သိထားကြမှာပါ။တကယ်တော့ဆီးမသွားရင် တကယ်ကို များပြားလှတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကို တက်ကျွမ်းတဲ့ ဆရာဝန်တွေက နေပြီးတော့ ထုတ်ပြန်ကြေညာထားပါတယ်။

ကျွန်တော်တို့ တော်တော်များများဟာ တစ်ခါတစ်လေမှာ အရေးကိစ္စကြုံလို့ဘဲဖြစ်ဖြစ်၊မအားလို့ဘဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် ဆီးအောင့်ထားရတာမျိုးကိုကြုံရတက်ပါတယ်။ဆီးမသွားရင်ဘာတွေဖြစ်တက် သလည်းဆိုတာနှင့်ပတ်သက်ပြီး အကြမ်းဖျဉ်းအနေနဲ့တော့သိထားကြမှာပါ။တကယ်တော့ဆီးမသွားရင် တကယ်ကို များပြားလှတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကိုတက်ကျွမ်းတဲ့ ဆရာဝန်တွေက နေပြီးတော့ ထုတ်ပြန်ကြေညာထားပါတယ်။

ဆီးအိမ်ကို တင်းမာစေတယ်

ဆီးအိမ်ကို တင်းမာစေတယ်

သာမာန်လူတစ်ယောက်ရဲ့ ဆီးအိမ်ဟာ အရည်၁၅အောင်စလောက်ကိုသာထိန်းထားနိုင်စွမ်းရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့်တစ်နေ့ကို ရေ၆၄အောင်စလောက်သောက်ပါတယ်။ ဒီလိုသောက်လိုက် ခြင်းကြောင့် တစ်နေ့ကိုဆီး၁၀ကြိမ်လောက်သွားရမှဖြစ်ပြီးတော့ ဒီလိုမသွားဖြစ်ဘူးဆိုရင်တော့ဆီးအိမ်ရဲ့လုပ်ဆောင်ချက်တွေကို အားနည်းသွားစေမှာဘဲဖြစ်ပါတယ်။

ဆီးအိမ်ကြွက်သားတွေ အားနည်းလာမယ်

ဆီးအိမ်ကြွက်သားတွေ အားနည်းလာမယ်

သွားချင်နေတဲ့ ဆီးကို ထိန်းထားနိုင်တယ်ဆိုတာ တကယ်တော့ဆီးအိမ်ထဲမှာရှိတဲ့ သေးငယ်တဲ့ ကြွက်သားလေးတွေကြောင့်ဘဲ ဖြစ်ပါတယ်။သေချာတာကတော့သင့်အနေနဲ့ အဲ့ဒီကြွက်သားတွေ အလုပ်မလုပ်တော့မှာကို လိုချင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ဆီးကိုကြာကြာထိန်းထားမယ်ဆိုရင်တော့ သင်မလိုလားတဲ့ ပြဿနာတွေ ဖြစ်လာမှာတော့အမှန်ပါဘဲ။

ဘတ်တီးရီးယားတွေ များသည်ထက်ပိုများလာမယ်

ဘတ်တီးရီးယားတွေ များသည်ထက်ပိုများလာမယ်

သင့်ရဲ့ ဆီးတွေက ဘာမှတော့ မဟုတ်ပါဘူး။ဒါပေမယ့်တစ်နည်းပြန်တွက်ကြည့်မယ်ဆိုရင် သင့်ခန္ဓာကိုယ်က ထွက်တဲ့အညစ်အကြေးတွေဖြစ်ပါတယ်။အညစ်အကြေးဆိုမှတော့ ဘတ်တီးရီးယားတော့ ပါပြီပေါ့။ ဒါကြောင့်လည်းခန္ဓာကိုယ်ထဲမှာ ဆီးတွေကို ထိန်းထားတာဆိုရင်ဖြင့် ဘတ်တီးရီးယားတွေ ပိုပိုများလာပြီတော့ ဒုက္ခတွေပေးနိုင်တာကြောင့်ဘဲဖြစ်ပါတယ်။း

ဆီးအိမ်ရယ် ဆီးလမ်းကြောင်းနှင့် သက်ဆိုင်တဲ့ နေရာတွေမှာ ရောဂါကူးစက်မှု့တွေဖြစ်လာနိုင်တယ်

ဆီးကိုကြာရှည်စွာ ထိန်းထားခြင်းဟာခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုစီကိုရောဂါကူးစက်စေနိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ ဆီးအိမ်ထဲမှာရောဂါကူးစက်ပြီဆိုရင်တော့ ဆီးလမ်းကြောင်းဟာ အင်မတန်မှ နာကျင်ကိုက်ခဲ လွန်းပါတယ်။ကဲဘယ်လိုလည်း ဆီးကိုထိန်းထားချင်သေးရဲ့လား။

ကျောက်ကပ်ကိုပါ ရောဂါကူးစက်တယ်

တကယ်လို့များ ဆီးအိမ်တွေ၊ဆီးလမ်းကြောင်းတွေမှာရောဂါကူးစက်ခံနေရပြီဆိုရင် သေချာတာတစ်ခုကတော့ အဲ့ဒီကူးစက်မှု့ဟာကျောက်ကပ်ဆီကိုပါသွားနေတယ်ဆိုတာပါဘဲ။ပြီးရင် နာကျင်မှု့ကိုပေးမယ်။ ကျောက်ကပ် ကိုရောဂါပိုးကူးစက်တယ်ဆိုတာဟာအသက်ကို ခြိမ်းခြောက်တာနှင့် အတူတူပါဘဲ။

ရောဂါများ

ဆီးကိုအချိန်တော်ကြာအောင် အောင့်ထားလို့ရှိရင်ဘတ်တီးရီးယားတွေကူးစက်မှု့ဖြစ်ပွားပြီး အဲ့ဒီဖြစ်ပွားမှု့ရဲ့ နောက်ဆက်တွဲရောဂါကတော့မကြာခဏနာနာကျင်ကျင်နှင့်ဘဲ ဆီးသွားရတဲ့ ရောဂါဘဲဖြစ်ပါတယ်။ဒီလိုရောဂါဖြစ်ပြီဆိုရင်ကျောက်ကပ်ပျက်ဆီးတဲ့ အထိဆိုးရွားသွားနိုင်ပါတယ်။ဒါဆိုရင်တော့သင့်ခန္ဓာကိုယ်အတွက် မကောင်းနိုင်တော့ပါဘူး။

တင်းမာနေတဲ့ ကြွက်သားတွေ

ဆီးတွေကို ထိန်းထားရတာကြောင့် ကြွက်သားတွေပင်ပန်းလာပြီးတော့ခန္ဓာကိုယ်နှင့် သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဆီးပေါက်ရတာရှက်ခြင်း

ဒီလိုအကျင့်ကတော့ ဘေးနားမှာ လူတွေရှိနေရင် ဆီးမသွားတက်တဲ့အကျင့်ပါဘဲ။

ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ  ဒါဟာ သိမြင်ခြင်းနှင့် ဆိုင်တဲ့ ပြဿနာတစ်ရပ်သာဖြစ်ပြီးတော့ခန္ဓာကိုယ်နှင့် ဘာမှမဆိုင်ဘူးလို့ ဆိုပါတယ်။ ဒီလိုပြဿနာကို ရောဂါကုထုံးလေးနှင့်နည်းနည်းပါးပါး ကုလိုက်ရင်ကို အဆင်ပြေပါတယ်။

ဆီးချုပ်ရောဂါ

ဒီရောဂါကတော့ ဆီးကိုအပြည့်အ၀မသွားလို့ဘဲဖြစ်ပါတယ်။တစ်နေ့ကိုဆီးပမာဏ၄၀၀မီလီလီတာထက် နည်းပြီးဆီးသွားမယ်ဆိုရင်(ဖန်ခွက်၉ခွက်စာလောက်ပေါ့)ခန္ဓာကိုယ်ထဲမှာ ရေပမာဏတွေများနေမှာဘဲ ဖြစ်ပါတယ်။

အရွယ်ရောက်သူတွေသုံးတဲ့ အောက်ခံအထည်

ဒီအထည်တွေကို အသုံးပြုရတဲ့ အချက်တွေထဲကတစ်ချက်ကတော့တချို့သောလူတွေမှာ ဆီးအိမ် ကောင်းမွန်စွာအလုပ်မလုပ်နိုင်တော့တဲ့ ပြဿနာတွေရှိနေကြလို့ဘဲဖြစ်ပါတယ်။

မနက်ခင်းဆီးသွားခြင်း

မနက်ခင်းပိုင်းမှာ ပေါက်တဲ့ဆီးဟာအက်စစ်ဓာတ်မြောက်များစွာပါဝင်နေပါတယ်။အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကပုန်းသျှိုးနေတဲ့ အဆိပ်တွေကို အညစ်အကြေးအဖြစ်နှင့် မနက်ခင်းမှာ စွန့်ပစ်လိုက်တာဘဲ ဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations