မိန်းကလေးတွေမှာကိုယ့်ချစ်သူယောက်ျားလေးကို ပဲဖြစ်ဖြစ် တစ်ခြားယောက်ျားလေးတစ်ယောက်ကို ပဲဖြစ်ဖြစ် အမြင်ကတ်ပြီး မုန်းမိတဲ့အချက်လေးတွေရှိတက်ကြပါတယ်။ ဆိုတော့ဘယ်လိုအချက်တွေကို မိန်းကလေး အများစုက မုန်းတက်ကြတာလဲ...

1. သူတို့ကို ဘာမှမမေးတဲ့သူမျိုး

သူတို့ကို ဘာမှမမေးတဲ့သူမျိုး

 မိန်းကလေးတွေဟာ သူတို့ကို အစဉ်အမြဲဂရုစိုက်ပြီး သူတို့ရဲ့လုပ်ငန်းဆောင်တာကို အမြဲမေးနေတဲ့သူမျိုးကို လိုချင်ကြတာပါ။ ဥပမာ ထမင်းစားပြီးပြီလားတို့နေကောင်းလား၊ဘယ်လိုနေသေးလဲ ဘာညာ ဆိုပြီး မေးမြန်းတက်သူကိုသာသဘောကျတက်ကြတာပါ။ သူတို့ကို ဘာမေးခွန်ုးမှမမေးတက်ပဲ အမြဲလိုလို ငြိမ်နေတဲ့အခါသူတို့ကို ဥပက္ခာပြုတယ် ဆိုပြီးမုန်းတက်ကြပါတယ်။

2. ဆုံတဲ့အချိန်မှာဖုန်းထိုင်သုံးတဲ့သူမျိုး

ဆုံတဲ့အချိန်မှာဖုန်းထိုင်သုံးတဲ့သူမျိုး

ကိုယ်နဲ့တွေ့ဖို့ချိန်းထားတဲ့အချိန်ကိုယ့်ကောင်လေးက ဖုန်းထိုင်သုံးနေရင် မိန်းကလေးတိုင်းက သူတို့ကို ဂရုမစိုက်ဘူး အလေး မထားဘူးလို့ထင်ပြီး မုန်းတက်ကြပါတယ်။တီတီတာတာလေးပြောရမဲ့အချိန် ကြည်ကြည်နူးနူးလေး နေရမဲ့အချိန်မှာ ဖုန်းထိုင်သုံးနေတဲ့ယောက်ျားလေးကို မိန်းကလေးတိုင်းစိတ်ခုပါတယ်။

3. ဘယ်တော့မှရယ်မောခြင်းမရှိတဲ့ယောက်ျား

ဘယ်တော့မှရယ်မောခြင်းမရှိတဲ့ယောက်ျား

အလကားနေ မျက်နှာပြောင်ပြီးရယ်နေတာမျိုး မဟုတ်ပဲ တစ်ခါတစ်ခါစကားပြောရင်းလွတ်လွတ်လပ်လပ်ရယ်မောတက်တဲ့ယောက်ျားမျိုး ကိုသဘောကျတက်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ အမြဲရုပ်တည်ကြီးနဲ့ ဘယ်တော့ မှရယ်ရယ်မောမောမရှိတက်တဲ့ယောက်ျား တွေကို အမြင်ကတ်မုန်းတီးတက်ကြပါတယ်။

4. စကားပြောရင် မျက်နှာကြည့်မပြောတက်တဲ့ယောက်ျား

 စကားပြောရင် မျက်နှာကြည့်မပြောတက်တဲ့ယောက်ျား

အတူတူ စကားပြောနေတဲ့အချိန်မှာ မျက်နှာချင်းဆိုင်စကားမပြောတက်ပဲ မျက်နှာလွဲ မျက်နှာရှောင်ပြီး စကားပြောတက်တဲ့ယောက်ျားမျိုးကို မိန်းကလေးတွေကအမြင်ကတ်ကြပါတယ်။ စကားပြောရင် မျက်နှာကြည့်မပြောတာဟာသူတို့ကို တန်ဖိုးမထားတာ မလေးစားတာလို့မိန်းကလေးတော်တော်များများ ကသတ်မှတ်တက်ကြပါတယ်။ ဒါကြောင့် ဒီလို ကောင်လေးမျိုးကို မိန်းကလေးတွေမုန်းတက်ကြပါတယ်။

5. ညစ်ပတ်တဲ့ယောက်ျား

 ညစ်ပတ်တဲ့ယောက်ျား

 မိန်းကလေးတွေဟာ သန့်သန့်ပြန့်ပြန့်နေတက်တဲ့ယောက်ျားမျိုးကိုသဘောကျတက်ကြပါတယ်။ ဘယ်လောက်ပဲ ချောနေကြည့်ကောင်းနေပါစေ ညစ်ညစ်ပတ်ပတ်နေတက်ပြီးခန္ဓာကိုယ် ကအနံ့ထွက်နေတက်တဲ့ယောက်ျားလေးမျိုးကို မုန်းတီးတက်ကြပါတယ်။      

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations