သူ့သားက ထိုရုပ်ရှင်တွေအပေါ် တော်တော်စွဲလန်းနေလို့ ဒီလိုဖြတ်ပစ်လိုက်ရကြောင်းပြောပြ...

အွန်လိုင်းမှာ အပြာကားတွေကြည့်နေတဲ့ သားရဲ့ညာဘက်လက်ကို ဖြတ်လိုက်တဲ့ အဖေအား ဖမ်းဆီးလိုက်ပါပြီ။ 

အိန္ဒိယနိုင်ငံ Hyderabad, Telangana မှာနေထိုင်တဲ့ အသက် ၄၅နှစ် Mohammad Qayyum Qureshi ဟာ တနင်္လာနေ့တွင် ရဲများအား သူပြစ်မှုကျုးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ 

ပြစ်မှုကျုးလွန်ချိန်မှာ ဓားနဲ့ သားဖြစ်သူရဲ့လက်ကောက်ဝတ်ကနေ ဖြတ်ခဲ့ပါတယ်။ ချက်ချင်းပဲ ကောင်လေးကို ဆေးရုံသို့်ပို့ဆောင်ခဲ့ရတယ်။ အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ် ၃ဝ၇အရ Mohammad ကို လူသတ်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ လက်ဖြတ်ရခြင်းအကြောင်းကိုမေးတော့ သူ့သားဟာ အပြာကားတွေပေါ် အစွဲလမ်းကြီးလွန်းနေတာကြောင့်လို့ပြောပါတယ်။ အရင်ကလည်း အကြိမ်ကြိမ် သတိတွေပေးခဲ့ပါတယ်။ သားဖြစ်သူဟာ ကြေးနန်း အော်ပရေတာမှာအလုပ်လုပ်နေတာဖြစ်ပြီး တနင်္ဂနွေနေ့တွင် သူ့ရဲ့စမတ်ဖုန်းတွင် အပြာကားကြည့်နေတာကို မိသွားတာဖြစ်ပါတယ်။ 

ဒီလောက်တောင် ကြည့်ရမလားဆိုပြီး အဖေဖြစ်သူက ဒေါသထွက်ကာ ဓားနဲ့ခုတ်ထစ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အော်သံကြားလို့ အခြားမိသားစုဝင်တွေက ချက်ချင်း ဆေးရုံပို့ပေးခဲ့တယ်။ ကံကောင်းစွာနဲ့ သူ့ရဲ့အသက်အတွက်တော့ အန္တရာယ်မရှိခဲ့ပါဘူး။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations