ဘာလို့ ရေမွှေးစွတ်သွားသင့်တာလဲဆိုတော့....

ပထမဆုံး ဒိတ်အတွက် ပြင်ဆင်ရတာ အရမ်းဖိအားများပါတယ်။ ကိုယ့်ကိုမြင်လိုက်တာနဲ့ သူ့ရဲ့ အတွေးထဲ ကိုယ်ဟာပြည့်စုံနေစေချင်တယ်.. အရေပြားကိုကြည့်လိုက်ရင် အပြစ်နာဆာ ကင်းမဲ့ပြီး ၊ ဝတ်စားပုံကအစ ကြော့ရှင်း စတိုင်လ်ကျနေချင်တယ်။ ဒီအပြင်ဆင်တွေနဲ့တင် တစ်ဖက်သားရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်အမူရာ၊ အပြုမူတွေကလည်း လိုသေးတယ်။ သင်းပျံတဲ့ ရေမွှေးနံ့က တစ်ဖက်သားအမြင်မှာ ကိုယ်ဟာဘယ်လောက်ထိ အရေးပါလည်းဆိုတာကိုစာဖတ်သူများအတွက် မျှဝေပေးလိုက်ပါတယ်။ 

သင့်ရဲ့ယုံကြည်မှုကို ပိုတိုးပွားစေတယ်..

ပထမဆုံးဒိတ်မှာ အရမ်းယစ်မူးသွားစေမယ့် ရေမွှေးနံ့မျိုး စွတ်သွားစရာမလိုပါဘူး။ အနံ့သင်းသင်းလေးဆို ရပါပြီ။ ကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးနံ့မျိုးကို ရွေးချယ်ပါ။ ထိုအနံ့လေးကြောင့် သင့်ကိုတစ်ဖက်လူက တော်တော်နဲ့မေ့နိုင်မှာမဟုတ်ဘူး။ 

ကိုယ်ရည်ကိုယ်သွေးကိုပြသ

သင်းပျံ့ တဲ့ရေမွှေးနံ့ကြောင့် သင်ဟာရိုမန်တစ်ဆန်ပြီး Sweet ဖြစ်တယ်.. ပထမဆုံးအကြိမ်မှာတင် Impression ကောင်းတစ်ခုကိုရနိုင်တယ်။ သင်ဟာဘယ်လိုလူမျိုးလဲဆိုတာ ရေမွှေးအနံ့နဲ့ စကားပြောပုံကိုကြည့်ပြီး သူခွဲခြားဆန်းစစ်ပါလိမ့်မယ်။ 

သူ့မျက်လုံးထဲ သင်ဟာဆွဲဆောင်မှုရှိ

လေ့လာမှုများအရ ရေမွှေးနံ့ဟာ လှပခြင်းကို တစ်ဆင့်ပိုကဲစေတယ်လို့သိရတယ်။ လူတစ်ယောက်မှာ ကိုယ်သင်းနံ့တစ်ခုဆီတော့ ရှိသင့်တယ်လေ။ သင့်ရဲ့ကိုယ်သင်းနံ့ဟာ သူ့ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ နည်းလမ်းတစ်ကောင်းတစ်ခုပါပဲ။ 

စွဲထင်ကျန်ရစ်နေစေမယ့် အမှတ်တရ

ရေမွှေးစွတ်ထားရင် အဲ့ဒီအနံ့က သူ့ကားထဲမှာကျန်ခဲ့တာဖြစ်ဖြစ် ၊ သူ့အကျီ င်္မှာပဲဖြစ်ဖြစ် စွဲထင်ကျန်ရစ်နေပြီဆိုရင် ဒါဟာ သင်တို့နှစ်ယောက်ရဲ့ဒိတ်ကိုပြန်လည်အမှတ်ရစေတယ်ဆိုလည်း မမှားပါဘူး။ နောက်ထပ်သင်နဲ့ သူထပ်ပြီး ဒိတ်လုပ်ဖို့ စီစဉ်ပါလိမ့်မယ်။ ကဲ ဘယ်လိုရေမွှေးမျိုး စွတ်ရမလဲဆိုတာကိုတော့ ကိုယ့်ဘာသာရွှေးချယ်နိုင်ကြပါစေ.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations