ဒီလိုစိတ်တွေ ယိမ်းယိုင်နေခဲ့တာအတွက်လည်း သူမစိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပါတယ်..

ထိုင်း Porn မော်ဒယ် Kesarin Chaichalermpol ဟာ မကြာသေးခင်က သူမရဲ့ ခင်ပွန်းဖြစ်သူ မီလျံနာသူဌေးကြီးနဲ့ ကွာရှင်းခဲ့ပြီးနောက် လွန်ခဲတဲ့ ကြာသပတေးနေ့က ၅နှစ်လုံးလုံး သူတို့ကြားမှာ အိမ်ထောင်ရေးသာယာမှုမရှိခဲ့ကြောင်းဖွင့်ပြောလာပါတယ်။

အသက် ၃၃နှစ် ထိုင်းအပြာမင်းသမီးဟာ သူမရဲ့Nickname က Nong Natဖြစ်ပါတယ်။ သူမယောက်ျားကို ဦးလေးတစ်ယောက်လိုသာ သဘောထားခဲ့ပါတယ်တဲ့။ 

အမှန်တိုင်းပြောရရင် သူတို့လက်ထပ်ခဲ့ပေမယ့် လိင်ဆက်ဆံခြင်းမရှိခဲ့ပါဘူးလို့ သူမက ဆိုပါတယ်။ ကျွန်မတို့ မကြိုးစားခဲ့တာမဟုတ်ပါဘူး။ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုနည်းနဲ့ သူ့ကို ကျွန်မမချစ်နိုင်ဘူး။ ကျွန်မက သူ့ကို ဦးလေးတစ်ယောက်လိုပဲ လေးစားမှုရှိနေတယ်လို့ ဆိုပါတယ်။ ဦးလေးလို သဘောထားရတဲ့လူတစ်ယောက်နဲ့တော့ တစ်ကုတင်တည်း မအိပ်နိုင်တော့ဘူးတဲ့။ 

သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာမှာ နာကျင်အောင်လုပ်နေသလိုပဲ အဖက်တင်တယ်လို့ ပြောပါတယ်။ သူအိပ်ယာပေါ်မှာ အိပ်ရင် ကျွန်မ ဆိုဖာခုံပေါ်မှာပဲ အိပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကွာရှင်းခဲ့ပေမယ့် Nong ဟာ ယာက်ျားဆီကနေ သူမပိုင်ဆိုင်ခွင့်နဲ့ပတ်သတ်ပြီး ဘာမှမမျှော်လင့်ထားဘူးလို့ သိရပါတယ်။ သူမကိုယ်သူမ ရပ်တည်နိုင်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် Nong နဲ့ပတ်သတ်ပြီး အံ့သြစရာတစ်ခုက သူမဟာ lesbian တစ်ယောက်ဖြစ်နေတာပါပဲ။ သူမစိတ်တစ်ခုလုံးက ဒီဘက်ကို ယိမ်းယိုင်နေခဲ့တာကိုလည်း စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ သူမနဲ့အခုလက်ရှိတွဲနေတဲ့ မိန်းကလေးဟာ အသက် ၂၄နှစ် ဗီယမ်နမ်မိန်းက်ေလးတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်စတာဂရမ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ 

“She’s only 24 — nine years younger than me. I never thought I’d be dating such a lovely and beautiful girl. She came in when my heart needed someone, who has true feelings for me and respects me. From now on, I have to work hard, save money, and fly to you every month. #MyLittleVietnameseGirl.”

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations