ကဲအခုလောက်ဆို သိနိုင်ပါပြီ ဘယ်သူုတွေကိုယ့်ကိုဘယ်လိုလိမ်နေတာလဲဆိုတာ

1. မျက်နှာအမူအရာကိုကြည့်ပါ

မျက်နှာအမူအရာကိုကြည့်ပါ

လူတစ်ယောက်ပာာ ၀မ်းနည်းမှုတွေ ပျော်ရွှင်မှုတွေဖြစ်တဲ့အခါ မျက်နှာအမူအရာမှာအထင်းသားမြင်နေရပါတယ်။ ထို့အတူပဲ သင့်ကိုလူတစ်ယောက်ကစကားပြောနေရင်းလိမ်နေပြီဆိုရင် ပထမဖြစ်နေတဲ့မျက်နှာကနေ ချက်ချင်းပြောင်းသွားတတ်ပါတယ်။

2. မျက်စိကစားခြင်း

မျက်စိကစားခြင်း

လူတစ်ဦးတစ်ယောက်ပာာလိမ်တော့မယ်ဆိုရင် သူရဲ့မျက်လုံးတွေကတစ်ဆင့်လည်း သိနိုင်ပါတယ်။အများအားဖြင့် လူတွေက မျက်နှာချင်းဆိုင်မကြည့်ရဲပဲ ရှောင်နေတတ်ပါတယ်။ တချို့ကတော့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး သူ့ကိုယုံဆိုတဲ့ သဘောနဲ့ အယုံသွင်းနေတတ်ပါတယ်။

3. ကိုယ်အမူအရာကိုကြည့်ပါ

ကိုယ်အမူအရာကိုကြည့်ပါ

လေ့လာသူတွေပြောကြားချက်အရလူတစ်ယောက်ပာာလိမ်တော့မယ်ဆို နှာခေါင်းပွတ်လိုက် ဆံပင်ကိုခနခနသပ်လိုက် ခြေအိတ်ကိုခနခနဆွဲတင်တာတို့ နှုတ်ခမ်းခဏခဏသပ်တာတို့ပြုလုပ်တတ်ကြပါတယ်။ လူတစ်ယောက်ပာာစကားပြောရင်း လိမ်နေပြီဆို ခန္ဓာကိုယ်က အငြိမ်မနေတော့ပါဘူး။

4. ရိုးရိုးရှင်းရှင်းမေးခွန်းတွေကိုမေးကြည့်ပါ

 ရိုးရိုးရှင်းရှင်းမေးခွန်းတွေကိုမေးကြည့်ပါ

သင့်ကိုလိမ်နေပြီဆိုလူတစ်ယောက်ပာာ ဟန်ပန်အမူအရာကအစပြောင်းလဲသွားပါတယ်။ ကိုယ်မေးသမျှ ရိုးရိုးရှင်းရှင်းမေးခွန်းတွေကိုတောင် တစ်ခါတလေ အထစ်ထစ်အငေါ့ငေါ့ပြန်ဖြေတတ်တာကိုတွေ့ရမှာပါ။ဒါဆိုသင့်ကိုသူလိမ်နေတာ ၁၀၀ရာခိုင်နှုန်းကျိန်းသေနေပါပြီ။

5. ခဏတဖြုတ်ငြိမ်သွားတာကိုသတိထားပါ

ခဏတဖြုတ်ငြိမ်သွားတာကိုသတိထားပါ

သင်အမှန်တရားကိုသိချင်လို့ အကြောင်းအရင်းမေးတဲ့အခါမှာ မလိုတဲ့အကြောင်းအရင်းတွေကိုအရှည်ကြီးပြောပြီး အမှန်တရားကိုဖုံးကွယ်ဖို့ ကြိုးစားပါလိမ့်မယ်။ သူပြောတဲ့အကြောင်းအရာတွေကို သင်တစ်ချက်ထောက်ပြီးမေးကြည့်လိုက်တဲ့အခါ ခဏငြိမ်သွားတယ်ဆိုရင် အဲဒါဟာ ဇာတ်လမ်းထွင်ဖို့ စဉ်းစားနေတာဖြစ်နိုင်ပါတယ်။

6. ချွေးထွက်မထွက်ကြည့်ပါ

 ချွေးထွက်မထွက်ကြည့်ပါ

လူတိုင်းနီးပါးပာာ တစ်ခုခုကိုလိမ်ပြောတဲ့အခါမှာ ခန္ဓာကိုယ်ပေါ်ကချွေးတွေထွက်လာတတ်ပါတယ်။ အဲ့လိုချွေးထွက်ရခြင်းအကြောင်းအရင်းက မဟုတ်အမှန်စကားကိုပြောတဲ့အခါ ဖိအားဖြစ်စေပြီး အဖြေမှန်သိသွားမှာစိုးတာကြောင့် ဇောချွေးတွေပြန်လာတတ်ကြပါတယ်။

7. သူပြောတဲ့အကြောင်းအရာကိုပြန်မေးကြည့်ပါ

သူပြောတဲ့အကြောင်းအရာကိုပြန်မေးကြည့်ပါ

လူတစ်ယောက်ပာာလိမ်နေတဲ့အခါ အမှန်တရားကိုဖုံးကွယ်ဖို့ ဇာတ်လမ်းတွေထွင်ပြောတတ်ကြပါတယ်။ သူပြောထားတဲ့အကြောင်းအရာထဲက တချို့ကိုမှတ်ထားပြီးနောက်တစ်ခေါက်ပြန်မေးတဲ့အချိန်ကျ အဖြေနောက်တစ်မျိုး ပြောင်းလဲပြောဆိုတတ်ပါတယ်။

8. အကြောင်းအရာကိုထပ်ခါထပ်ခါပြောခြင်း

အကြောင်းအရာကိုထပ်ခါထပ်ခါပြောခြင်း

လူလိမ်တစ်ယောက်ပာာ သူပြောတဲ့အကြောင်းအရင်းကို သင့်ကိုသူကယုံပါယုံပါလို့အထပ်ထပ်အခါအခါပြောနေရင် သင့်ကိုလိမ်နေတယ်ဆိုတာကျိန်းသေနေပါတယ်။

9. နှုတ်ခမ်းသပ်ခြင်း

နှုတ်ခမ်းသပ်ခြင်း

လေ့လာသူတွေထပ်ပြောချက်အရ တချို့လူတွေပာာ လိမ်နေရင်း နှုတ်ခမ်းခနခနသပ်ကြပါတယ်။ ထိုအပြင် အမှန်တရားပေါ်ပေါက်မှာစိုးလို့ စိတ်ပင်ပန်းပြီး တံတွေးလည်းခနခနမြိုချတတ်ကြပါတယ်။

10. အသံပြောင်းသွားခြင်း

အသံပြောင်းသွားခြင်း

သင့်ကိုလိမ်မလိမ်ဆိုတာ ပြောတဲ့သူရဲ့အသံကိုနားထောင်ကြည့်လိုက်ပါ။ သာမန်လူတစ်ယောက်ပာာ ကိုယ်အမှန်တွေပြောနေတာဆိုရင်ပုံမှန်အသံပါပဲ။ဒါပေမဲ့ လိမ်နေတဲ့အခါမှာတော့ အသံပာာချက်ခြင်းပြောင်းသွားတတ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations