အိုင်ဒီယာကောင်းကောင်းလေးလို့ပဲပြောရမလား....

ဖိလစ်ပိုင်နိုင်ငံမှာဖွင့်လှစ်ထားတဲ့ Cafe Editha ဆိုတဲ့ဆိုင်လေးဟာ ကောင်းသောစိတ်ဝင်စားခြင်းနဲ့လူတော်တော်များများရဲ့စိတ်ဝင်စား

အားပေးမှုကို ရရှိနေတဲ့ဆိုင်လေးပါ။ စိတ်ဝင်စားဆို မကြာသေးခင်က ဒီဆိုင်လေးမှာ အအေးသောက်ဖို့အသုံးပြုတဲ့ပိုက်ကို အုန်းသီးရွက်နဲ့လုပ်ထားတာပါပဲ။

အုန်းပင်က အုန်းရွက်နဲ့ပြုလုပ်ထားတဲ့ပိုက်ကို အသုံးပြုတာ ကြောင့်ပလတ်စတစ် သုံးစွဲမှုကို လျော့ချနိုင်တာ ကြောင့်ဒီလိုအိုင်ဒီယာဆန်းဆန်းလေးနဲ့

အုန်းရွက်ပိုက်ကိုပြောင်းလဲပြုလုပ်အသုံးပြုခဲ့ကြောင်း ဆိုင်ရဲ့မန်နေဂျာအမျိုးသမီးက ပြောပြခဲ့ပါတယ်။ သူမအပါအ၀င်ဝန်ထမ်းတွေဟာ ဆိုင်မဖွင့်ခင်မနက်ပိုင်းမှာ

အုန်းပိုက်တွေကို စနစ်တကျပြုလုပ်ကြပြီး အားလုံး Ready ဖြစ်ရင်တော့ဆိုင်စဖွင့်ပြီလို့ ပြောပြခဲ့ပါတယ်။ လုပ်ရတာလည်းမခက်သလိုစားသုံးသူတွေအတွက်လည်းအဆင်ပြေပြီး

ပလတ်စတစ်လည်းချွေတာသလိုဖြစ်တာ ကြောင့် ဒီအုန်းပိုက်လေးက သူတို့ဆိုင်ရဲ့ Signature တစ်ခုဖြစ်လို့နေပါတော့တယ်...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations