ကမ္ဘာ့နာမည်ကြီး အကျဉ်းထောင်တွေ အကြောင်း ဖော်ပြထားပါတယ် ။

ဘယ်နိုင်ငံတွေမှာ ရှိပါသလဲ ?

ဘယ်နိုင်ငံတွေမှာ ရှိပါသလဲ   ?

လူတိုင်းဟာ အကျဉ်းထောင်လို့ ဆိုလိုက်တာနဲ့  ရုပ်ရှင်တွေ တီဗွီတွေထဲကလို မိမိလုပ်မိတဲ့ အမှားတွေ အတွက် ဆိုးရွားစွာ ပြစ်ဒဏ်ခံစားရပြီး ကြောက်စရာ ဘ၀ကို အဆုံးသတ်သွားကြရတဲ့ နေရာ အဖြစ် ကြားရမြင်ရ ထင်မြင်ကြစမြဲ ။ ယုံချင်ယုံ မယုံချင်နေ ကြောက်စရာ အမှောင်ခန်း နှိပ်စက်မှု ၊ အန္တရာယ်တွေ ၊ ညံ့ဖျင်းတဲ့  ၀န်ဆောင်မှု ညံ့ဖျင်းတဲ့ အစားအသောက်တွေနှင့် ရင်ဆိုင်နေရသလို  ၄င်းကိုဆန့်ကျင် သွေဖယ်ပြီး လူသားဆန်မှုအပြည့်အ၀ပေးထားတဲ့  ဇိမ်ခံပစ္စည်းအပြည့်နဲ့  ကိုယ်ပိုင်အိမ်လို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ပေးထားတဲ့  အကျဉ်းထောင်တွေ ကမ္ဘာအနှံ့ ရှိနေပါတယ်။၎င်းတွေထဲက နာမည်ကြီး အကျဉ်းထောင် တွေကို ဖော်ပြပေးချင်ပါတယ် ။ ဘယ်လို လုပ်ဆောင်မှုတွေ လုပ်နေလို့ နာမည်ကြီးရသလဲဆိုတာ လေ့လာကြည့်ရအောင် ။

Halden Prison

Halden Prison

လူ့အခွင့်အရေး မျှတစွာရရှိမှုအတွက် နာမည်ကြီးတဲ့  နော်ဝေးနိုင်ငံရှိ Halden Prison အကျဉ်းထောင်ဟာ အလွန် တိတ်ဆိတ် အေးချမ်းစွာ ဖန်တီးပေးထားသဖြင့် အကျဉ်းထောင်ထဲမှာပင် သင့်ဘ၀ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းသွားချင်မှာ အမှန်ပါပဲ ။ အကျဉ်းသားတွေဟာ ကိုယ်ပိုင်အခန်း ၊ ကိုယ်ပိုင်ရေချိုးခန်း ၊ကိုယ်ပိုင်ရေခဲ သေတ္တာ ၊ ကိုယ်ပိုင်တီဗွီ စသဇြင့် အထူးသီးသန့် စီစဉ်ပေးထားပါတယ် ။ မိမိဆန္ဒရှိတဲ့ အချိန်မှာ ကော်ဖီပူပူကိုပင် အဆင်သင့် ရရှိနိုင်မှာ ဖြစ်ပါတယ် ။

Kresty Prison

Kresty  Prison

Kresty ထောင်ဟာ ရုရှားနိုင်ငံ ၊ စိန့်ပီတာစဘတ်မြို.မှာ တည်ရှိပြီး ၊ များစွာသော ထောင်သားတွေအတွက် မှောင်မိုက်မှုတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ နေရာတစ်ခုပါ ။ အခန်းတိုင်းဟာ လူတစ်ယောက်စာပဲ နေထိုင်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ အကျဉ်းသား ၂၀ လောက်ထိကို တစ်ခန်းထဲ အတူတူနေစေပါတယ်။

Cebu Prison

Cebu Prison

ဖိလစ်ပိုင်နိုင်ငံရှိ Cebu အကျဉ်းထောင်ဟာ ထောင်သားတွေကို ပြန်လည်ထူထောင်ပေးနိုင်စေရန် နည်းလမ်းကောင်းကို အသုံးပြုလျက်ရှိပါတယ် ။ အဲဒါက တော့ နာမည်ကြီး အကပညာရှင်တွေက ထောင်သားတွေကို သင်ကြားပေးပြီး ထူးခြားတဲ့ ကကွက်ဆန်းတွေ သရုပ်ဖော်ပုံတွေကို တင်ဆက်စေကာ ၄င်းပညာရှင်တွေ ကိုယ်တိုင် ဦးဆောင်ပြီး ရိုက်ကူးမှုတွေ ပြုလုပ်တင်ဆက်နေတာ ကြောင့် အင်တာနက်မှာ နာမည်ကြီးလာခဲ့ကြပါတယ် ။ ဒီနည်းလမ်းဟာ ထောင်သားတွေ ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းကို ပြန်ထည်ထူထောင်ပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလည်း ဖြစ်ပါတယ် ။

Canto Grande Prison

Canto Grande Prison

ဒီထောင်ကို shinning path လို့ တင်စားခေါ်ဝေါ်ကြပါတယ် ။ဒီထောင်မှာ တစ်သက်တစ်ကျွန်းကျတဲ့လူတွေကို ထားထားပြီး အစောင့်တွေရှိပေမယ့် ထောင်သားတွေဟာ သူတို့ရဲ. ကိုယ်ပိုင်စည်းကမ်းတွေနဲ့ သူတို့ဟာသူတို့ နေထိုင်ကြတာ ဖြစ်ပါတယ် ။

The Maricopa County Jail

The Maricopa County Jail

အာရီဇိုးနားရှိ The Maricopa County အကျဉ်းထောင်ဟာ အပူချိန် ၁၁၀ ဒီဂရီလောက် ပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ တဲငယ်ကလေးတွေနဲ့  နေကြရတယ် ။ အမျိုးသမီး အမျိုးသား ပြွတ်သိပ် ရောနှောနေထိုင်ကြရတာဖြစ်သလို အလွန်ပူပြင်း စိုထိုင်းတဲ့ ပတ်ဝန်းကျင်ကြောင့် ရွက်ဖျင်တဲမှာ နေရတာဟာ အတော်ဆိုးရွားတဲ့  အပြစ်ဒဏ်ပေးစနစ်လို့တောင် ယူဆလို့ရပါတယ် ။

The San Pedro Prison

The San Pedro Prison

တောင်အမေရိက ၊ Bolivia ရှိ The San Pedro အကျဉ်းထောင်ဟာ ငွေကြေးကြွယ်ဝ သူတွေ အဖို့  ဇိမ်ခံပစ္စည်း ၊ သီးသန့်ခန်း ၊ ကိုယ်ပိုင်မီးဖိုချောင် စသဖြင့် လိုတရနိုင်တဲ့  အကျဉ်းထောင်ဖြစ်တဲ့ လို့  ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ် ။

the Squirrel Cage Jail

the Squirrel Cage Jail

အ​မေရိကန်​နိုင်​ငံရှိ ​ရှေး​ဟောင်းမြို့ဖြစ်​တဲ့ Lowa မှာ တည်​ရှိခဲ့တဲ့ the Squirrel Cage အမည်​ရှိ အကျဉ်းထောင်​ဟာ ၁၉၆၉ ခုနှစ်​ ကတည်းက ပိတ်​လိုက်​ပြီး ဖြစ်​​သော်​လည်း ၎င်း၏တည်​​ဆောက်​ပုံ​ကြောင့်​ ခုထိ ထူးဆန်းတဲ့​ထောင်​အဖြစ်​ လူ​တွေ သတ်​မှတ်​​နေတုန်းပါပဲ ။ အကျဉ်း​ထောင်​ရဲ့ တည်​​ဆောက်​ပုံက​တော့ အကျဉ်းသားတစ်​​ယောက်​ဟာ အလယ်​ဗဟိုထိ သွားစရာမလိုပဲ တချိန်​တည်းမှာ အကျဉ်းသားအချင်းချင်း မျက်​နှာချင်းဆိုင်​ ​တွေ့မြင်​​နေရ​လေ​အောင်​ တည်​​ဆောက်​ထားတာ ဖြစ်​ပါတယ်​ ။

Aranjuez Prison

Aranjuez Prison

စပိန်နိုင်ငံမှာ တည်ရှိတဲ့ Aranjuez အကျဉ်းထောင်ဟာ အကျဉ်းသားတွေ နှင့် အတူ မိသားစုဝင်ကို နေခွင့်ပြုတဲ့အလေ့အထကြောင့် ကျော်ကြားပါတယ် ။ အသက်ငယ်သေးတဲ့ ကလေးငယ်တွေကိုသူတို့ သုံးနှစ်အရွယ်မတိုင်ခင်ထိ မိဘတွေ နဲ့ အတူ ထောင်ထဲမှာ နေခွင့်ပြုထားပါတယ် ။

Justizzentrum Leoben Prison

Justizzentrum Leoben Prison

သြစတြေးလျား နိုင်ငံမှာ ရှိတဲ့  Justizzentrum Leoben အကျဉ်းထောင်ဟာ တရားရုံးနှင့် အကျဉ်းထောင်ကို တဆက်တည်း ပူးပေါင်းထားတာ ဖြစ်ပါတယ် ။ပိုပြီး ဇိမ်ခံနိုင်တဲ့  ကြယ်ငါးပွင့်အဆင့် အပန်းဖြေနေရာလိုပါပဲ ။ အကျဉ်းထောင် အခန်းဖွဲ့ စည်းပုံတွေဟာ အလွန် သက်တောင့်သက်သာ တည်ဆောက်ထားပေးတာပဲ ဖြစ်ပါတယ် ။ ဒီအကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေက လူသားဆန်စွာ အကျဉ်းချခံထားရခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations