သိတတ်လွန်းသူလို့ဆိုရမလားပါပဲ...

ဘယ်လိုတောင်ကျေးဇူသိတတ်တဲ့ အမျိုးသားလဲဗျာ...တကယ်ကိုလေးစားမိတာတော့အမှန်ပါပဲ။ ဘာကြောင့်ကျွန်တော်သူ့ကို အဲ့လောက်လေးစားနေရလဲသိချင်ကြမှာပေါ့...ဒါကတော့ဒီလိုပါ လူလတ်ပိုင်းအမျိုးသားဆရာဝန်တစ်ဦးဟာ အသည်းအစားထိုးဖို့ခက်ခဲနေတဲ့ အမျိုးသမီးကြီးတစ်ဦးကို သူ့ရဲ့အသည်း ၆၇% ကြီးပေးလှူလိုက်တာပါပဲ။ လူတစ်ယောက်ရဲ့အသက်ကိုလှူဖို့အသည်းအစားထိုးလိုက်တာ ဘာထူးဆန်းလို့လဲပေါ့ ဟုတ်ပါတယ်။ တကယ်ထူးဆန်းတာကတော့ သူလှူလိုက်တဲ့သူက သူ့ရဲ့မူလတန်းတုန်းကအရိုက်ကြမ်းတဲ့ဆရာမဖြစ်နေတာပါပဲ။ သူ့ဆရာမဖြစ်သူလူနာရှင်ဟာ အသည်းအလှူရှင်၈ဦးနဲ့တွေ့ဆုံခဲ့တာတောင်အဆင်မပြေမှုအမျိုးမျိုးကြောင့် အသည်းအစားထိုးဖို့ခက်ခဲနေခဲ့ပါတယ်။ ဒီကိစ္စကို လူနာရှင် ဆရာမကြီးရဲ့သမီးဖြစ်သူင်္ဆီကနေသိရတဲ့ကျောင်းသားဟောင်းဆရာဝန်လေးဟာသူ့ရဲ့မှတ်မှတ်ရရစည်းကမ်းကြီးပြီးအရိုက်ကြမ်းတဲ့ဆရာမကို ကျေးဇူးဆပ်တဲ့အနေနဲ့အသည်းလှူဖို့ကြိုးစားခဲ့ရာမှာတော့အထမြောက်သွားခဲ့ပါတယ်။ မူလတန်းဆိုတဲ့အချိန်ဟာနှစ်အတော်ကြာပြီဖြစ်ပင်မဲ့ သူ့စိတ်ထဲမှာဒီဆရာမကြီးအပေါ်သိတတ်စိတ်နဲ့ကျေးဇူးဆပ်ချင်စိတ်ကတော့လေးစားစရာပါပဲ။ ငယ်ငယ်တုန်းကစည်းကမ်းတွေကြီးအရိုက်တွေကြမ်းခဲ့လို့သာဒီလိုနေရာကို သူတို့ရောက်လာနိုင်တာပါလားဆိုတဲ့စိတ်လေးနဲ့ တစ်ချိန်တုန်းကဆရာဖြစ်ခဲ့သူကိုကျေးဇူးတွေတင်နေတော့တာပါပဲ။ သူ့ရဲ့လှူတန်းမှုလေးကရိုးရိုးလေးလို့ထင်ရပင်မဲ့သူ့ရဲ့စိတ်စေတန်ာနဲ့ ဆရာမအပေါ်ထားတဲ့သိတတ်စိတ်ကတော့လေးစားစရာပါပဲ....

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations