လေယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းခံ ခံခဲ့ရတဲ့လေယာဉ်မယ်တစ်ယောက်အလုပ်ထုတ်ခံရ

တရုတ်နိုင်ငံရဲ့လေကြောင်းလိုင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့လေယာဉ်မယ်လေးဟာ တစ်ရက်မှာတော့သူမတာဝန်ယူထားတဲ့လေကြောင်းလိုင်းကလေယာဉ်ပေါ်မှာ ထင်မထားခဲ့တဲ့သူမချစ်သူဆီက လက်ထပ်ခွင့်တောင်းခံမှုကိုခံခဲ့ရပါတယ်။ Romantic ဆန်ဆန်လေးလက်ထပ်ခွင့်အတောင်းခံခဲ့ရတဲ့သူမဟာအတိုင်းမသိဆိုသလိုသူ့ဝမ်းသာနေခဲ့ပါတယ်။ သူမနဲ့သူမချစ်သူကိုကြည့်ပြီး လေယာဉ်ပေါ်ကလိုက်ပါစီးနှင်းလာသူတွေကလည်းထပ်တူကြည်နူးနေကြပါတယ်။ သူတို့ချစ်သူနှစ်ဦးပုံတွေကိုဓာတ်ပုံဝိုင်းရိုက်ရင်း လေယာဉ်ကြီးတစ်ခုလုံးဆူဆူညံညံနဲ့ပျော်နေခဲ့ကြပါတယ်။ ဒီလိုဖြစ်ပြီနောက်တစ်နေ့မှာပဲ သူမကိုအလုပ်ကထုတ်ပယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလိုလေယာဉ်ပေါ်မှာသူမရဲ့ Personal ကိစ္စအတွက်ပျော်နေတာကြောင့်ခရီးသည်တွေကို ဂရုစိုက်ဖို့အချိန်လျော့နည်းပြီးတာဝန်မကျေသလိုဖြစ်စေခဲ့တယ်လို့ဌာနကသတ်မှတ်ပြီးသူမကို အလုပ်ဖြုတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အားလုံးအုတ်အုတ်ကြွပ်ကြွပ်ဖြစ်သွားကြပါတယ်။ တစ်ချို့သောလူတော်တော်များများဟာလေယာဉ်မှာအပြစ်မရှိကြောင်း၊ ဒီလိုဖြစ်သွားတဲ့ကိစ္စမှာ ဘယ်ခရီးသည်မှထိခိုက်သွားခြင်းမရှိကြောင်း ဒါကြောင့်အလုပ်ထုတ်တဲ့ကိစ္စကမတရားကြောင်းထင်မြင်ယူဆခဲ့ကြပါတယ်။ တစ်ဖက်မှာလည်းဒီလေယာဉ်မယ် couple ဟာ သူတို့ဘာသာတစ်နေရာသွား မ Ro ပဲအလုပ်ချိန်လာ Ro တာဟာအမှားဖြစ်ကြောင်းထင်မြင်ယူဆခဲ့ကြပါတယ်။ ဒီလိုအမျိုးမျိုးသော ထင်မြင်ယူဆချက်တွေပေးနေကြပင်မဲ့ လေယာဉ်ပေါ်မှာလက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ လေယာဉ်မယ်လေးကတော့ အလုပ်ပြုတ်ဖို့ဖြစ်လာခဲ့ပါတယ်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations