ဘာကြောင့်ပိတ်ဖို့ဖြစ်လာသလဲ

Paris မြို့မှာဖွင့်လှစ်ထားတဲ့ O’Naturel လို့အမည်ရတဲ့ စားသောက်ဆိုင်ဟာ ၀တ်လစ်စလစ်နဲ့စားသုံးရတဲ့ထူးခြားတဲ့ဆိုင်တစ်ခုပါ။ လူတော်တော်များများက လွတ်လွတ်လပ်လပ်ပေါ့ပေါ့ ပါးပါး စားသုံးတဲ့စတိုင်မျိုးဖြစ်ပြီး တစ်နေ့တစ်နေ့ဆိုင်မှာ လူတော်တော်များခဲ့ပါတယ်။ ဒါပင်မဲ့ မကြာခင်ကပဲ ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်ရဲ့ပြောကြားချက်အရ ငွေရေးကြေးရေးအရှုပ်အရှင်းတစ်ချို့ရှိလို့ဆိုင်ကို မကြာခင်ပိတ်တော့မယ်လို့သိရပါတယ်။ ဆိုင်ကိုစဖွင့်ကတည်းက တစ်ခဲနက်အားပေးတဲ့သူတွေကိုသိပ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောကြားပြီးသူတို့ဆိုင်ကိုမကြာခင်ရက်ပိုင်းအတွင်းပိတ်သိမ်းတော့မှာကိုလည်းပြောကြားခဲ့ပါတယ်။ ဒီလိုဆိုင်မျိုး ပိတ်သိမ်းလိုက်တာ တစ်ချို့သောသူတွေအတွက်တော့နှမြောစရာကိစ္စတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations