ဆယ်ကျော်သက်ပဲရှိသေးတဲ့ သူ့ရဲ့ မယုံနိုင်စရာလုပ်ရပ်ဟာ အားလုံးကိုကြက်သီးထစေခဲ့...

အသက် ၁၉နှစ် Chan Tung-kai ဟာ ပြီးခဲ့တဲ့လက ထိုင်ဝမ်ရထားဘူတာတွင် ချစ်သူကောင်မလေးကိုသတ်ပြီး ခရီးဆောင်အိတ်ထဲထည့်ကာ လာပစ်ထားခဲ့ပါတယ်။ 

မတ်လ (၁၃)ရက်နေ့ ညနေ ၆နာရီမှာ သူ့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကောင်မလေးဟာ အသက် ၂ဝ ၊  Poon Hiu-wing လို့သိရပြီး ည ၉နာရီ ၄ဝမိနစ်တွင် ထိုင်ဝမ် ရဲများ သူမအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁၃ရက်နေ့က သူတို့အတူတူခရီးသွားကြပြီး Taipei က Purple Garden ဟော်တယ်မှာ တည်းကြပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ၁၇ရက်နေ့မှာတော့ Chan တစ်ယောက်တည်း ပြန်လာခဲ့တယ်။ Chan ဟာ သူဆွဲလာတဲ့ ခရီးဆောင်အိတ်ကြီးကို New Taipei မြို့ က  Zhuwei metro ရထားဘူတာမှာ ပစ်ထားခဲ့ပါတယ်။ 

Chan ကိုသံသယဝင်နေတဲ့ ကောင်မလေးအဖေက ရဲကိုတိုင်ကြားခဲ့ပါတယ်။ ရဲတွေလာရောက်စစ်ဆေးတော့ သူမသိဘူး။ ကောင်မလေးနဲ့ သူပြတ်သွားပြီလို့ ငြင်းဆိုပါတယ်။ သူမ ဘယ်မှာလဲဆိုတာ ကျွန်တော်မသိဘူးလို့ ပြောပါတယ်။ ဟောင်ကောင်မှရဲတွေ ထိုင်ဝမ်ထိရောက်လာပြီး ထိုအမှုကို ခြေရာခံစုံစမ်းခဲ့တယ်။ ဟော်တယ်က စီစီတီဗီမှတ်တမ်းမှာ Chan ကိုင်ထားတဲ့ ခရီးဆောင်အိတ်ကြီးကို သတိထားမိခဲ့တယ်။ 

ခရီးဆောင်အိတ်ကို လိုက်လံရှာဖွေတော့ ရထားဘူတာမှပစ်ထားခဲ့တာတွေ့ရပါတယ်။ အထဲမှာ သူမအလောင်းကိုထည့်ထားတာပါ။ ဘာကြောင့် သတ်လဲဆိုတာသတင်းတွေမှာ ဖော်ပြထားခြင်းမရှိသလို Chan ကိုသက်ဆိုင်ရာတွေမှ ဥပဒေအရအရေးယူဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations