သူမကတော့မရည်ရွယ်ပါဘူးလို့ဆိုမှာဖြစ်ပေမယ့်။ဒါကြီိးက မျက်လုံးပြူးလောက်စရာအကျိုးသက်ရောက်မှုကြီိးပါ။

Kylie Jenner နဲ့ Jenner family အစုလိုက်အပြုံလိုက်ကြီးဟာ Netizens (တစ်ကမ္ဘာလုံးက အင်တာနက်အသုံးပြုသူများ)အပေါ်ကို ကြီးမားထည်ဝါတဲ့သြဇာအာဏာသက်ရောက်မှုရှိခဲ့တဲ့ကိစ္စဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းကဖြစ်ပျက်နေတာမို့မထူးဆန်းတော့တဲ့ကိစ္စပါ။ သူ့ရဲ့ဘာမှသိပ်မထူးခြားတဲ့နှုတ်ခမ်းနီိတွေ၊Make up brush တွေကို မတန်တဆဈေးနဲ့ရောင်းတာတောင် ခဏအတွင်း ပြိုက်ခနဲကုန်ကုန်သွားတာသာကြည့်။ခုဟာကြီးကတော့ Company ကြီးတစ်ခုလုံးကို share ဈေးတွေထိုးကျသွားအောင် ပိုက်ဆံတွေအများကြီးဆုံးရှုံးသွားအောင်ဒုက္ခပေးလိုက်တဲ့အဖြစ်ပါ။ company ကလည်း နှယ်နှယ်ရရ company မဟုတ်ပါဘူး။ Facebook တို Twitter တို့နဲ့တောင်ယှဉ်လို့ရတဲ့ လူသန်းပေါင်းများစွာသုံးနေကြတဲ့ Snap chat company ကြီးပါ။

ဖြစ်ပုံကဒီလိုပါ။ Company ရဲ့ အပြစ်လည်းမကင်းဘူးပေါ့လေ။မကြာသေးမီက Update တင်ပေးလိုက်တဲ့ snap chat ရဲ့ user interface ကို Kylie ကကြိုက်ပုံမရပါဘူး။Kylie မှမဟုတ်ဘူး ဘယ်သူမှလည်းမကြိုက်ကြပါဘူး။ Interface ကြီးက ပုံစံခပ်တုံးတုံးကြီးကိုး။မကြိုက်ပေမယ့်လည်းလူတွေက မကြိုက်ကြောင်းတင်ရုံအပြင်ဆက်သုံးနေကြတာပါပဲ။ဘာမှအထွေအထူးလုပ်ကြတာမဟုတ်ပါဘူး။Kylieဟာလည်း Snap chat အသုံးပြုသူတစ်ယောက်ပါပဲ။ဒါပေမယ့် Kylie က နာမည်ကြီးဖြစ်နေတာမှာ Snap Chat Company အတွက် ကံဆိုးမိုးမှောင်ကျသလိုဖြစ်သွားတာပါ။ Kylie က သူ့ရဲ့Twitter မှာ “Snapchat ကိုမသုံးတော့တာ ငါတစ်ယောက်တည်းလားကွ၊ဝမ်းနည်းစရာပဲ။”လို့အဓိပ္ပာယ်ရတဲ့စာကိုတင်ခဲ့ပါတယ်။အဲ့ဒီ့စာကိုတင်အပြီးမှာ Snapchat company ရဲ့ ကံဆိုးမှုတွေကစတော့တာပါပဲ။Snapchat အသုံးပြုသူဦးရေဟာ သိသိသာသာလျော့ကျသွားပြီး Company ရဲ့ share ဈေးနှုန်းတွေဟာလည်းထိုးကျသွားကာ share statements တွေကလည်း neutral ကနေ sell ကို တန်းပြောင်းသွားခဲ့ပါတယ်။ Companyက 7% ခန့် ငွေတွေဆုံးရှုံးခဲ့ပြီး ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာတစ်သန်းကျော်မယ်လို့သိရပါတယ်။Kylie က ဒီဆုံးရှုံးမှုအတွက် တာဝန်ရှိသလား။ဒါမှမဟုတ် Kylie ကိုဒီလိုစိတ်ပျက်စေတဲ့Company မှာပဲ တာဝန်ရှိသလားဆိုတာတော့ ခုထိလူတွေ ငြင်းခုန်လို့မပြီးသေးပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations