သနားစရာလေးပါကွာ...

Changchun မှာနေထိုင်သူ အသက်၅နှစ်အရွယ်ကောင်လေးဟာ သိပ်ကိုသနားစရာကောင်းတဲ့ကလေးလေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်စီးတဲ့ရောဂါကို ခံစားနေရပြီး ဖောသွပ် တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့အပြင် တစ်ခြားသွေးနဲ့ပတ်သတ်တဲ့ရောဂါကိုပါခံစားနေရရှာသူပါ။ သူ့အသက် ၁၄လသားလောက်ထားကသွေးတိုးတဲ့ရောဂါကို ခံစားခဲ့ရပြီး အဲ့နောက်ပိုင်းမှာကျောက်ကပ်ပါ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ သူ့မိဘတွေလည်းကလေးရဲ့ရောဂါကို ကုသနိုင်ဖို့နည်းမျိုးစုံရောင်းချကုသရင်း နောက်ဆုံးအိမ်ပါရောင်းပြီးကုသပေးခဲ့ပါတယ်။ ဒါပင်မဲ့ စိတ်ဓာတ်မာတဲ့ကလေးလေးဟာ အွန်လိုင်းပေါ်မှာ ထူးခြားတဲ့ ဗုဒ္ဓ ပုံစံကို လုပ်ပြရင်း လူမှုကွန်ယက်တစ်ခွင်ခေတ်စားခဲ့ပါတယ်။ ဒီလိုအွန်လိုင်းကျော်ကြားသူလေးဖြစ်လာရင်းကနေ သူ့ကိုသနားပြီးချစ်တဲ့ ပရိတ်သတ်တွေများပြားခဲ့ပါတယ်။ ဒီလိုနဲ့ကလေးလေးဟာအွန်လိုင်းကနေပိုက်ဆံရှာနိုင်ခဲ့ပြီးသူ့ဆေးဖိုးအတွက်သူ့မိဘတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးခဲ့ပါတယ်။ သိပ်သနားစရာလည်းကောင်သလိုလေးစားစရာကောင်လေးပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations