ခန္ဓာကိုယ်အစိတ်အပိုင်းအပိုတွေပါခဲ့ကြတဲ့ လူထူးဆန်းများ...

1. Deepak Paswan

Deepak Paswan

အိန္ဒိယနိုင်ငံသားဖြစ်တဲ့ ဒီကလေးလေးဟာ သူ့ရဲ့ငယ်ဘ၀ကို ခန္ဓာကိုယ်အပိုကြီးနဲ့ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။ သူ့ရဲ့ရင်ဘတ်မှာ ကိုယ်ပွားလို နောက်တစ်ယောက်ထပ်ပါနေပြီး ဒီကိုယ်ပွားဟာခေါင်းမပါတဲ့ အမြွှာပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှာ အောင်မြင်ပြီး အခုတော့လူကောင်းတစ်ယောက်လိုရှင်သန်နေထိုင်နေပါပြီ။

2. Hong Hong

Hong Hong

၂၀၁၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့  Hong Hong ဆိုတဲ့ကလေးလေးဟာ ခြေချောင်း၁၆ချောင်းနဲ့ လက်ချောင်း၁၅ချောင်းပါတဲ့ ကလေးလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ မျိုးရိုးလိုက်တယ်လို့ဆိုရမလားပါပဲ။ ကလေးလေးရဲ့မိခင်ဖြစ်သူကလည်း လက်တစ်ဖက်စီမှာ လက်ခြောင်း၆ချောင်းရှိတဲ့ ထူးရှားလူသားပါ။ ကလေးလေးနဲ့မိသားစုကပြေလည်တော့ ကလေးကို $3000 နဲ့ခွဲစိတ်ကုသပေးခဲ့ပါတယ်။

3. Myrtle Corbin

Myrtle Corbin

၁၈၈၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဒီအမျိုးသမီးဟာဆိုရင်တော့ ခြေချောင်း လေးချောင်းပါတဲ့ လူထူးဆန်းတစ်ဦးပါ။ သူမရဲ့ခြေထောက်တွေဟာ အသေးနှစ်ချောင်းအကြီးနှစ်ချောင်းဖြစ်ပြီး အကြီးနှစ်ချောင်းထဲမှာ အသေးနှစ်ချောင်းက၀င်နေတာဖြစ်ပါတယ်။ ပိုသာပိုတာ ဒီခြေထောက်လေးချောင်းလုံးက သူ့အတွက်အသုံးမ၀င်ခဲ့ပါဘူး။ လမ်းလျှောက်လို့မရတဲ့သူ့ဘ၀ဟာအသက် ၆၀ အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။

4. Yin Xin

 Yin Xin

တရုတ်နိုင်ငံက ရင်ရင်ဆိုတဲ့ကလေးမလေးဟာသူမရဲ့ကျောမှာ ကလေးတစ်ယောက်ကို လွယ်ပြီး နေခဲ့ရသူပါ။ သူမရဲ့ကျောမှာ မမွေးရသေးတဲ့ လူအသေးလေတစ်ယောက်ရှိနေပြီး ဒီကလေးလေးကိုသူမကျောမှာတစ်ချိန်လုံးထမ်းခဲ့ရတာပါ။ သူမရဲ့ဖြစ်ရပ်ကတော်တော်ဆန်းကြယ်တော့ ခွဲစိတ်ဖို့ကိုတော်တော်ကြိုးစားယူကြရပါတယ်။ နောက်ဆုံးမှာတော့ ကျွမ်းကျင်ဆရာဝန်တွေရဲ့လုံးပမ်းချက်နဲ့၂၀၀၇ ခုနှစ်မှာ ရင်ရင်ကို ပုံမှန်လူတစ်ယောက်ခန္ဓာကိုယ်ဖြစ်အောင် အနောက်ကအပိုကြီးကိုခွဲထုတ်နိုင်ခဲ့ပါတယ်။

5. Didier Montalvo

Didier Montalvo

၂၀၀၆ ခုနှစ် Colombo မှာမွေးဖွားခဲ့တဲ့ကောင်လေးဟာ အသားပိုလိုလို မှည့်အကြီးစားလိုလို အဖုကြီးကို ကျောပေါ်မှာသယ်ပြီးမွေးလာခဲ့ရပါတယ်။ ဒီအရာကြီးကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တဲ့ ဆေးရုံးဆေးခန်းမရှိလို့ သူ့မိသားစုရောကောင်လေးပါစိတ်ဒုက္ခများခဲ့ရပါတယ်။ နှစ်အနည်းငယ်ကြာမှာတော့ ကံကောင်းစွာနဲ့ UK ကဆေးရုံတစ်ခုမှာခွဲစိတ်အောင်မြင်ပြီးနောက်ဆုံးပျော်ရွှင်စွာနေထိုင်နေရပါတယ်။

6. Kang Kang

Kang Kang

မျက်နှာများတဲ့သူတွေဆို ရင်လူတွေက မျက်နာနှစ်ခုနဲ့လူ ဘာညာနဲ့ပြောတတ်ကြပါတယ်။ မျက်နှာနှစ်ခုနဲ့လူကစကားမှာတင်ရှိတာမဟုတ်ပါဘူး။ တကယ်လည်းအပြင်မှာ မျက်နှာနှစ်ခုနဲ့မွေးဖွားခဲ့တဲ့သနားစရာကလေးလေးရှိခဲ့ပါတယ်။ တရုတ်နိုင်ငံကဒီကလေးလေးက မွေးရာပါမျက်နှာနှစ်ထပ်နဲ့ဖြစ်ပြီး ၁၀၀မှာတစ်ယောက်ရှားပါးတဲ့ လူထူးဆန်းလေးဖြစ်ခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations