာ ကိုယ်ယူလာဖို့လိုအပ်ပါတယ်တဲ့။ ဘာလို့လည်း ဆိုတော့ သူတို့နိုင်ငံက အိမ်သာတွေမှာ လက်ကိုင်ရေပန်းနှင့် တစ်သျှူးစက္ကူတွေ မထည့်ထားလို့ပါဘဲ။
ပြင်သစ်နိုင်ငံမှာ အိမ်သာတွေကို အပြင်မှာ ဆောက်ရင်း အနုပညာတစ်ခုလို ခံစားကြတယ်
ပြင်သစ်နိုင်ငံမှာ အိမ်သာတွေကို အပြင်မှာ ဆောက်ရင်း အနုပညာတစ်ခုလို ခံစားကြတယ်
ဒီပုံကိုတော့ ၁၈၆၀ နှင့် ၁၈၇၀ ခုနှစ်တွေကြားထဲမှာ ဓာတ်ပုံဆရာချာလီ က လမ်းမပေါ်က ဘဝတွေဆိုတဲ့ ခေါင်းစဉ် အောက်ကနေရိုက်ထားခဲ့တဲ့ ဓာတ်ပုံဘဲဖြစ်ပါတယ်။ ဒီရေချိုးခန်း အိမ်သာ အရေအတွက်ဟာ ပဲရစ်မှာ ဆိုရင် အလုံးပေါင်း ၁၂၀၀လောက်ရှိပါတယ်။
ဂျပန်နိုင်ငံက အိမ်သာတွေတက်မယ်ဆိုရင်တော့ နည်းလမ်းမှန်ဖို့ လိုအပ်ပါလိမ့်မယ်
 ဂျပန်နိုင်ငံက အိမ်သာတွေတက်မယ်ဆိုရင်တော့ နည်းလမ်းမှန်ဖို့ လိုအပ်ပါလိမ့်မယ်
သင်ဟာ ဂျပန်နိုင်ငံကို မသွားခင်မှာတော့ သူတို့နိုင်ငံက အိမ်သာတွေအကြောင်းကို သိထားဖတ်ထားဖို့လိုပါလိမ့်မယ် ရေချိုးခန်း အိမ်သာ တစ်ခုချင်းစီကို ဘယ်လို အသုံးပြုရသလည်းဆိုတာ အသေးစိတ်ညွှန်ပြထားတဲ့ လမ်းညွှန်တွေကို အသေအချာ ဖတ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် တိုကျိူမြို့မှာဖြစ်ပြီးတော့ နိုင်ငံခြားသားတွေဟာ မြို့တော်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာဦးကာလက အိမ်သာတွေနှင့် ပတ်သက်ရပြီးတော့ လူအများတက်ပြီး နောက်တက်ရတဲ့ လူအတွက်တော့ တကယ်ကို စိတ်ညစ်စရာကောင်းတာပါဘဲ။
ပြဿနာတွေအများကြီးထဲကမှ ပြဿနာကြီးကြီးတစ်ခုကတော့ အိမ်သာ အနောက်ဘက်ကို မူပြီးတော့ ဆောင့်ကြောင့် ထိုင်တဲ့ လူတွေဟာ အလွန်များပြားတဲ့ ဆိုးရွားတဲ့ အနံ့အသက်တွေကို ထားပစ်ခဲ့ကြပါတယ်။၂၀၁၅ ခုနှစ်မှာတော့ မြို့တော်က အလုပ်သမားတွေဟာ နိုင်ငံခြားတွေ အိမ်သာ အသုံးပြုရတာ ပိုပြီး စည်းစနစ်ကျအောင် နားလည်အောင် ဆိုပြီးတော့ မြို့တော် အနှံ့ လက်ကမ်းစာစောင်တွေ ဝေတာမျိုးနှင့် အသိပညာပေးတာမျိုးတွေကို ပြုလုပ်ခဲ့ရပါတယ်။
မက္ကစီကိုမှာ အိမ်သာထဲကို သုံးပြီးသားစက္ကူတွေ ပစ်ချခွင့်မရှိပါဘူး
မက္ကစီကိုမှာ အိမ်သာထဲကို သုံးပြီးသားစက္ကူတွေ ပစ်ချခွင့်မရှိပါဘူး
နိုင်ငံ အချို့တွေမှာ အိမ်သာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီးတော့ မက္ကစီကိုမှာတော့ အိမ်သာ စက္ကူတွေကို ရေဆွဲချခွင့်မပြုထားပါဘူး။မိလ္လာနှင့် ပတ်သက်တဲ့ အညစ်အကြေးတွေ လမ်းမှာ ပိတ်ဆို့နေတာ ကြောင့် မို့လို့ သင်သာ အဲ့ဒီနိုင်ငံ ကို အလည်သွားမယ်ဆိုရင် စက္ကူတွေကို အမှိုက်ပုံးထဲဘဲထည့်ဖို့ ပြောပါရစေနော်။
တရုတ်မှာတော့ ဒီလိုမျိုး အတူတူ တက်ကြရမယ်
တရုတ်မှာတော့ ဒီလိုမျိုး အတူတူ တက်ကြရမယ်
တကယ်လို့များ တရုတ်က အများသုံး အိမ်သာတွေကို သွားတက်မယ်ဆိုရင်တော့ အရင်ဦးဆုံး ကိုယ့်နိုင်ငံက စိတ်ကို အရင်ဖျောက်ရပါမယ်တဲ့။ပထမဦးဆုံးက အဲ့ဒီ အိမ်သာတွေမှာ ကျား၊မ မခွဲထားပါဘူး။ ဒါကြောင့် သင်ရဲ့ ဘေးမှာ တက်နေတဲ့ သူက ယောက်ကျားလည်းဖြစ်နိုင်သလို မိန်းမလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယက ဘေးချင်းယှဉ်ကပ်ပြီး တက်နေတာတောင်မှ တံခါးမရှိ ဘာမရှိဆိုတော့ ကိုယ်ကိုတိုင် မျက်နှာပြောင်တိုက်တက်ဖို့လည်း လိုအပ်ပါတယ် ဆိုပြီးတော့ မူလစာရေးသူက ညွှန်းထားပါတယ်။
ရုရှား က အိမ်သာတွေ ဆောက်ထားတဲ့ ပုံတဲ့
ရုရှား က အိမ်သာတွေ ဆောက်ထားတဲ့ ပုံတဲ့
စကော့တလန်မှာတော့ သူစိမ်းတွေကို ရေချိုးခန်း အိမ်သာပေးသုံးရမယ်ဆိုတဲ့ ဥပဒေရှိတယ်ဆိုဘဲ
စကော့တလန်မှာတော့ သူစိမ်းတွေကို ရေချိုးခန်း အိမ်သာပေးသုံးရမယ်ဆိုတဲ့ ဥပဒေရှိတယ်ဆိုဘဲ
ဥပဒေအရ သတ်မှတ်ထားတာဖြစ်ပြီူတော့ စကော့တလန် အစိုးရဟောင်း ဟာ သင့်ရဲ့ အိမ်တံခါးကို လာခေါက်တဲ့ မည်သူ့ကို မဆို ရေချိုးခန်း အိမ်သာ ပေးသုံးရမယ်ဆိုပြီးတော့ ဥပဒေထုတ်ခဲ့ပါတယ်။
နယူးဇီလန်မှာတော့ အနုပညာဆန်တဲ့ အိမ်သာတွေတည်ဆောက်ထားပါတယ်
နယူးဇီလန်မှာတော့ အနုပညာဆန်တဲ့ အိမ်သာတွေတည်ဆောက်ထားပါတယ်
ဓာတ်ပုံထဲက အိမ်သာကတော့ နယူးဇီလန်နိုင်ငံ  မြောက်ပိုင်းကျွန်းဆွယ်မှာ တည်ရှိတာဖြစ်ပြီးတော့ အိမ်သာ ဒီဇိုင်းကို တော့ သြစတြေးလျနိုင်ငံသား Friedensreich Hunderwasser ဖြစ်ပြီးတော့ အသုံးမပြုတော့တဲ့ ပစ္စည်းအဟောင်းတွေ ကို ပြန်လည် အသုံးပြုပြီးတော့ ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီ အဆောက်အဦးတွေဟာ အိမ်သာတစ်ခုထဲ မဟုတ်ဘဲနဲ့ Kawakawa မြို့ရဲ့ အဓိက ဆွဲဆောင်မှု့တစ်ခုဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ နယူးဇီလန်မြို့ မှာတော့ ဓာတ်ပုံအရိုက်ခံရဆုံး အိမ်သာဘဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ တ၀က်လောက်က အိမ်သာတွေမရှိကြဖူး
အိန္ဒိယနိုင်ငံ တ၀က်လောက်က အိမ်သာတွေမရှိကြဖူး
Aljazeera ရဲ့ ဖော်ပြချက်အရ အိန္ဒိယရွာတွေမှာနေထိုင်တဲ့ လူဦးရေ သုံးပုံတစ်ပုံမှာသာ အိမ်သာတွေရှိကြတာဖြစ်ပါ တယ်။ ဒါကြောင့်လည်း မိန်းမတွေနှင့် ကလေးငယ် အများစုဟာ ရေနှင့် ပတ်သက်တဲ့ ရောဂါတွေကို ခံစားနေကြရ တာလည်းဖြစ်ပါတယ်။2011 census ရဲ့ ဖော်ပြချက်တွေမှာတော့ ၄၆.၉ ရာခိုင်နှုန်းသော အိန္ဒိယတွေမှာသာ ကိုယ်ပိုင် အိမ်သာ ပိုင်ဆိုင်ပြီးတော့ ၃.၂ ရာခိုင်နှုန်းသော လူတွေကတော့ အများသုံးအိမ်သာတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ ပိုပြီး ထူးဆန်းတာက အိန္ဒိယနိုင်ငံမှာ ဖုန်းအရေအတွက်ထက် အိမ်သာ အရေအတွက်က ပိုနည်းနေတ ယ်ဆိုတာပါဘဲ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations