တကယ်ကို လုပ်ပုံကိုင်ပုံကအတုယူစရာပါပဲ...

အစားသောက်ဆိုတာ ဒီလိုမရှိရှိတာတွေနဲ့ ပေါင်းစပ်ပြီးဖန်တီးလို့ရတယ်ဆိုတာကိုသက်သေပြခဲ့တာပါပဲ.. တရုတ်နိုင်ငံတောင်ဘက်အခြမ်းကျေးလက်ဒေသနေိုင်သူ ကောင်မလေးDianxi Xiaoge ဟာ အဖိုးလင်မယားနဲ့ကြီးပြင်းနေထိုင်ခဲ့သူလေးပါ။ 

သူတို့ကျေးလက်ဒေသ အစားစာတွေကို ပဲ မိသားစုအတွက် ကျွေးမွေးနိုင်ခဲ့ပြီး ကျေးလက်ထုံစံအတိုင်း ထူးထူးဆန်းဆန်း အစားစာတွေမရနိုင်ခဲ့ပါဘူး။ ဟန်ဘာဂါကို TV ထဲမှာသာမြင်ဖူးတဲ့အဖိုးလင်မယားကို လုပ်ကျွေးချင်စိတ်ဖြစ်မိတာကြောင့် ပထမဦးဆုံးစမ်းသပ်တဲ့အ နေနဲ့သူမစိုက်ခင်းထဲက အသီး  တွေရယ်သူတို့ဒေသထွက်ပစ္စည်းတစ်ချို့ရယ်ကိုသုံးပြီး  အမဲသား ဘာဂါ ကိုဖန်တီးပြုလုပ်ခဲ့ပါတယ်။ 

ဘယ်လို ပစ္စည်းတွေ ကိုသုံးပြီး ဘယ်လိုအရာတွေနဲ့ အရသာရှိအောင် ဘာဂါကောင်းတစ်ခုကိ ကျေးလက်သူလေးဖန်တီးထားလည်းဆိုတာ အောက်က Video မှာ မှင်သက်စွာမြင်တွေ့ရမှာပါ...သူမရဲ့အချစ်မေတ္တာတွေနဲ့ပြုလုပ်ထားတဲ့ ဘာဂါဟာ သူမမိသားစု အတွက်တော့သိပ်ကို အရသာရှိတဲ့ ဘာဂါတစ်ခုဖြစ်မှာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations