ဘယ်လိုထူးထူးဆန်းဆန်း အရာတွေလဲပေါ့ ရေချိုးခန်းမှာ မလုပ်သင့်ဘူး ဆိုတော့။ တကယ်တော့ထူးထူး ဆန်းဆန်း အရာတွေထဲကမဟုတ်ပဲကိုယ်တွေနေ့စဉ်နေ့တိုင်းလုပ်မိနေတဲ့ သတိမထားမိတဲ့ အရာတွေထဲကတစ်ချို့ပါပဲ...

1. ရေချိုးဆပ်ပြာနဲ့မျက်နှာမသစ်သင့်

ရေချိုးဆပ်ပြာနဲ့မျက်နှာမသစ်သင့်

 ရေချိုးတဲ့ အခါပဲဖြစ်ဖြစ် မျက်နှာသစ်တဲ့ အချိန်ပဲဖြစ်ဖြစ် ရေချိုးဆပ်ပြာနဲ့ မျက်နှာဆေးခြင်း မျက်နှာသစ်ခြင်းကိုရှောင်ပါ။ အဲ့လို အလွယ်နည်းနဲ့မျက်နှာသစ်တာမျိုး မလုပ်ပဲ မျက်နှာသစ်ဆပ်ပြာသုံးပြီး မျက်နှာ အသားရည်ကိုသန့်စင်ပါ။ မျက်နှာသစ်ဆေး မသုံးဖြစ်တဲ့ အခါ မှာ ရေချိုးကန်ထဲကသန့်ရှင်းတဲ့ရေနဲ့ပဲ မျက်နှာသစ်ပါ။ ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာသစ်ဆေးကို လုံးဝမလုပ်သင့်ပါဘူး။ ဒါဟာမျက်နှာရဲ့နူးညှုံတဲ့ အရည်ပြား အသားရည်ကို ထိခိုက်စေပါတယ်။

2. အမွှေးသန့်ရှင်းကိရိယာ များကို ရေချိုးခန်းထဲမှာကျန်မနေအောင်ဂရုစိုက်ပါ

အမွှေးသန့်ရှင်းကိရိယာ များကို ရေချိုးခန်းထဲမှာကျန်မနေအောင်ဂရုစိုက်ပါ

ဒါလည်း အရေးပါတဲ့ အချက်တစ်ချက်ပါ အမွှေးမျှင်ရိတ်တဲ့ ကိရိယာတွေကို ရေချိုးခန်းမှာ အသုံးပြုပြီးတဲ့ အခါ အပြင်ကိုပြန်လည်ယူဆောင်ဖို့မမေ့ပါနဲ့။ရေချိုးခန်းရဲ့ အဆိုဓာတ်ကြောင့်ဒီလို ကိရိယာတွေဟာ Batteria တွေပိုမိုပေါက်ဖွားစေနိုင်တာကြောင့် ထိုကိရိယာများကို အသုံးပြုပြီးပါကခြောက်သွေ့အောင်သုတ်ပြီးအစိုဓာတ်နည်းပါးတဲ့နေရာမှာထားဖို့လိုအပ်ပါတယ်။

3. ခြေဖ၀ါးကို ဆပ်ပြာများမျာတိုက်ဖို့မမေ့ပါနဲ့

ခြေဖ၀ါးကို ဆပ်ပြာများမျာတိုက်ဖို့မမေ့ပါနဲ့

 လူတစ်ချို့ဟာ ရေချိုးတဲ့နေရာမှာ တစ်ကိုယ်ရည်သန့်ရှင်းဖို့ဆပ်ပြာတိုက်ကြပေမဲ့ ခြေဖ၀ါးလိုနေရာမျိုးကို စိမ်ပြေလက်ပြေတိုက်ချွတ် ပွတ်တိုက်ပေးဖို့မေ့နေကြပါတယ်။ အပေါ်ပိုင်း ခန္ဓာကိုယ်ကိုသာ ဦးစားပေးပြီး တိုက်တာမျိုးရှိတက်ကြပါတယ်။ ဆိုတော့ ခြေဖ၀ါးဆို တာနေပူတဲ့အခါနေလောင်ဒဏ် မိုးရွာတဲ့ အခါ ရွံ့တွေဗွက်တွေ ဒဏ် စသည်ဖြင့် အထိခိုက်ခံရဆုံး အရာပါ။ ဒါကြောင့်ခြေဖ၀ါးကို ဆပ်ပြာများများတိုက်ချွတ်ပေးဖို့မမေ့ပါနဲ့။

4. အဆီ ထားရှိခြင်း

အဆီ ထားရှိခြင်း

ရေချိုးခန်းထဲမှာ ဖြစ်နိုင်ရင် အုန်းဆီိလို ချွဲပစ်ပစ် အရာမျိုး အဆီမျိုး လုံးဝမထားရှိရင် ပိုကောင်းပါတယ်။ ထိုအရာတွေဟာ မတော်တဆရေချိုးတဲ့နေရာမှာချော်ထွက်စေတဲ့ ပြဿနာမျိုးဖြစ်စေနိုင်တာမလို့ ရှောင်ရှားသင့်ပါတယ်။

5. ကိုယ်တိုက် Loofahများကို ရေချိုးခန်းထဲမထားခဲ့ပါနဲ့

ကိုယ်တိုက် Loofahများကို ရေချိုးခန်းထဲမထားခဲ့ပါနဲ့

  ရေချိုး ရင်း ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်တဲ့ အ၀တ်ဖက်လေးတွေကို အသုံးပြုပြီးတဲ့ အချိန်မှာရေချိုးခန်းထဲမှာမထားခဲ့ပါနဲ့။ ရေချိုးခန်းထဲမှာရှိတဲ့ အစိုဓာတ်ကြောင့်အ၀တ်ဖက်လေးတွေမှာကပ်ညှိနေတဲ့Batteria လေးတွေကို ပိုမိုပေါက်ဖွားစေနိုင်တာကြောင့် အသုံးပြုပြီးပါက ခြောက်သွေ့တဲ့နေရာတွေမှာထားဖို့လိုအပ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations