ကိုယ်တွေအတွက် ထိတ်လန့်စရာကြီးတွေဆိုပင်မဲ့ သူတို့အတွက်ကတော့ ရိုးရာ တာဝန်တစ်ခုလိုပါပဲ...

1. Nakizumo Baby Crying Festival – Japan

Nakizumo Baby Crying Festival – Japan

ကလေးတွေကို ငိုအောင်လုပ်တဲ့ပွဲဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းပါပဲ။ ဒီပွဲတော်ကို ဂျပန်နိင်ငံမှာ ကျင်းပတာဖြစ်ပြီး ဒီပွဲတော်ကျင်းပတဲ့နေ့မှာ မိခင်တွေနဲ့ အသက်တစ်နှစ်ကျော်အရွယ်ကလေးလေးတွေကို ဖိတ်ကြားခဲ့ပါတယ်။ တစ်ခါပြိုင်ရင်ကလေးနှစ်ယောက်တစ်တွဲစီ ပြိုင်ရတာဖြစ်ပြီး ကလေးလေးနှစ်ယောက်ကို ၀ိတ်ကြီးကြီးနဲ့လူနှစ်ယောက်ကတစ်ယောက်စီချီထားပါတယ်။ ဒီကလေးနှစ်ယောက်တည်းကမှ ၀ီစီမှုတ်တဲ့အခါ ပထမဦးဆုံး သောငိုတဲ့ကလေးကအနိုင်ရရှိပြီး ပြိုင်တူငိုရင်တော့တစ်ခြားပုံစံတစ်ခုနဲ့ထပ်မံငိုဖိုယှဉ်ပြိုင်ကြပါတယ်။ဒါမှထပ်တူနေရင်တော့ အသံအကျယ်ဆုံ့းကလေးကနိုင်တာပါပဲ။ ဒီပြိုင်ပွဲကိုကျင်းပရခြင်းဟာ ကလေးလေးတွေကို အသံကျယ်ကျယ်နဲ့အားပါးတရငိုစေချင်လို့ဖြစ်ပြီး ဒီလိုငိုစေချင် တာကလည်း ကလေးတွေအားပါးတရငိုခြင်းဟာဖွံ့ဖြိုးမှုအားပိုကောင်းပြီး ကလေးတွေအတွက်ပိုပြီးကျန်းမာစေတယ်ဆိုတဲ့အယူအဆကြီးကြောင့်ပဲဖြစ်ပါတယ်။

2. Baby Dropping Ritual – India

Baby Dropping Ritual – India

ဒီအစဉ်လာကတော့ ကိုယ်တွေအမြင်မှာတကယ်ကို ထိတ်လန့်စရာအပြုမူပါပဲ။ ကလေးသေးသေးလေးကို ဘယ်သူက ဒီလို အမြင့်ကနေဖြုတ်ချဖို့ စိတ်ကူးရဲမှာပါလိမ့်။ ဒီအစဉ်လာကို အိန္ဒိယနိုင်ငံမှာ ၂၀၀၉ ခုနှစ်ယောက်ကတည်းက တားမြစ်ထားခဲ့တာဖြစ်ပြီး တစ်ချို့သော အစွဲလမ်းကြီးသူတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ဒီပွဲတော်ဟာကလေးငယ်တစ်ယောက်စီကို အမြင့် ၅၀မီတာကနေ အောက်ကိုပစ်ချတာဖြစ်ပြီးအောက်မှာကလေးငယ်ကို ဖမ်းဖို့လူ၁၅ယောက်ဟာ မွေ့ယာလို့ဟာမျိုးကို ခင်းပြီးစောင့်နေခဲ့ပါတယ်။ ဒီပစ်ချလိုက်တဲ့ကလေးကို အောက်ကအမျိုးသားတွေကဖမ်းပြီးတစ်ယောက်တစ်လှည့် မြှောက်ပင့်ပေးခြင်းဖြင့် လူ၁၅ယောက်ပြည့်သွားမှ ကလေးရဲ့မိခင်ဆီကလေးကိုပြန်အပ်ရတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာကလေးရဲ့ကျန်းမာရေးကိုကောင်းစေပြီး ဒီကလေးဟာမိသားစုအတွက်အလားလာကောင်းတဲ့ကလေးဖြစ်နိုင်တယ်လို့လည်းအစွဲထားခဲ့ကြပါတယ်။

3. Phuket Vegetarian Festival

Phuket Vegetarian Festival

ကမ္ဘာပေါ်က ပွဲတော်တွေထဲမှာမှ သိပ်ကို ထူးခြားတဲ့ပွဲတော်တစ်ခုပါပဲ။ ဒီပွဲတော်ကိုထိုင်းနိုင်မှာ ပုံမှန်ကျင်းပနေကျဖြစ်ပြီးဒီပွဲတော်ကာလမှာ ပါဝင်ဆင်နွှဲသူတွေဟာ အသားငါးကိုရှောင်ရှားပြီး မကောင်းတာမှန်သမျှကို ရှောင်ရှားတဲ့ကာလပါ။ ထူးခြားပြီးကြောက်စရာကောင်းတာက ဒီပွဲတော်ရာသီမှာပါဝင်ဆင်နွှဲသူတွေဟာ သူတို့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်နေရာရာကို ဖောက်ထွင်းထားခြင်းပါပဲ။ ဒီလိုလုပ်တာဟာတရုတ်ဘုရားရဲ့ကောင်းချီပေးမှုကိုခံရတဲ့အပြင် သူတို့မှာရှိတဲ့မကောင်းတဲ့အရာတွေကိုလည်းစွန့်ထုတ်ပစ်ရာရောက်တယ်လို့သိရပါတယ်။ ဒီပွဲတော်ကို တစ်ခါကျင်းပလျှင် ၉ရက်ကျင်းပလေ့ရှိပါတယ်။

4. Phuket Vegetarian Festival

Phuket Vegetarian Festival

Kenya နိုင်ငံမှာကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ ခြင်္သေ့ကို အမဲလိုက်တဲ့ပွဲ့ပါ။ ဒီပွဲကိုအရွယ်ရောက်ပြီးသားယောက်ျားလေးတွေဝင်ရောင်ယှဉ်ပြိုင်ပြီး မယှဉ်ပြိုင်ခင်မှာ ပွဲအတွင်းခြသေ့င်္ကို ဘယ်လိုသတ်ရမလဲဆိုတာတွေကို လေ့လာသင်ယူရပါတယ်။ ခြသေ့င်္ကို အရင် ဖမ်းမိပြီးသတ်မိတဲ့သူဟာ အောင်နိုင်သူဖြစ်ပြီး ဒီအမျိုးသားဟာသူတို့နယ်တစ်ခွင်မှာတော့ သတ္တိရဲရင့်တဲ့ ယောကျာ်းကောင်း မိသားစုကိုကာကွယ်နိုင်သူတစ်ယောက်လို့အသိမှတ်ပြုခြင်းခံရပါတယ်။

5. Walking On Burning Coals

Walking On Burning Coals

တရုတ်နိုင်ငံရဲ့ ဟိုး Long Long agos က အယူသီးမှုတစ်ခုလို့ဆိုရမှာပါပဲ။ အမျိုးသမီးတွေဟာအိမ်ထောင်ကျပြီးလို့ကိုယ်ဝန်ဆောင်ရချိန်မှာ သူတို့အမျိုးသားဟာသူတို့ကို မီးနင်းတဲ့နေရာဆီခေါ်ဆောင်သွားပြီးမီးနင်းခိုင်းပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း နာကျင်မှုကိုကြံ့ကြံ့ခံနိုင်အောင်အစတည်းကကြိုလေ့ကျင့်ပေးထားတဲ့သဘောပါ။ အမျိုးသားတွေကလည်းတစ်ဖန်နင်းရပါသေးတယ်။ သူတို့နင်းတဲ့ အယူအဆကတော့ ရန်သူတွေ နတ်ဆိုးတွေရဲ့အန္တရာယ်ကနေကာကွယ်နိုင်မယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ မီးသွေးကျောက်ပေါ်ကို အပူခံနင်းခဲ့ကြတာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations