မိခင်ကြီးမှာ မျက်ရည်တောင်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်...

တရုတ်နိုင်ငံအရှေ့ဘက်ခြမ်းကမြို့တစ်မြို့မှာနေထိုင်သူ အမေတစ်ခုသမီးတစ်ခုမိသားစုလေးဟာသိပ်ကိုကြည်နူးချစ်စရာကောင်းတဲ့အမှတ်တရတွေကိုဖန်တီးခဲ့ကြပါတယ်။ မိခင်ကြီးမှာ ယောက်ျားသေဆုံးပြီးကတည်းက မုဆိုးမအဖြစ်အထီးကျန်စွာရပ်တည်ခဲ့ရပါတယ်။ ဒါကိုသမီးဖြစ်သူက သူ့ဖခင် မလုပ်ခဲ့ရတဲ့တာဝန်တွေကိုသူဆက်လက်ထမ်းဆောင်းရင်း မိခင်ကြီးကိုစိတ်ချမ်းသာအောင်ထားမယ်လို့ရည်ရွယ်ခဲ့ပါတယ်။ သူမမိခင်ကို အသစ်အဆန်းလေးနဲ့ကြည်နူးပျော်ရွှင်စေတာကြောင့် ဒီလို Photo shooting လေးတစ်ခုဖန်တီးခဲ့ပါတယ်။ မိခင်နဲ့အတူ ခပ်လန်းလန်းဓာတ်ပုံလေးတွေရိုက်ခဲ့ပြီး ဓာတ်ပုံတွေကြားထဲမှမိခင်ကြီးကိုသတို့သမီးဝတ်စုံလေး ၀တ်ပြီးရိုက်ထားတာလေးဟာ အင်မတန်ကိုရင်ထဲထိရှစေပါတယ်။ သူ့မိခင်ကြီးအသက်၆၉နှစ်အရွယ်ထိတစ်ခါမှမ၀တ်ဖူးသေးတဲ့အနောက်တိုင်းသတို့သမီးဝတ်စုံကိုဝတ်စေခဲ့ပြီးသတို့သမီးလေးတစ်ယောက်ကဲ့သလို့ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ သူ့မိခင်ကြီးခမျာသမီးရဲ့စီစဉ်မှုကိုအတိုင်းမသိကြည်နူးဝမ်းသာခဲ့ရပါတယ်။ ကဲ...သားအမိနှစ်ယောက်ရဲ့ပုံလေးတွေကိုကြည့်ပြီးသူတို့နဲ့ထပ်တူ ကြည်နူးမှုတွေမျှဝေခံစားလိုက်ကြပါအုံးနော်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations