သနားစရာလေးကွာ...

တရုတ်နိုင်ငံမှာ နေထိုင်သူ YanYan ဆိုသူ၃နှစ်အရွယ်ကလေးမလေးဟာ အသက်ငယ်ငယ်လေးနဲ့ ရင်သားကင်ဆာရောဂါကြီးကိုခံစားနေရသူလေးပါ။ သူမအရွယ်လေးနဲ့ရင်သားကင်ဆာဆိုတာ ဖြစ်မယ်လို့တောင်ထင်မထားရတဲ့ရောဂါကြီးပါ။ သူမရဲ့အမေကသူ့သမီးလေးရဲ့ဘယ်ဘက်ရင်ဘတ်မှာ ထူးဆန်းတဲ့အရိပ်ယောင်ပြနေလို့ ဆေးခန်းလာပြရင်းကနေကလေးရဲ့ဘယ်ဘက်ရင်သားဟာ ကင်ဆာဖြစ်နေကြောင်းကိုတွေ့ရှိရပါတယ်။ သိသိချင်းပဲ ဆရာဝန်တွေရောမိဘတွေပါအားလုံးအံ့သြသွားကြတာတော့တကယ်ပါ။ ကလေးမလေးဟာ အရွယ်မတိုင်ခင် လွန်ကျွံတဲ့ဟော်မုန်းတွေများကာ ဒီလိုဖြစ်ရတယ်လို့ကောက်ချက်ချပါတယ်။ ဒါကြောင့်ကလေးမလေးကို တရုတ်နိုင်ငံကဆေးရုံတစ်ခုမှာတက်စေပြီးကုသခွဲစိတ်ပေးရာ မှာ အောင်မြင်သွားခဲ့ပါတယ်။ ကမ္ဘာ့ပထမဦးဆုံး ကင်ဆာရောဂါကိုတွန်းလှန်ုနိုင်တဲ့ အသက်ငယ်ငယ်ကလေးလေးလို့ဆိုရမှာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations