မြန်မာမှန်ရင် မစားရမ နေနိုင်အစားစားတွေကို ပြပါဆိုရင်...

1. လက်ဖက်

လက်ဖက်

မြန်မာလူမျိုးတွေရဲ့သုံးပုံပုံ ၂ပုံကျော်လောက်ကတော့ လက်ဖက်ကို ကြိုက်ကြမယ်ဆိုတာသေချာပါတယ်။ လက်ဖက်ကောင်းကောင်းစားချင်ရင်

ပလောင်တောင်တတ်နှေးရတဲ့ဆိုတဲ့စကားအတိုင်း လက်ဖက်ကောင်းရဖို့အတွက် ခက်ခဲပါတယ်။ ဒီလိုခက်ခဲတဲ့စားသောက်ကုန်ကောင်းတစ်ခုကို

လည်းကျွန်တော်တို့မြန်မာပြည်မှာသာတွေ့ရမှာပါ။ လက်ဖက်ဆိုတာ မြန်မာ့ကျေးလက်တောရွာပါမကျန်မြို့ကြီးသားမြို့ကြီးသူတွေပါနှစ်ခြိုက်ရတဲ့

အစားစာတစ်ခုပါ။ ဟင်းမပါရင်တောင် လက်ဖက်သုတ်လေးများသုတ်ပြီးစားလိုက်ရရင်တော့ဖြင့် ဘယ်လိုတောင်ထမင်းမြိန်လိုက်သလဲဆိုတာ

လက်ဖက်ကြိုက်သူတွေကောင်းကောင်းကြီးနားလည်ပါတယ်။

2. သရက်

သရက်

အသီးမှာသရက်ဆိုတဲ့စကားအတိုင်းမြန်မာလူမျိုးအများစု ကြိုက်နှစ်သက်ကြတဲ့ အသီးကတော့သရက်သီးပါပဲ။ သရက်သီးစစ်စစ်ရဲ့အရသာဟာ ဘယ်အသီးမှ

လိုက်မမှီလောက်အောင်ကောင်းလွန်းပါတယ်။ အစိမ်းလေးကို ပါးပါးလေးပေါက်ပြီး ငံပြာရည်၊ငရုတ်သီးလေးနဲ့ပဲပေါက်စားမလား၊ ဒီလိုမဟုတ်ပဲ

အမှည့်ပေါတဲ့မိုးရာသီလိုမျိုးမှာ ထမင်းဖြူလေးနဲ့သရက်သီးမှည့်အေးအေးလေးနဲ့စားမလား ...အမလေး ...ရေးနေရင်းတောင်သွားရေကျချင်စရာပါပဲနော်။

3. ငါးပိရည်တို့စရာ

ငါးပိရည်တို့စရာ

ငါးပိကို မကြိုက်တဲ့သူတွေကနှာခေါင်းတစ်ရှုံ့ရှုံ့နဲ့ဖြစ်တတ်ကြပင်မဲ့ ဗမာလူမျိုးတော်တော်များများကတော့ငါးပိရည်နံ့လေးဆိုရင်

နံတယ်မထင်ပဲသင်းသင်းလေးနဲ့မွှေးလိုက်တာလို့တောင်ထင်တတ်ကြတာမျိုးပါ။ ထမင်းစားမမြိန်တဲ့အချိန်များ ငါးပိရည်လေနဲ့တို့စရာအစုံလေးပဲ

လာချကြည့်မမြိန်တဲ့ခံတွင်းကချက်ချင်းတွေစားလို့သောက်လို့ကောင်းနေမှာမျိုးပါ။ မြန်မာနိုင်ငံမှာသာအထူးဆန်းတွေ့ရမဲ့ ဟင်းတစ်ခုဆိုလည်းမမှားနိုင်ပါဘူး။

4. ဘဲဥချဉ်ရည်ဟင်း

ဘဲဥချဉ်ရည်ဟင်း

ဘဲဥပဲကုလားဟင်း၊ဘဲဥချဉ်ရည်ဟင်းတို့များဆိုရင် ဘယ်လောက်စားစားမရိုးတဲ့သူတွေရှိပါတယ်။ ဒီဟင်းလေးကို ငံပြာရည်ကြော်လေးဒါမှမဟုတ်ဆားထောင်းလေးနဲ့

စားမယ်ဆိုရင် ပိုပြီးတော့တောင်မိုက်သေး။ ရက်ကွက်ထဲကစတုဒီသာလိုအလှူမျိုး၊ တောရွာတွေကမင်္ဂလာပွဲ ရှင်ပြုပွဲတွေမှာဆိုလည်း အမြဲမပါမဖြစ်ပါတဲ့

ဟင်းတစ်မျိုးပါပဲ။

5. မုန့်ဟင်းခါး

မုန့်ဟင်းခါး

မြန်မာလူမျိုးတော်တော်များများရဲ့ အကောင်းဆုံး Breakfast ဆိုလည်းမမှားပါဘူး။ မုန့်ဟင်းခါးဆိုတာ တောရွာတွေမှာတော့မင်္ဂလာပဲဆောင် ဆောင်အလှူပဲလုပ်လုပ် နောက်ဆုံးဖွဟဲ့...အသုဘမှာတောင်

ကိုယ်တွေမြန်မာအစားစာမုန့်ဟင်းခါးက အရေးပါပါတယ်။ မနက်လင်းလာရင်များ မုန့်ဟင်းခါးပူပူပျစ်ပျစ်လေးနဲ့ လက်ဖက်ရေလေးမှမသောက်ရရင်

ဘာလိုနေမှန်းမသိတဲ့ မြန်မာလူမျိုးတစ်ချို့လည်းရှိကြတာအသေချာပါပဲ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations