ယောက်ျားလေးအများစုဟာ ပြေးခုန်ပစ် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မျိုးကို ပိုသဘောကျတယ်လို့ မကြာသေးခင်က လေ့လာတစ်ခုမှာသိရပါတယ်။ အခုခေတ်မှာလည်း လူအများစုဟာ fit ဖြစ်တဲ့ ခန္ဓာကိုယ်မျိုးကို နှစ်သက်လာကြတယ်။ ဒီလိုခန္ဓာကိုယ်မျိုးကို လှပတဲ့မျက်နှာထားလေးနဲ့ တွဲဖက်လိုက်တော့ လူအများငေးမောရတဲ့ အလှဘုရင်မအဖြစ်သတ်မှတ်ခံရပြီပေါ့။
အခုနာမည်ကြီးနေတဲ့ ရုရှားမှ ဘောလီဘော စတား Alisa ကို မင်းသမီးနဲ့ မှားနေကြပေမယ့် တကယ်တော့ သူမဟာ ပြေးခုန်ပစ် အားကစားသမား ဖြစ်ပါတယ်။
ရုရှား Miss ပြိုင်ပွဲမှာ သူမသွားရောက်ယှဉ်ပြိုင်တော့ ၂၀၁၃ Miss Primorye Beauty Contest မှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ၂၀၁၆မှာတော့ အိန္ဒိယ နယူးဒေလီတွင် ကျင်းပတဲ့ Supermodel International မှာ ရုရှားကိုယ်စားပြုအလှမယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
Alisa မိသားစုဟာ အားကစားကို တော်တော်လိုက်စားပါတယ်။ သူမအမေကလည်း ဘစ်စကတ်ဘော အဖွဲ့ဝင်ဖြစ်ပြီး သူမအဖေကတော့ာ ဥရောပ ရေကူးချန်ပီယံဆုကို နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ရုရှား Junior National Team ရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။
Alisa ကတော့ အားကစား လောကနေစွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး မော်ဒယ်အလုပ်ကိုပဲ ရွေးချယ်ခဲ့တယ်။ အခုဆို အသက် ၂၁နှစ်နဲ့ ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်နေပြီး အရပ်က ၅ပေ ၁၁လက်မ ရှိပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာကျင်းပတဲ့ Supermodel International contest မှာလည်း မကြာသေးခင်က ဆုနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Facebook Conversations