ဟိုးအရင်ခေတ်တည်းက အမေတွေသာလျှင် ကလေးတွေကိုစောင့်ရှောက်ဖို့အကောင်းဆုံးလို့ သတ်မှတ်ထားကြတယ်။ အရင်တုန်းကတော့ ယောက်ျားတွေက အပြင်ထွက်အလုပ်လုပ်ရင် မိန်းမတွေက အိမ်မှာကလေးထိန်း ၊ အိမ်အလုပ်လုပ်ရတာပေါ့။ အခုတော့ မိန်းမတွေပါအလုပ်ထွက်နေပြီဆိုတော့ ကလေးကို သူပဲထိန်းရမယ်..၊ ငါပဲထိန်းရမယ်ဆိုတာတွေ မသတ်မှတ်တော့ပါဘူး။ ဒါပေမယ့် အမေတွေလက်ထဲမှာ ကလေးက ပြုစုခံရရင်တော့ ပိုကောင်းတာပေါ့။ ဘာဖြစ်လို့ အဖေတွေ ကောင်းကောင်းမပြုစုပေးနိုင်တာလဲ? အဖေနဲ့ပဲ ကြီးပြင်းလာရတဲ့ ကလေးတွေအများကြီးပါ။ ဒါပေမယ့် အဖေတစ်ယောက်ဆိုတာ အပြင်မှာပဲ အလုပ်လုပ်ရတာများတာကိုး။ ကလေးထိန်းတဲ့အလုပ်ဆိုတာ သူတို့နဲ့မှမရင်းနှီးတာ။ ဒီတော့ ဖေဖေတွေကို ကလေးထိန်းခိုင်းမယ်ဆိုဒီပုံလေးတွေကို အရင်ကြည့်လိုက်ပါဦး... ရယ်လည်းရယ်ဖို့ကောင်းသလို၊ အပြစ်တင်ရလည်း ခက်နေမယ်....
ယောက်ျားရင့်မာကြီးတွေဟာ ကလေးလေးတွေနဲ့တွေ့ရင် ဘယ်လိုတောင် ပေါတောတော ၊ ချာတာတာနိုင်သွားလဲဆိုတာ ဒီပုံတွေကြည့်သိမှာပါ။ ဇနီးမယားတွေလည်း ကိုယ့်လင်တော်မောင်တွေကို ပိုပြီးချစ်သွားပြီဟုတ်.. !
တစ်ချို့ ကလေးတွေက အဖေကိုကြောက်ကြတယ်.. ဒါပေမယ့် အဖေတွေဟာ အမေတွေမသင်ပေးနိုင်တဲ့အရာတွေကို သူတို့သင်ပေးနိုင်တယ်။ သားသမီးတွေရဲ့အန္တရာယ်ကို အရှေကမားမားမတ်မတ်ကာကွယ်ပေးနိုင်တာလည်း အဖေပါပဲ။
ဒီပုံလေးတွေကြည့်လိုက်တော့ သားသမီးကိုစောင့်ရှောက်တဲ့အလုပ်ဆိုတာ အဖေတွေလည်း တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်ဆိုတာ သိလိုက်ရတယ်။ သူ့နည်း သူဟန်နဲ့တော့ ဟန်ကျနေတာပဲလေ။ ဖေဖေတွေ ချစ်ဖို့ကောင်းရဲ့လား... xD
Facebook Conversations