ယနေ့ မတ်လ ( ၂၃)ရက်နေ့ မနက်ပိုင်းမှာ အသက်(၂)နှစ်အရွယ် ကလေးကို တရားခံ အသက် (၂၅)နှစ် ဖြိုးထက်အောင်က ဝန်စုရွာအနီး ငှက်ပျောတောတွင် အဓမ္မာပြုကျင့် သတ်ပစ်ခဲ့တဲ့အမှုကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် တရားရုံးတွင် အမိန့်ချခဲ့ပါတယ်။
မန္တလေးတိုင်း ၊ မတ္တရာမြို့ နယ်ရှိ ကျေးရွာမှ (၂)နှစ်အရွယ် ကလေးငယ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီတွင် အဓမ္မာပြုခဲ့ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ တရားခံ ဖြိုးထက်အောင်ကိုပုဒ်မ ၃ဝ၂ (၁)(ဂ)နဲ့ စွဲချက်တင်ခဲ့ပြီး မတ်လ(၁၂)ရက်နေ့နှာ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်း (၆)ချိန်းမြောက်မှာ အမိန့်အပြီးသတ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
Sources : The Irrawaddy - Burmese Edition & 7Days News Journal
Facebook Conversations