ကင်ဆာရောဂါဟာလူတိုင်းကို နာမည်ကြားတာနဲ့ခြောက်လန့်စေမဲ့ အရာတစ်ခုပါ။ ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ကင်ဆာရော၈ါဖြစ်ခြင်းမှကာကွယ်နိုင်အောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ဘာလိုအစားစားတွေက ကင်ဆာရောဂါကို ကာကွယ်နိင်လဲ...

1. ကြက်သွန်ဖြူ

ကြက်သွန်ဖြူ

 ကြက်သွန်ဖြူမှာ ကန့် ပါဝင်ပြီး အဲ့ဒီ ကန့်ရဲ့ဓာတ်ကြောင့် ခန္ဓာကိုယ်မှာ ရှိတဲ့ကင်ဆာကိုတွန်းလှန်နိုင်တဲ့ အရာတွေကို လှုံဆော်ပေးနိုင်တယ်လို့သိရပါတယ်။ လေ့လာတွေ့ရှိမှု တွေအရ ကြက်သွန်ဖြူစားခြင်းဟာ အစာအိမ်ကင်ဆာ အတွက် အရမ်းကို ထိရောက်တဲ့ဆေးတစ်မျိုးလို့သိရှိရပါတယ်။

2. ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း

 ပန်းဂေါ်ဖီစိမ်းဟာ ဆေးဖက်ဝင်ပြီးအထူးသဖြင့်ကင်ဆာ ရောဂါကို ကာကွယ်နိင်တယ်လို့သိရပါတယ်။ တစ်ခုရှိတာက စားတဲ့အခါ ပြုတ်စားတာမျိုး အသီးအရွက်ပြုတ်ရည်ထဲ ထည့်ပြုတ်တာမျိုး၊ အစိမ်းစားတာမျိုးကပိုထိရောက်တယ်လို့သိရပါတယ်။ ရေစင်အောင်ဆေးကြောပြီးသန့်ရှင်းလတ်ဆက်တဲ့ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါရဲ့ရန်သူတစ်ယောက်ပါပဲ။

3. အသီးဖျော်ရည်

အသီးဖျော်ရည်

အရည်ရွှမ်းတဲ့ အသီးဖျော်ရည်တစ်ခုကို မနက်တိုင်း သကြားနည်းနည်းနဲ့ဖျော်သောက်ခြင်းဟာ လည်ချောင်းကင်ဆာနဲ့ အစာအိမ်ကင်ဆာကို အထူးသဖြင့်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

4. ဆယ်မွန်ငါးကင်

ဆယ်မွန်ငါးကင်

 Australian ပညာရှင်တစ်ဦးရဲ့လေ့လာတွေ့ရှိချက် အရ ဆယ်မွန်ငါး ကင်ကိုတစ်ပတ်မှာတစ်ကြိမ် အနည်းဆုံး စားတဲ့သူတွေဟာ ကင်ဆာ ရောဂါနဲ့ဝေးဖို့ရာခိုင်နှုန်းများတယ်လို့သိရှိရပါတယ်။

5. ဂျင်း

ဂျင်း

 Michigan တက္ကသိုလ်ရဲ့တွေ့ရှိချက် အရ ဂျင်းဟာ ကင်ဆာဆဲလ်တွေရဲ့ ရန်သူအကြီးစားဖြစ်တယ်လို့သိရပါတယ်။ ဂျင်းမှာပါတဲ့သဘာဝဓာတ်တွေကြောင့် ကင်ဆာဆဲလ်တွေကို ကာကွယ်နိင်ပြီး အထူးသဖြင့်သားဥပြွန် သားအိမ်ခေါင်းကင်ဆာကို သေစေနိုင်တယ်လို့သိရပါတယ်။

ကင်ဆာဆဲလ်တွေကြောက်တဲ့အစားစာတွေကိုစားပြီး ကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်နိုင်ပါစေ...

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations