ကလေးမိဘတွေကြားထိုးထိုးထောင်ထောင်နဲ့လမ်းလျှောက်လာတဲ့ဒိုင်နိုဆောကြီးကဘာလားပေါ့...

တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရဲ့ကလေးမူကြိုတစ်ခုမှာ မိဘတွေကြားထဲ လမ်းလျှောက်လာတဲ့ဒိုနိုဆောကြီးဝတ်စုံကြီးနဲ့လူထူးဆန်းတစ်ယောက်ပါလာခဲ့ပါတယ်။ မိဘတွေအားလုံးကသူတို့သားသမီးလေးတွေကိုကျောင်းလာကြိုတဲ့ကြားထဲမှ ဒီဒိုင်နိုင်ဆောကြီးကဘာလာလုပ်တာလဲပေါ့...အစစ်မဟုတ်မှန်းတော့ မိဘတိုင်ကသိနှင့်ပြီးသားပါ။ ဒါပင်မဲ့လည်းထူးဆန်းနေတာတော့အမှန်ပဲ....မိဘလူအုပ်တွေကြားတိုးပြီး မိဘတွေကို မျှော်နေတဲ့ကလေးတွေအုပ်စုကြားကိုရောက်သွားကာ ကလေးမလေးတစ်ယောက်နားမှာ သွားရပ်နေခဲ့ပါတယ်။ ကလေးမလေးကဒိုင်နိုဆောကိုမြင်မြင်ချင်းကြောက်စိတ်မဖြစ်သွားပဲ ပျော်ပျော်ရွှင်ရွှင်ပဲဒိုင်နိုဆောကြီးကို ကြိုဆိုလိုက်ပါတယ်။ ရဲရင့်တဲ့ကလေးလေးလို့တော့ဆိုရမှာပါပဲ။ ဒိုင်နိုဆောကြီးက ကလေးမလေးကို ကောက်ချီလိုက်ချိန်မှတော့ကလေးမလေးသိလိုက်ရတာ ဒါသူ့ရဲ့ဖခင်ဆိုတာပါပဲ။ ဒီVideoလေးကို Social Media ပေါ်တင်ခဲ့ရာမှာတော့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေဟာနာမည်ကြီးလာခဲ့ပြီး တရုတ်ကအင်တာနက်အသုံးပြုသူတွေကြား သဘောကျစရာဖြစ်နေပါတော့တယ်။ သမီးလေးကို Surprise လုပ်တဲ့ဖေဖေနဲ့ ရဲရင့်တဲ့သမီးလေး တို့ကတော့ တကယ်ကိုချစ်စရာကောင်းနေတော့တာပါပဲ... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations