ကနေဒါတွင်နေထိုင်ကြသူကျောင်းသားကျောင်းသူကလေးများ အမှန်တကယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကနေဒါကျောင်းတစ်ချို့ရဲ့စိတ်ပျက်စရာကြောက်စရာ အမှန်တရားတွေကို စုစည်းတင်ပြလိုက်ပါတယ်....

1. မတူတူအောင်တွန်းအားပေးခံနေရခြင်း

မတူတူအောင်တွန်းအားပေးခံနေရခြင်း

 အသက်လေးနှစ်အရွယ်ကနေ ၁၈နှစ်အရွယ်အထိကျောင်းနေကလေးအားလုံးကို Euro-Canadian  ရဲ့ ရိုးရာပုံစံ အတိုင်းနေထိုင်ဝတ်စားခိုင်းတယ်လို့သိရပါတယ်။ ကျောင်းယူနီဖောင်းက အစ အားလုံးတစ်ထပ်တည်းတူအောင်ဝတ်ဆင်ခိုင်းကြရုံသာမကကလေးတွေဟာ သူတို့ရဲ့ ပင်ကိုယ်အတွေးအခေါ် ကိုယ်ပိုင်ယဉ်ကျေးမှုကို ချပြခွင့်မရှိပဲ တားမြစ်ခြင်းခံထားကြရတယ်လို့သိရပါတယ်။ ကလေးတွေရဲ့အသားအရေ ကအစ သဘာဝမကျသောနည်းလမ်းတွေနဲ့မတူတူအောင်လိုက်ညှိ၊ ဆံပင်တွေကိုက အစတူအောင်လိုက်ညှပ်ကြပြီး Euro-Canadian ရဲ့ပုံစံကို အတင်းသွင်းနေတာဖြစ်တယ်လို့သိရပါတယ်။ စာသင်ခန်းထဲမှာလည်း English နဲ့ French ဘာသာစကား နှစ်မျိုး ကိုသာအသုံးပြုရန်သတ်မှတ်ချက်ချလိုက်ပြီး ဒီဘာသာစကားနှစ်မျိုးစလုံးဟာ ကလေးတွေအတွက် မကျွမ်းကျင်သော ဘာသာစကားတွေဖြစ်တယ်လို့လည်းသိရပါတယ်။

2. မိဘတွေနဲ့ခွဲထားတယ်

မိဘတွေနဲ့ခွဲထားတယ်

 အရင်ခေတ်တွေထဲကအခုထို ကလေးတွေဟာ ကျောင်းကချမှတ်ထားတဲ့ စိတ်ပျက်စရာစည်းကမ်းတွေထဲမှာနေထိုင်နေရပါတယ်။ ကျောင်းအိပ်ကျောင်းစားသဘောမျိုးကျောင်းများမှာလည်း အသက်၁၈နှစ်မပြည့်ခင်အထိ မိဘဆွေမျိုးသားချင်းများနဲ့ပေးမတွေ့ပဲခွဲထားတာမျိုးရှိပါတယ်။ တစ်နှစ်တစ်ခါတစ်လတစ်ခါတောင်တွေ့ခွင့်မပေးပဲ စည်းကမ်းချိုးဖောက်ရန်ကြံစည်တဲ့မိဘတွေကို ရိုက်နှက်ဖမ်းဆီးပြီး ကလေးတွေကို အပြစ်ပေးပါတယ်လို့သိရပါတယ်။ ကံကောင်းတာကတော့ မောင်နှမအသားချင်းရှိတဲ့မိသားစုဟာ နောက်ထပ်ကလေးတစ်ယောက်ကိုပါပို့ပေးပြီးတူတူနေခိုင်းလို့ရပေမဲ့ဒါဟာလည်း သူတို့မသိခင်အချိန်ထိပါပဲ။ နောက်ပိုင်းကျရင် ဆွေမျိုး သားချင်းမှန်းသိသွားတဲ့အခါပြန်ခွဲထုတ် ခံရပါတယ်။ တစ်ခါတလေ မိဘတွေကို သတိရတဲ့အခါ စာလေးတွေအပြန်အလှန်ရေးပြီးကျောင်းကမယ်သီလဘရှင်၊ ဘုန်းကြီးတွေကတစ်ဆင့်ပေးခိုင်းလို့ရပါတယ်။

3. ဘ၀အတွက်ခိုင်မာမှုမရှိ

ဘ၀အတွက်ခိုင်မာမှုမရှိ

ကျောင်းတွေလို့သာဆိုရတယ် အရေ အတွက်သာများပေမဲ့ ဘာမှပြုပြင်ခြင်းထိန်းသိမ်းခြင်းမရှိတာကြောင့်ပြိုတာကပြို ပျက်တာကပျက်နဲ့ စိတ်ညစ်စရာကောင်းလှပါတယ်။ ဒါဟာလည်းရန်ပုံငွေ မလုံလောက်တာရယ်၊ စနစ်တကျ မခွဲခြမ်း မစိတ်ဖြာတက်တာရယ်ကြောင့် ကျောင်းတွေဟာ အရေအတွက်သာများပြီး ဘ၀အတွက်ဘာခိုင်မာမှုမှမရှိပါဘူး။ ကျောင်းသားတော်တော်များများဟာ လည်း နေ့စဉ် ကျောင်းသွားပြီးစာမသင်ရပဲ ချက်ပြုတ်စားသောက်၊ကစားပြီးပြန်လာရတာပဲများကြပါတယ်။

4. အစမ်းသပ်ခံအဖြစ်အသုံးပြုကြတယ်

အစမ်းသပ်ခံအဖြစ်အသုံးပြုကြတယ်

 တစ်ခါတလေစမ်းသပ်မှုတွေလုပ်တဲ့အချိန်မှာ အာဟာရချို့တဲ့သူကလေးတွေကို အသုံးချပြီး မိဘတွေရဲ့ခွင့်ပြုချက်မပါပဲနဲ့ အစိုးရနဲ့ပူးပေါင်းပြီး စမ်းသပ်ချက်တွေပြုလုပ်ကြပါတယ်။ အာဟာရ မရှိတဲ့ကလေးတွေကိုကျွေးမွေးပြုစုစောင့်ရှောက်ရမဲ့အစား အခုလို စမ်းသပ်ခံပစ္စည်းတွေလိုသဘောထားအသုံးပြုတာရင်နာစရာပါပဲ။

5. ရက်စက်တဲ့အပြစ်တွေပေးတယ်

ရက်စက်တဲ့အပြစ်တွေပေးတယ်

ဆရာနဲ့တပည့်ဆုံးမတာမျိုးမဟုတ်ပဲ ရက်ရက်စက်စက်နည်းလည်းတွေနဲ့ကလေးတွေကို အပြစ်ပေးကြပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ဘာသာစကားနှစ်မျိုးကလွဲပြီး တစ်ခြားစကားပြောမိတဲ့အခါထောက်ချွန်လိုဟာမျိုးကိုလျှာကိုထိုးပစ်တာမျိုး၊ လက်ကိုမီးနဲ့တို့တာမျိုး၊ ဓာတ်လိုက်အောင်လုပ်တာမျိုး၊ တွေပြုလုပ်တက်တယ်လို့သိရပါတယ်။

6. မုဒိန်းကျင့်ခံရခြင်း

မုဒိန်းကျင့်ခံရခြင်း

     ကလေးတွေအတွက်သိပ်ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးပါ။ ကျောင်းမှာရှိတဲ့ယောက်ျားလေးမိန်းကလေး မကျန် အနိုင်ကျင့်ခံရပြီး အထူးသဖြင့်ကျောင်းကဘုန်းတော်ကြီး အယောင်ဆောင်တွေ၊ ကျောင်းဝန်ထမ်း အလုပ်သမားတွေ အများစုရဲ့လက်ချက်ဖြစ်ပါတယ်။ မိန်းကလေးတော်တော်များများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ဗိုက်ကြီးကြပြီး အများစုဟာ ကိုယ်ဝန်ပျက်ကျပြီး တစ်ချို့ဆို အသက်ဆုံးရှုံးရတာမျိုးတွေပါရှိပါတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations