မြင်တောင်မမြင်ဖူးဘူး

1. Ferrari 512S Modulo

Ferrari 512S Modulo

ဒီကားက နောက်နေတာမဟုတ်ပါဘူး။ တကယ့် ဖာရာရီပြိုင်ကားစစ်စစ်ပါ။ ဒီကားဒီဇိုင်းကိုတော့ Paolo Martin က ၁၉၇၀ခုနှစ်တုန်းက ကားပြပွဲမှာထုတ်ပြခဲ့ပါတယ်။ ဒီကားပာာ အာကာသထဲသွားတဲ့အခါ မောင်းနှင်တဲ့ယာဉ်နဲ့တော်တော်ကြီးကိုတူပါတယ်လို့မြင်တွေ့ခဲ့သူတွေကပြန်လည်ပြောကြားခဲ့ပါတယ်။ ဘယ်လိုပုံစုံမျိုးပဲထုတ်ထုတ်ပါ အဆိုပါကားပာာထူးဆန်းတဲ့ကားတစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

2. 1955 Chrysler ( Ghia) Streamline X “Gilda”

 1955 Chrysler ( Ghia) Streamline X “Gilda”

တချို့လူတွေက ဒီကားကို ထုတ်လုပ်သမျှကားထဲမှာအလန်းဆုံးကားလို့ဆိုကြပါတယ်။ အလန်းဆုံးကားဆိုတာထက် ထူးဆန်းတဲ့ကားပုံစံလို့ပြောရင်ပိုမှန်ပါမယ်။ ဒီကားပာာ အာကာသယာဉ်တစ်ချို့ရဲ့ ပုံစံကိုအခြေခံထားတယ်လိုဆိုပါတယ်။မည်သို့ပင်ဆိုစေကာမူ ဒီကားပာာ တခြားကားတွေထက်ပုံစံမတူညီတာကြောင့် ထူးဆန်းတဲ့ကားအဖြစ်သတ်မှတ်ခဲ့ပါတယ်။

3. General Motors Firebird

 General Motors Firebird

အဆိုပါ firebird ကားများကို ခေတ်ရှေးပြေးပုံစံအဖြစ် ၁၉၅၃ ၁၉၅၆ ၁၉၅၉ သုံးကြိမ်တိတိ အော်တိုရှိုးမှာပြသခဲ့ပါတယ်။ ဒီကားပုံသဏ္ဌာန်ကတော့ ဂျက်လေယာဉ်တစ်စီးနဲ့တူပါတယ်။

4. 1948 Tasco

1948 Tasco

လူတွေတီထွင်ထားတဲ့ tasco ကားပာာ သက်တမ်းအရင့်ဆုံးဖြစ်ပါတယ်။ ဒီကားပာာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်အားကစားကားတစ်စီးအဖြစ်ရှေ့ပြေးပုံစံကြီး ဂေါ်ဒွန်လေယာဉ်ပျံပုံစံအတိုင်းဒီဇိုင်းထုပ်လုပ်ထားတာဖြစ်ပါတယ်။ ရှေးပောာင်းကားချစ်သူတွေကြိုက်နှစ်သက်တဲ့ ကားတစ်စီးဖြစ်ပါတယ်။

5. Peel P50

Peel P50

ဒီကားက ကလေးစီးတဲ့ ကားသာသာရှိပြီး ပုံစံကတော့ချစ်စရာကောင်းလှပါတယ်။ ဒီ Peel P50ပာာ သုံးဘီးသာရှိပြီး ၁၉၆၂နှစ်ကနေ၁၉၆၅ခုနှစ်အထိ Peel ကုမ္ပဏီကထုတ်လုပ်ခဲ့သာဖြစ်ပါတယ်။ယင်းကားပာာ ကမ္ဘာ့အသေးဆုံးကားအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။

6. 1932 Ford Speedster

1932 Ford Speedster

နာမည်ကြီး Ford ကုမ္ပဏီကထုတ်တဲ့ သာမန်ပုံစံမဟုတ်တဲ့ကားလေးဖြစ်ပါတယ်။ ယင်းကားပာာပုံစံရှေးဆန်ုပြီး ကားအရူးအမူးဖြစ်တဲ့သူတွေလိုက်လံစုဆောင်းတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီကားကို ၂၀၁၆ခုနှစ်မှာ ဒေါ်လာ ၇သိန်း၇သောင်းနဲ့ရောင်းချခဲ့ပါတယ်။

7. General Motor Le Sabre

General Motor Le Sabre

အဆိုပါ GM Le Sabre ကားပာာ ၁၉၅၁ခုနှစ်မှာ လူကြိုက်များထင်ရှားခဲ့ပါတယ်။ ကားအစိတ်အပိုင်းတွေကို လေယာဉ်မှုတ်တဲ့ ဆေးနဲ့မှုတ်သွင်းပြုလုပ်ခဲ့ပါတယ်။ ကားဒီဇိုင်းပာာယခုခေတ်အခုမှာတော့မထူးဆန်းပေမဲ့ ၁၉၅၁တုန်းကလူတွေအတွက် အထူးအဆန်း ကားတစ်စီးဖြစ်ခဲ့ပါတယ်။

8. Bugatti Type 57s Aerolithe

 Bugatti Type 57s Aerolithe

ယနေ့ခေတ်ကျွန်တော်တို့ Bugattiဆိုတဲ့နာမည်ကြားလိုက်တာနဲ့ စူပါကားတွေဖြစ်တဲ့ Veyron လိုကားတွေကိုပြေးမြင်မိမှာဖြစ်ပါတယ်။ ကုမ္ပဏီကတော့ မတူတဲ့ကားအမျိုးအစားတွေကို နှစ်စဉ်ထုတ်လုပ်လျက်ရှိပါတယ်။ ဒါပေမဲ့ အမျိုးအစားမတူညီတဲ့ Bugatti 57s 57t 57c တို့လိုကားပုံစံတွေကထူးဆန်းခေတ်စားခဲ့ပါတယ်။

9. Stout Scarab

Stout Scarab

Stout Scarab ကားဒီဇိုင်းကို ၁၉၃၂ခုနှစ်တုန်းက ၀ီလီယံ ဘုရှ်နယ်လ်က တီထွင်ခဲ့ပါတယ်။ အဆိုပါကားကိုထိုအခေတ်အခါက ခရီးသွားတဲ့အချိန်မှာအသုံးပြုကြပါတယ်။အနည်းဆုံး လူ ၆ယောက်မှ၈ယောက်အထိဆန့်ပါတယ်။ ဒီကားက အခုခေတ်ပေါင်မုန့်ကားပုံစံနဲ့ လိပ်ခုံးပုံစံ ပေါင်းစပ်တီထွင်ထားတာကြောင့် ထူးဆန်းတဲ့ကားဖြစ်ခဲ့ပါတယ်

10. Norman Timbs Special

Norman Timbs Special

Norman E Timbs ကားကို ၁၉၄၀ခုနှစ်တုန်းက ထရပ်ကားကြီးတွေတီထွင်တဲ့အင်ဂျင်နီယာတွေက ဒီဇိုင်းထုတ်တီထွင်ခဲ့တာဖြစ်ပါတယ်။ ယင်းကားကိုအပြီးသတ်တီဆောက်ဖို့အတွက်အချိန်၃နှစ်ပေးခဲ့ရပါတယ်။ ထိုကားပာာ ရှည်လျားတဲ့ မျက်နှာပြင်ရှိပြီး တံခါးနှစ်ဖက်မှာလက်ကိုင်မပါပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations