ရှက်စရာမဟုတ်ပဲသိထားသင့်တဲ့ အချက်လေးတွေပါပဲ...

အခုခေတ်မှာ ဒါမျိုးဆိုတာရှက်စရာကိစ္စရယ်တော့မဟုတ်တော့ပါဘူး။ တစ်ချို့ကိစ္စတွေဆို ပညာပေးအနေနဲ့တောင်သိသင့်တာမျိုးတွေအများကြီးရှိပါတယ်။

ချစ်ရေးချစ်ရာ တစ်ခုမှာ လိင်မှုရေးရာကိစ္စဆိုလည်း မပါမဖြစ်မရှိမဖြစ်ထဲကတစ်ခုမဟုတ်လေဘူးလား။ တစ်ယောက်နဲ့တစ်ယောက်အချစ်တွေတိုးလာဖို့ သံယောဇဉ်တွေ

ပိုမိုများလာဖို့ ဒီလိုလိင်မှုရေးရာကိစ္စတွေကလည်းရာခိုင်နှုန်းတော်တော်များများ အရေးပါနေတယ်ဆိုတာ အမှန်ပါ။ လိင်မှုဆက်ဆံစဉ်မှာ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက် အယူအဆနဲ့ယောက်ျားလေးတစ်ယောက်

ရဲ့ အယူအဆတွေက အနည်းငယ်မတူညီတာလေးတွေရှိတတ်ကြပါတယ်...

(၁) လိင်မှုရေးရာကိုလုပ်ဆောင်ချင်တဲ့အချိန်(လိင်စိတ်များတဲ့အချိန်)

လိင်မှုရေးရာကို လုပ်ဆောင်ချင်တဲ့စိတ်က ယောကျာ်းလေးတွေဟာ အချိန်နဲ့အမျှကိုဖြစ်နေတာပါ။ ဒီလိုပြောတာကအချိန်တိုင်း sex ကိစ္စလုပ်နေတာမျိုးတော့မဟုတ်ပါဘူး။ တွေ့တဲ့သူတိုင်းနဲ့လုပ်နေတာမျိုးကိုလည်းမဆိုလိုပါဘူး။ သူတို့

စိတ်ထဲမှာ ကိုက ယောကျာ်းတိုင်းရဲ့ ပင်ကိုသန္ဓေကိုက အဲ့စိတ်ရှိပြီးသားပါ။ ဒါကို အပြစ်တော့ပြောလို့မရပါဘူး။ ဒါပင်မဲ့ ဒီကိစ္စဟာငယ်ရွယ်တုန်းမှာပဲ ပိုဖြစ်ကြတာပါ။ အသက်၅၀နောက်ပိုင်း

ရောက်သွားတဲ့အမျိုးသားတွေဟာ လိင်မှုကိစ္စကို စိတ်ရောလူပါ သိပ်စိတ်ဝင်တစားမရှိတတ်ကြတော့ပါဘူး။ မိန်းမတွေကတော့ ဒီလိုစိတ်ကိုအချိန်တိုင်းဖြစ်နေကြတာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် ဓမ္မတာ လာတဲ့အချိန်နဲ့ကပ်နေတာမျိုးမှာတော့ကာမစိတ်ပြင်းပြတတ်ကြပြီး

ကျန်အချိန်တွေမှာတော့ ပုံမှန်စိတ်လောက်ပါပဲ။ ယောကျာ်းလေးတွေလိုတော့အချိန်တိုင်းသိပ်ပြီးကာမကိုမက်မောနေတတ်တာမျိုးမဟုတ်ပါဘူး။ ဒါပင်မဲ့သူတို့ရင်ခုန်စိတ်လှုပ်ရှားရတဲ့သူနဲ့ ထိတွေ့မှုမျိုးရှိလာရင်တော့ ဖြစ်ပေါ်လာတတ်ကြပါတယ်။

မိန်းကလေးတွေက ငယ်ရွယ်တုန်းမှာလည်းကာမစိတ် ရှိသလို အသက်ကြီးတဲ့ထိလည်းဆက်ဆံချင်စိတ်ကလျော့နည်းသွားခြင်းမရှိတတ်ကြပါဘူး။ လင်မယားနှစ်ယောက်မှာ အမျိုးသားကအသက်၅၀ကျော်ရင် ဒါတွေလုပ်ဖို့ အင်းအားလျော့နည်းလာသလိုအမျိုးသမီးတွေကတော့ ပိုပြီးနေချင်လာတတ်ကြပါတယ်။

ဒီလိုအချိန်ကလိင်မှုရေးရာနဲ့ပတ်သတ်ရင်နှစ်ဦးနှစ်ဖက် နားလည်မှုပေးရမဲ့အချိန်ပါပဲ။

(၂) စိတ်ခံစားချက်

ယောက်ျားလေးတွေအတွက် ကာမစိတ်ဟာ သဘာဝဖြစ်နေပင်မဲ့ မိန်းကလေးတွေကတော့ သိသာသိစေမမြင်စေနဲ့ဆိုသလို ရှက်ရွံ့စွာနဲ့သူတို့ရဲ့စိတ်ကိုဖြေလေ့

ရှိပါတယ်။ 

(၃) ကျေနပ်အားရမှုဆိုတာ

ယောက်ျားလေးတော်တော်များများရဲ့ ကာမစိတ်ကကောက်ရိုး မီးလိုပါပဲ။ သုတ်ရည်ထွက်သွားပြီးလို့လိင်မှုအထမြောက်သွားရင် ကျေနပ်အားရသွားတတ်ကြတာမျိုးပါ။ မထွက်ခင်သာ

အရမ်းတွေစိတ်ကြွချင်ကြွမယ်...ကျေနပ်အားရသွားရင်တော့ ငြိမ်ကျသွားတာပါပဲ။ မိန်းကလေးတွေကတော့ ဒီလောက်ပဲလိုချင်တာအမဟုတ်ပါဘူး။ အထူးသဖြင့်ကိုယ့်ချစ်သူနဲ့ဆက်ဆံတဲ့အခါ အထိတွေ့အနူးအညံ့တွေကိုမက်မောတတ်ကြပါတယ်။

ဆက်ဆံရုံလောက်နဲ့ပြီးသွားတာမျိုးထက် Romatic ဆန်ဆန် အထိအတွေ့နဲ့စတင်ပြီး အားရမှုရှိတဲ့ လိင်မှုဆက်ဆံရေးမျိုးနဲ့ပြီးဆုံးမှသာ ကျေနပ်အားရမှုအစစ်မှန်ကိုရရှိတတ်ကြတာပါ။ မိန်းကလေးတွေကတော့ဖွဲမီးလို့ဆိုရမှာပဲ...အစပိုင်းအဲ့လောက်စိတ်မရှိပင်မဲ့ နေရင်းနဲ့

တစ်ဖြည်းဖြည်းစိတ်ကြွလာတာမျိုးပါ။ 

ဒီလိုအချက်လေးတွေကြောင့်  ချစ်သူနှစ်ဦးကြား (သို့) လင်မယားကြား မှာ လိင်ပိုင်းဆိုင်ရာအားဖြင့် ဆက်ဆံတဲ့အခါတစ်ယောက်နဲ့တစ်ယောက်နားလည်မှုလေးနဲ့အပေးယူမျှတမယ်ဆိုရင်သင်တို့ရဲ့အချစ်ရေးမှာ ဒီလိုကိစ္စတွေနဲ့ပတ်သတ်ပြီး အခြေနေအကြီးကျယ်ပြောနေစရာမ

လိုတော့ပါဘူး။ လိင်ပိုင်းဆိုင်ရာဆိုတာသဘာဝမလို့ရှက်သင့်တဲ့နေရာမှာသာရှက်ပြီးပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတိုင်ပင်သင့်တဲ့နေရာမှာတော့ပြောဆိုသင့်ပါတယ်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations